ကိုမင်းကိုနိုင်နှင့် အဖွဲ့ ယနေ့ တာချီလိတ်မြို့ကို ရောက်

Monday, June 4, 2012


မင်းကိုနိုင် ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများ တာချီလိတ်မြို့သို့ ရောက်ရှိစဉ် ဒေသခံများက ကြိုဆိုစဉ် - ဓာတ်ပုံ - ၈၈ မျိုးဆက်ကျောင်းသားများ


၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ အဖွဲ့ဟာ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းအတွက် နယ်လှည့်ခရီးစဉ်များ သွားလျှက်ရှိရာ ယနေ့ ဇွန်လ ၄ရက်နေ့ နေ့လည် ၂နာရီ မိနစ် ၃၀ တွင် ရန်ကုန်မှ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့သို့ လေယာဉ်ဖြင့် ရောက်ရှိလာကြောင်း သတင်းရရှိပါတယ်။




ဒေသခံများနှင့်တွေ့ဆုံပြီး ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းအတွက် အပြန်အလှန်ဆွေးနွေးကြ
မှာဖြစ်ကြောင်း လည်း သိရပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved