ရိုဟင်ဂျာ အကြမ်းဖက်သမားတွေ မြန်မာထဲ ၀င်လာဟု ဆို

Saturday, June 9, 2012

ဓာတ်ပုံ- UNHCR

သမ္မတရုံး အရာရှိတဦးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားချက်ပါ။ ရိုဟင်ဂျာ အကြမ်းဖက်သမားများ လက်နက်များနဲ့ မြန်မာနိုင်ငံနယ်နမိတ်ထဲ ၀င်ရောက်လာပြီလို့ ဆိုပါတယ်။

(ပုဂ္ဂလိကအမြင် တင်ပြခြင်းသာ ဖြစ်ပါသည်) လို့ အစချီထားပါတယ်။

ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ဝင်များအမည်ခံ ရိုဟင်ဂျာ အကြမ်းဖက်သမားများ လက်နက်များဖြင့် နယ်စပ်ကို ဖြတ်ကျော်လာကြောင်း သိရှိရပါသည်။

ပြည်ပမှ ရိုဟင်ဂျာများ ၀င်လာခြင်း ဖြစ်ပါသည်။ မိမိတပ်များမှ ကြိုတင်သတင်း ရရှိထားပြီး ဖြစ်သောကြောင့် အပြီးတိုင် ချေမှုန်းသွားမည် ဖြစ်ပါသည်။ ချေမှုန်းနေပြီဟု ယူဆပါသည်။

ဤအတွက်တော့ လူသားချင်းစာနာထောက်ထားမှုတွေ၊ လူ့အခွင့်အရေးတွေ လာမပြောစေလိုပါ။ ရွှေပြည်အေး တရားတွေ၊ မေတ္တာရှင်ကြီးလိုလို လာပြီး ဆရာကြီး မလုပ်ကြစေလိုပါ။ အသံကောင်း မဟစ်ကြစေလိုပါ။

(ရခိုင်ပြည်နယ်က ဘူးသီးတောင်၊ မောင်တော ဒေသများကို သွားကြည့်ပါ။ ကျွန်တော်တို့တိုင်းရင်းသားတွေ ကျီးလန့်စာ စားနေရတဲ့အပြင် ကိုယ့်မြေ ကိုယ့်ရေမှာ လုံခြုံမှု မရှိတော့တဲ့ ဘ၀ရောက်နေကြရပြီ။ ဒီအတွက် ကျွန်တော် ရင်နာမိတယ်။ ဒါ ကျွန်တော်တို့ တိုင်းပြည်ကြီးလေ - ဒါ ကျွန်တော်တို့ မြေလေ။)

(အားလုံးကို ဆိုလိုပါသည်။) နိုင်ငံရေး ပါတီများ၊ လွှတ်တော်အမတ်များ၊ Civil Society များ၊ အမြဲတမ်း အတိုက်အခံလုပ်နေရမှ ကျေနပ်နိုင်သော၊ သမ္မတကြီးနှင့် အစိုးရအပေါ် မကောင်းပြောရမှ စာရင်းအိပ်ပျော်ကြသူများ အားလုံးကို တိုက်ရိုက်ရည်ညွှန်း ပြောကြားခြင်း ဖြစ်ပါသည်၊

10 comments :

  1. Anonymous said... :

    We will support our government and our military troops to fight against Rohingya terrorist. They are very dangerous for our nation and our country. Not only our country, they are terrorist for the whole world.

  1. Anonymous said... :

    လုံး ၀အ ယုံ အကြည် မ ရှိ ပါ။ ၀ါဒဖြန့်ကော လဟာ လဖြစ် ပါသည်။ တိုင်း ပြည် ကြီး ချောက် ထဲ ကျ ခံ နီး မို့ လို့ ပြန် လည်ကယ် တင် ချင် ပြန်ပြီ နဲ့တူ တယ်။

  1. Anonymous said... :

    မွတ်စလင်တိုင်းပြည်တွေနဲ့ ပြသာနာ ဖြစ်အောင်ရည်ရွယ် လှုံ့ဆော်တဲ့ လုပ်ရပ်ဖြစ်ပြီး နောက်ဆက်တွဲ အကွက်ကျကျ စီမံမူတွေ ထပ်လာပါဦးမည်။

  1. မြန်မာ့သွေး said... :

    We must show no mercy to any terrorists who are threatening to our homeland.

  1. Anonymous said... :

    မြန်မာ့တပ်မတော်ဟာ အာဏာရှင်တွေရဲ့ အသုံးချခံဖြစ်ခဲ့တာ ရာစုနှစ် တဝက်ရှိခဲ့ပြီ။ တိုင်းပြည်လည်း ဘယ်အခြေဆိုက်နေပြီလဲ..မြင်တဲ့အတိုင်းပါ။ တိုင်းပြည်မွဲတော့ အောက်ခြေတပ်မတော်မိသားစုတွေလည်း ဆင်းရဲကြပ်တည်းမှုဒဏ်ကို ခံကြရတယ်။ တပ်မတော်အတွင်းမှာကို ကြီးနိုင်ငယ်ညှင်းနဲ့ မတရားမှုတွေများစွာ ရှိနေတယ်။ လက်ရှိ တပ်မတော် ခေါင်းဆောင်ပိုင်းအတွင်းမှာ သမ္မတဦးသိန်းစိန်တို့လို အမှန်အတိုင်း မြင်တဲ့သူတွေ ရှိပါတယ်။
    နိုင်ငံသားများ လုံခြုံအေးချမ်းစွာ နေထိုင်နိုင်အောင် ကာကွယ်စောင့်ရှောက်ပေးရမှာက တပ်မတော်ရဲ့တာဝန်ပါ။ ကိုယ့်တာဝန် ကိုယ်ကျေသင့်တယ်။ ကိုယ်မနိုင်တဲ့ အလုပ်ကို မလုပ်သင့်ပါဘူး။ တိုးတက်အောင်မြင်နေတဲ့ နိုင်ငံတွေကို ကြည့်လိုက်ရင် ကိုယ့်အလုပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ကျေကျေပြွန်ပြွန် လုပ်ကြတာ တွေ့ရတယ်။ ကိုယ်ကျွမ်းကျင်တဲ့အလုပ်ကိုသာ ကျေပြွန်စွာ လုပ်ပါ။
    အတိုက်အခံမရှိတဲ့တိုင်းပြည်ဟာ အာဏာရှင်နိုင်ငံပဲ။ အတိုက်အခံတွေ အနှိပ်ကွပ်ခံလာရတာလည်း ဆယ်စုနှစ်ချီခဲ့ပြီပဲ။ အတိုက်အခံဆိုရင် တိုင်းပြည်ဖျက်မယ့်သူတွေလို ပြောဆိုနေတာတွေလည်း ရပ်သင့်ပြီ။ တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းအတွက် လုပ်နိုင်တဲ့သူ ခေါင်းဆောင်နိုင်တဲ့သူ အရည်အချင်းရှိတဲ့သူ တိုင်းပြည်အတွက် စေတနာမှန်နဲ့ လုပ်နေတဲ့သူတွေကို တပ်မတော်က ပုဂ္ဂိုလ်ကြီးတွေ အသိအမှတ်ပြုဖို့လိုပါတယ်။

  1. Anonymous said... :

    ကောင်းတာပြောလဲ အပြစ်ကမလွတ်ဘူး

  1. KACHIN said... :

    ကချင်ကို တိုက်နေမယ့်အစား အခုလို ပြည်ပရန်ကို အမှုန့်ချေ နှိမ်နှင်းတာက အကောင်းဆုံးပါ။ မြန်မာပြည်မှာ အခုရှိနေတဲ့ တိုင်းရင်းသားတောင် များနေပါပြီး ရိုဟင်ဂျာဆိုတာ ထပ်တိုးစရာ အကြောင်းမရှိပါ။ နေချင်ရင် အေးဆေးနေပါ။ ကမ်းမတက်ပါနဲ့ လိုပြောချင်ပါတယ်။

  1. Anonymous said... :

    လက်ရှိအဖြစ်အပျက်များကိုအယုံအကြည်မရှိဆိုသူများ
    ဘူးသီးတောင်မောင်တောသို့ မိသားစုလိုက်ပြောင်းရွှေ့နေကြည့်ကြစေလိုပါသည်။

  1. Anonymous said... :

    Ex Prime Ministry Gen Khin Nyunt and group are behind this problems.

  1. Anonymous said... :

    မှန်ပါသည်..မိမိတို.မြန်မာ.ရခိုင်စတဲ.တိုင်းရင်းသားတွေ
    ဒုက္ခရောက်တာကိုတော.မမြင်မကြားလိုပါ..ခုလိုရိုဟင်ဂျာ
    များရဲ.အကြမ်းဖက်လုပ်ရပ်များကိုမြင်ရပြီးမခံမရပ်ဖြစ်ရပါတယ်..ဒီပြသနာကြောင်.ပြည်သူ.ထောက်ခံမူရပြီးနိုင်ငံရေးအမြတ်ထုတ်တယ်လို.လည်းမမြင်ပါ..တကယ်ဖြစ်ပျက်နေတာပါ.
    ခုချိန်မှာတပ်ကသာထိန်းသိမ်းနိုင်မယ်လို.မြင်ပါတယ်..ဘယ်နိုင်ငံတွေကဘဲဘာပြောပြောချေမူန်းသင်.တယ်လို.မြင်ပါတယ်..ဒီလိုချေမူန်းလို.ပြောတဲ.နိုင်ငံများကလည်း ဒီရိုဟင်ဂျာများကိုခေါ်ထားမယ်လို.လည်းမယုံကြည်ပါ..
    .ခုလက်ရှိအခြေနေကိုလည်းဘယ်နိုင်ငံရေးပါတီကမှကယ်တင်နိုင်မယ်လို.လည်းမထင်ပါ...ကျနော်ဘက်မလိုက်ဘဲကျနော်အမြင်ဖြစ်ပါတယ်.....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved