
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ယနေ့ ၂၁၊ ၅၊ ၂၀၁၂ ၊ (လျှပ်စစ်ရုံး) ရှေ့မှာ ၂၄ နာရီ လျှပ်စစ်မီးလင်းရေးအတွက် မုံရွာမြို့ခံများက ဖယောင်းတိုင်မီးများ ကိုင်ဆောင်ကာ ပထမဆုံးနေ့အဖြစ် ဆန္ဒထုတ်ဖော်နေကြပါတယ်။

မုံရွာမြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ ဖယောင်တိုင်များကိုင်ဆောင်ကာ ၂၄ နာရီ မီးလင်းရေး ဆန္ဒပြသူများ ဖြတ်လျှောက်သွားစဉ် ၊ ဓာတ်ပုံ၊ Ayemyamya Lwin's facebook
ည ၈ နာရီလောက်က စတင်ပြီး မုံရွာမြို့သူ၊ မြို့သားတွေ စုစုပေါင်း ၅၀၀၀ ခန့် ရှိမယ်လို့ ခန့်မှန်းပြောဆိုကြပါ တယ်။



မန္တလေးမြို့မှာ တော့ ဒုတိယနေ့အဖြစ် ဒီကနေ့ အလင်းရောင်အဖွဲ့နဲ့ အတူ ၂၄ နာရီ လျှပ်စစ်မီးလင်းရေး ဆန္ဒပြနေရာ ယမန်နေ့ကထက် ပူးပေါင်းပါဝင်သူ မန္တလာမြို့သူ၊ မြို့သားများ ပိုများလာပါကြောင်း သတင်းရရှိပါတယ်။
Posted in:
ဓာတ်ပုံ
,
သတင်း
တစ်နိုင်ငံလုံးအတိုင်းတာနဲ့ကို လုပ်ပြရမှာ
ျတစ်နိုင်ငံလုံး မီးရရှိရေး တောရောမြို့ပါမကျန်ရရှိရေး လုပ်ပစ်ရမှာ