၁၀၀၀၀ ကျပ်တန် ထုတ်မည်

Thursday, June 7, 2012



ကျပ်ငွေ တသောင်းတန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် စတင်ထုတ်ဝေမည့် အကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒိုင်မင်းရှင်းက ၁၅*၇ စင်တီမီ တာ ဖြစ်ပြီး အရောင်ကတော့ အပြာရောင်ဖြစ်ပါတယ်။

မျက်နှာစာတွင် ဆင်ဖြူ ၂ စင်းက ကြာဖူးကို နှာမောင်းဖြင့် တင်မြှောက်ပူဆော်ထားပုံကို ရိုက်နှိပ် ထားပြီး နောက်ကျောဘက်တွင် မန္တလေး နန်းတော်မြို့ရိုးနဲ့ ကျူံးကို ရိုက်နှိပ်ထားပါတယ်။


သို့သော် Popular Myanmar News ၏ အင်တာနက်စာမျက်နှာတွင် အောက်ပါအတိုင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်
နေပြည်တော်
ရက်စွဲ၊ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၇ ရက်
သတင်းကြေညာချက်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့ တွင် စတင် ထုတ်ဝေပါမည်။ ငွေစက္ကူကို ပြည်သူများအား ဘဏ်ဖွင့်ချိန်အတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွကြေးဌာနတွင် လည်းကောင်း၊ ဘဏ်များနှင့် အစိုးရ ငွေတိုက်များတွင် လည်းကောင်း ထုတ်ပေးပါမည်။

လက်ရှိ တရားဝင် လှည့်လည် သုံးစွဲလျက် ရှိသော ငွေစက္ကူများနှင့် ငွေအကြွများသည်လည်း တရားဝင် သုံးစွဲငွေ အဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်ပါသည်။




2 comments :

  1. Anonymous said... :

    MRTV နှင့် MRTV-4 တွင်လည်း သတင်းထုတ်ပြန်ချက် ကို ကြေငြာထားသည် ဟု သိရှိရပါသည်။

  1. Anonymous said... :

    ပိုက်ဆံထုတ်တာတောင် ပြည်ထောင်စုကို အခြေခံပြီးမထုတ်ပါလား ယူရိုငွေကြေးစနစ်လိုပိုက်ဆံထုတ်ပါလားခင်များ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved