ကိုရီးယား ဘဲမွေး စက်ရုံမှာ ဘာတွေ ဖြစ်နေသလဲ

Saturday, June 2, 2012

(ဓာတ်ပုံများ - ဧရာဝတီ)


“ COSTEC” အထည်ချုပ်စက်ရုံဟာ ရွှေပြည်သာမြို့နယ် စက်မှုဇုန်(၃)အတွင်းမှာ တည်ရှိပြီး ဘဲမွေးနဲ့ လုပ်ထားတဲ့ ဂျက်ကင်အင်္ကျီ ၊ အနွေးထည်တွေကို ချုပ်လုပ်တဲ့၊ ကိုးရီယားက လာရောက်ရင်းနှီးမြှုပ်နှံထားတဲ့ စက်ရုံတရုံ ဖြစ်ပါတယ်။

စက်ရုံတွင်း လုပ်ငန်းခွင် အခြေအနေက ဒီလိုပါ -

ဖိနပ်စီးရင် ညစ်ပတ်မှာစိုးလို့ အလုပ်သမားတိုင်း ဖိနပ်မစီးရဘဲ တမံသလင်းပေါ်မှာ မနက် ၈နာရီကနေ ည ၇နာရီခွဲအထိ ပူပူလောင်လောင်နဲ့ အလုပ် လုပ်ရတယ်လို့ ပြောပြပါတယ်။

ဘဲမွှေးတွေ ပြန့်လွင့်မှာစိုးလို့ ပန်ကာတွေကို လုံးဝ မထားပေးဘူးလို့ ဆိုပါတယ်။

ဒီနှစ်အတွင်းမှာ အလုပ်လုပ်ရင်း သေဆုံးသွားတဲ့ အမျိုးသမီးငယ်လေး ၂ ဦး ရှိသွားပြီ တဲ့။

ခွင့်မတိုင်ဘဲ ပျက်ကွက်ရင် လစာထဲက ၈၀၀၀ ဖြတ်ပစ်လိုက်ပြီး ခွင့်တိုင်ရင်တော့ ၄၀၀၀ ဖြတ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အခြေခံလစာ ၃၀၀၀၀ တိုးပေးဖို့ ဆန္ဒပြ တောင်းဆိုနေတာ ၄ ရက် ရှိပြီလို့ သိရပါတယ်။

တာလာဘတ်တွေကို အမိုးအကာလုပ်ပြီး ထမင်းချိုင့်ကိုယ်စီနဲ့ စုပြုံနေတဲ့ လူတွေကို ဒုက္ခသည်စခန်းတခုကလူတွေလို့ ထင်မှားနိုင်ပေမယ့် တကယ့်တော့ သူတို့ဟာ“ COSTEC “ အထည်ချုပ် စက်ရုံက အလုပ်သမားတွေ ဖြစ်ပါတယ်။ ဆန္ဒပြတဲ့ အလုပ်သမားပေါင်း ၁၇၅၀ ကျော်ပါတယ်။





5 comments :

  1. anawmar said... :

    မွေး=မွေးမြူခြင်း
    မွှေး=အမွှေးအတောင်
    ဘဲမွေးတဲ့ စက်ရုံလို့ သဘောပေါက်မိလို့ပါ

  1. eytukan said... :

    Koreans are kind-hearted only in Korean series but not in the real world. They're extremely greedy and merciless.

  1. Anonymous said... :

    ကျနော်ဟာ ကိုရီးယားကုမ္မဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာအင်ဂျင်နီယာတစ်ယောက်ပါ။ ဒီလူမျိုးတွေနဲ့ အတူတူ အလုပ်လုပ်လာတာ ကြာလာတော့ သူတို့ အကြောင်းတွေ သိလာပါတယ်။ ရုပ်ရှင်တွေထဲမှာ လူအထင်ကြီးအောင် သိမ့်မွေ့ယဉ်ကျေးပြနေပေမယ့် လက်တွေ့မှာတော့ အလွန်ဆိုးသွမ်းတဲ့ လူမျိုးပါ။ ရိုင်းစိုင်းတယ်၊ တကိုယ်ကောင်းဆန်တယ်၊ အားနာမှုဆိုတာ မရှိဘူး၊ ကိုယ်ခြင်းစာစိတ် မရှိဘူး၊ အများကြီး ပါဘဲ။ မြန်မာပြည်မှာက ကိုရီးယားဇတ်ကားတွေကို ကြည့်ပြီး လွမ်းမိုးမှုခံနေရတော့ မြန်မာကလေးတွေက ကိုရီးယားဆို အထင်ကြီးကြပါတယ်။ မြန်မာစကားပုံတစ်ခု ရှိတယ်၊ (ရိုင်းနေရင်ခွင့်လွတ်)။ "နွားပြာကြီး အကြောင်းသိရင် သားရေတောင် မထိုင်ရဲဘူး"...တဲ့။

  1. Anonymous said... :

    အဆိုပါ ကိုရီးယားကုမ္မဏီကို မည်သူလက်ခံပြီး မြန်မာပြည်ထဲမှာ အလုပ်လုပ်ခွင့် လာပေးထားတာလဲ။ အစကတည်းက မိမိနိုင်ငံသားများအတွက် အခြေခံအခွင့်အရေးတွေကို တောင်းဆိုရမှန်း လည်းမသိ၊ အလုပ်သမားအတွက် သင့်တော်မျှတသောဥပဒေကို ထည့်သွင်းရေးဆွဲ ခဲ့ခြင်းမ၇ှိတော့ အခုချိန်မှာ ကိုး၇ီးယားတွေ အနိုင်ကျင့်သမျှ ကိုယ့်မြန်မာနိုင်ငံသားတွေ ခံစားနေရတာ ကြည့်ရမြင်ရကြားရတာနဲ့ကို အတော်စိတ်မကောင်းဖြစ်မိပါတယ်။ မြန်မာပြည်မှာ ရင်းနှီးလာမြှုပ်နှံရင် ကိုယ့်လူမျိုးအတွက်၊ ကိုယ့်တိုင်းပြည်အတွက် ဘယ်လိုဥပဒေမျိုးပြဌာန်း၇မလဲ မသိတဲ့လူတွေ၊ မိမိအတွက် RK ၇ရင်ပြီးရော လုပ်ခဲ့တဲ့လူတွေကြောင့် ယနေ့မှာ ဒီပြသနာတွေ အများကြီးကြုံတွေ့နေရတာပါ။ အဲ့ဒီကိုရီးယားကုမ္မဏီကို ဘယ်သူလုပ်ကိုင်ခွင့်ပြုခဲ့တာလဲ။ အဲ့ဒီလူမှာ အခုပြသနာသည် တာဝန်အ၇ှိဆုံးဖြစ်ပါ သည်။ ၀ိုင်းဝန်းဖြေ၇ှင်းကြပါစို့။ အလုပ်သမား များအရေးကို ပစ်ပယ်မထားကြပါနဲ့။

  1. အေတူကန် said... :

    အိမ်ရှင်ဖြစ်လျက်၊ သူ့ အောက်လက်၌၊ မျက်နှာငယ်ညှိုး၊ အဖြစ်မျိုးနှင့်၊ သက်ဆိုး ရှည်ခဲ့ရလေသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved