~

ဒီနှစ်ဟာ တနင်္သာရီတိုင်း၊ ရေလုပ်ငန်းလုပ်ကိုင်သူတွေအတွက်ကတော့ ထူးခြားတဲ့နှစ်တစ်နှစ်ပဲ- တစ်သက်လုံးမကြုံဖူး၊၊ မကြားဖူးတဲ့ စီမံချက်တွေချမှတ်တဲ့နှစ်မို့လို့ပေါ့ ၊
ကမ်းဝေး ၊ ကမ်းလတ် လှေတွေ ငါးသားပေါက်ရာသီ ဇွန်၊ဇူလိုင်၊သြဂုတ် လတွေမှာ ငါးဖမ်းခွင့်ပိတ်ထားပါတယ်။ ရေလုပ်ငန်းရှင်ကြီးတချို့ရဲ့ အကြံပေးချက်ကြောင့်လို့ ဆိုပါတယ်။ ပင်လယ်ပြင်ကြီးမှာ ငါးတွေ ပေါများလာအောင် ဒီလို အကြံပေးတာ တဲ့။
ပင်လယ်ပြင်မှာ ငါးပေါမပေါတော့ မသိဘူး ၊ ယိုးဒယားနိုင်ငံ ရနောင်းမှာတော့ အရင်ထက် ငါးပိုပေါလာတာတော့ အမှန်ပဲလို့ ယိုးဒယားက ပြန်လာတဲ့သူတွေက ပြောပါတယ်။ လိုင်းကြေး ပေးရင် ဗမာရေထဲမှာ ကြိုက်တဲ့သူ ငါးဖမ်းလို့ရတယ် ၊ ယိုးဒယား မကလို့ ဘာကောင်ဖြစ်ဖြစ် တဲ့။

ဘယ်လိုဘဲဖြစ်ဖြစ် အခုကမ်းဝေး၊ ကမ်းလတ် ငါးဖမ်းလှေတွေ ငါးဖမ်းခွင့် ပိတ်လိုက်ပါပြီ။ ဒီလိုငါးဖမ်းခွင့်ပိတ်လိုက်တဲ့အတွက် မြိတ်မှာရှိတဲ့ကမ်းဝေးလှေ အစင်း (၇၀၀)က လှေသား(၁၅,၀၀၀)က အလုပ်လက်မဲ့ဖြစ်နေရပြီ၊

ဒီငါးဖမ်းလှေတွေကို မှီခိုပြီးလုပ်ကိုင် စားသောက်နေရတဲ့ အအေးခန်းအလုပ်သမား၊ ငါးမှုန့်ကြိတ်စက်၊ ရေခဲစက် ၊ ဆီရောင်းတဲ့သူတွေ၊ ကုန်းစိမ်း၊ ကုန်ခြောက် ရောင်းတဲ့သူတွေလက်လုပ်လက်စားတွေ အများကြီး အလုပ်လက်မဲ့ဖြစ်ရပါတယ်။



မြိတ်မြို့မှာနေထိုင်လုပ်ကိုင် စားသောက်နေတဲ့ရေလုပ်သားများရဲ့ဘ၀ကို စာနာသနားငဲ့ညှာ ထောက်ထားပြီး ၊ ကမ်းဝေး ၊ ကမ်းနီး ငါးဖမ်းလှေများကို ပြန်လည် ငါးဖမ်းခွင့်ပြုဘို့ တောင်းပန်ပါတယ်။ လုပ်ငန်းရှင်ကြီးတွေက ဆယ်သက်စားလို့လဲ မကုန်နိုင်အောင် ချမ်းသာနေကြပါပြီး ၊ တစ်နေ့လုပ် တစ်နေ့စား ဆင်းရဲသားများဘ၀ကို ကယ်တင်ပေးပါလို့ ပြောကြားပါရစေ။
~
0 comments :
Post a Comment