အစိုးရ အဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေး အစလား ???

Wednesday, June 6, 2012

ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ ရာထူးမှ နုတ်ထွက်ခွင့်ပြန်တမ်းများ

ယနေ့ ထုတ် မြန်မာ့အလင်း သတင်းစာမှာ သမ္မတ ဦးသိန်းစိန်က ဒု ၀န်ကြီး ၂ ယောက်နဲ့ ရွေးကောက် ပွဲ ကော်မရှင်အဖွဲ့ဝင် တဦးတို့ကို ရာထူးတွေက နုတ်ထွက်ခွင့် ပြုလိုက်ပါပြီတဲ့။

ဒု ၀န်ကြီးတွေ ဖြစ်ကြတဲ့ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာနက ဦးတင့်လွင်နဲ့ စွမ်းအင် ၀န်ကြီး ဌာနက ဦးစိုးအောင် တို့ကို ဇွန်လ ၅ ရက်နေ့ နေ့စွဲနဲ့ နုတ်ထွက်ခွင့် ပြုတယ်လို့ သမ္မတက လက်မှတ် ထိုး ကြေညာထားပါတယ်။

ဆက်သွယ်ရေး ဒုဝန်ကြီးက ၅ ထောင်တန်ဆင်းကဒ်နဲ့ ဆိုင်မဆိုင် မသိရသလို၊ လျှပ်စစ်မီး မလုံလောက်မှုနဲ့ စွမ်းအင် ဒုဝန်ကြီး သက်ဆိုင်မှု ရှိ၊ မရှိ မသိရပါ။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဦးသာဦးကိုလည်း အလားတူ နုတ်ထွက်ခွင့်ကို သမ္မတက လက်မှတ်ထိုး ပြန်တမ်း ထုတ်ပြန်ထားတာပါ။

အခုတလော နေပြည်တော်ကလာတဲ့သတင်းတွေအရ သမ္မတ ဦးသိန်းစိန် အနေနဲ့ ထိုင်းခရီးစဉ် ရွှေ့ဆိုင်း လိုက်ရခြင်းက တဖက်မှာ အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေးအတွက် အကြိတ်အနယ် ဆွေးနွေးမှုတွေ လုပ်နေရတယ်လို့ ဆိုပါတယ်။ ဒီအပြင် ဒီရက်ပိုင်းတွေက စပြီး ၀န်ကြီးအပြောင်းအလဲတွေ ဖြစ်ပေါ်လာမယ်လို့ သတင်းတွေလည်းထွက်နေပါတယ်။ အခုတော့ ဒုဝန်ကြီး ၂ ယောက် စတင်ပြီး အပြောင်းအလဲ ဖြစ်တဲ့ သဘောပါပဲ။

လူမြင်ကွင်းမှာ ပျောက်ကွယ်ပြီး ရာထူးက နုတ်ထွက်စာတင်ထားတယ်ဆိုတဲ့ ဒု သမ္မတ (၈) လုံးခေါ် သီဟ သူရ တင်အောင်မြင့်ဦးကိုတော့ သမ္မတက ကျန်းမာရေး မကောင်းတဲ့အတွက် ဆေးခွင့် ၂ လ ပေးထားတာလို့ ဆိုပါတယ်။ ဆေးခွင့်ကာလကုန်ဆုံးမယ် ဇူလှိုင်လ ကျရင်တော့ အဖြေကို သဲသဲကွဲကွဲ သိရတော့မှာပါ။

နေပြည်တော်က လူရှင်းပွဲမှာ ဘယ်ဝန်ကြီးတွေ မျက်ခုံးလှုပ်နေမလဲဆိုတာတော့ စောင့်ကြည့်ရမယ်ထင်ပါတယ်။ တာဝန်က အနားပေးခံရမယ်လို့ သတင်းပြေးနေတာကတော့ လျှပ်စစ် ၀န်ကြီး ဦးဇော်မင်း၊ အားကစား ၀န်ကြီး ဦးတင့်ဆန်းတို့ ပါဝင်နေ တယ်လို့ ဆိုပြီး ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းကတော့ ယခု ရာထူးအတိုင်း ဆက်လက်တည်မြဲနေမယ်လို့ သတင်းများ က ဆိုနေပါတယ်။

6 comments :

  1. Anonymous said... :

    ထောင်တန်ဆင်းကဒ်နဲ့ ဆိုင်ဆိုင်၊ မဆိုင်ဆိုင် လျှပ်စစ်မီး မလုံလောက်မှုနဲ့ ဆိုင်ဆိုင်၊ မဆိုင်ဆိုင် ၊ ထွက် ရင် ပြီး တာ ဘဲ။

  1. Anonymous said... :

    ဆက်သွယ်ရေးဝန်ကြီး၊MD၊GM၊CEအချို့  တို့ ကိုလည်းအနားပေးရန်လိုအပ်ပါသည်။

  1. St.blabla said... :

    မဆိုင်တာတွေလျောက်ရေးမနေနဲ့။ အရင်ကာလက good governance and clean မြ­ဖစ်ခဲ့တဲ့လူတွေကိုရှင်းတာ။ ထပ်
    ရှင်းဦးမယ်လို့ယူဆမိတယ်။ မကြာမည် ရုံတင်မည်မျော်။။။

  1. Anonymous said... :

    as far as I know, those 2 deputy ministers are pure civilians and each has over 20-30 years of experience in their fields. another thing is Electricity has nothing to do with Ministry of Energy. It is totally under Ministry of Electric Power.

  1. Anonymous said... :

    ပြန်ကြားရေးကျော်ဆန်းကို ဘာလို့မဖြုတ်တာလဲဟင်.. သူ့လောက်"ပြောင်"တဲ့သူ သူပဲရှိတဲ့ဟာကိုနော်...

  1. Anonymous said... :

    If phone price reduce cause the share of each M,Dym,Md,Dg. One is less and other will get more.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved