ထိုင်းမြန်မာ နယ်စပ်ရောက် ဒေါ်အောင်ဆန်းစုကြည်

Saturday, June 2, 2012


ဒီမနက် ၉ နာရီခွဲလောက်က မဲဆောက်လေဆိပ်ကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ဒီကနေ့မှာ ထိုင်း- မြန်မာနယ်စပ်က မယ်လ ဒုက္ခသည် စခန်းသို့ သွားရောက်ခဲ့ပါတယ်။ မယ်လ ဒုက္ခသည် စခန်းမှာ ၁၀ နာရီကျော်လောက်ရောက်ပြီး စခန်းမှာ ရှိတဲ့ ထိုင်း တာဝန်ရှိသူများနဲ့ မြန်မာဒုက္ခသည်များရဲ့ အခြေအနေကို မေးမြန်းပါတယ်။




ဒုက္ခသည် စခန်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဒုက္ခသည်တွေနဲ့ နီးနီးကပ်ကပ် အားပေးစကား မပြောလိုက်ရပါဘူး။ ဒုက္ခသည်တွေကတော့ ပျော်နေကြပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာ ကို မြင်လိုက်ရလို့ ၀မ်းသာနေကြပါတယ်။


ဒုက္ခသည်စခန်းက အပြန်မှာတော့ ပထမ မှာတော့ ထိုင်းနယ်စပ်မှာ ဖွင့်လစ်ထားတဲ့ ဒေါက်တာ စင်သီယာမောင် မယ်တော် ဆေးခန်းကို လာရောက်မယ်လို့ သတင်းများထွက်ပေါ်နေခဲ့ပါတယ်။




သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် သွားရောက်မှု မရှိဘဲ လေဆိပ်သို့ တန်သွားပြီး သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးတကြီး မျှော်လင့်ချက်တကြီးနဲ့ စောင့်ဆိုင်းနေရတဲ့ မဲဆောက် မြန်မာများ ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြန်မောင်းသွားတဲ့ ကားထဲက လက်ပြတာလေးကိုပဲ နှစ်သိမ့်ရင်း မျက်ရည်တွေနဲ့ စိတ်မကောင်းစကားဆိုသူများလည်း ရှိကြပါတယ်။

ဒီအတွက်လည်း မဲဆောက်က မြန်မာ အလုပ်သမားတွေနဲ့ မြန်မာ အသိုင်းအ၀ိုင်းက အတော်စိတ်မကောင်းဖြစ် ပြီး ကျန်ရစ်ခဲ့ကြတယ်လို့ သိရပါတယ်။


ထိုင်းနိုင်ငံသို့ ရောက်ရှိနေတဲ့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်စုကြည် ယနေ့ထိုင်းမြန်မာ နယ်စပ်သို့ ရောက်ရှိလာစဉ့် မြင်တွေ့ ရတဲ့ ဓာတ်ပုံများကို စုစည်းတင်ပြလိုက်ပါတယ်။


2 comments :

  1. မောင်ကောင်း(ရန်ဂွန်း) said... :

    မဲဆော့ က မြန်မာပြည်သူတွေခံစားမှုမျိုး မောင်ကောင်းကူးစက် ခံစားကြည့်ပါတယ်၊ အန်တီ့ကို စိတ်ထဲက လေးစားနေကြယုံနဲ့တင်လုံလောက်ပါတယ် နားလည်ပေးလိုက်ကြပါ အန်တီမှာ လုံခြုံရေးပိုင်းကအစ အသက်စွန့်ပြီး လာတာကိုက မြန်မာလူမျိုးတိုင်းရင်းသားညီအကိုမောင်နှမ တွေ အပေါ် ဘယ်လောက် မေတ္တာတရားကြီးမားတယ်ဆိုတာ နားလည်ပေးလိုက်ကြပါခင်ဗျာ။

  1. anawmar said... :

    မှန်ပါတယ်။ ချစ်တဲ့လူမှန်သမျှ အကြောင်းအမျိုးမျိုးနဲ့ တွေ့ချင်ကြတာ ချည်းပါပဲ။ သတ်ကွင်းထဲ ရောက်နေတဲ့အချိန်မှာ ဒေါ်စုကတွေ့ချင်ဦးတော့ လုံခြုံရေး အရ ခွင့်ပြုလို့ မရပါဘူး။ လုံခြုံရေးဘက်ကိုလည်း နားလည်ပေးကြပါ။ အစားထိုးစရာ မရှိတဲ့ ခေါင်းဆောင်ပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved