ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်ပေးပါ၊ မြစ်ဆုံဆည် ရပ်ပေးပါ။ ပြည်တွင်းစစ်တွေ ရပ်ပေးပါ

Saturday, June 9, 2012

ကချင်ဒေသကို အစိုးရ စစ်တပ်တွေ ထိုးစစ်ဆင်နေတာ တနှစ်ပြည့်တဲ့နေ့မှာ့  အိန္ဒိယနိုင်ငံ နယူးဒေလီရောက် ကချင်တိုင်းရင်းသားတွေဦးဆောင်တဲ့ မြန်မာဒုက္ခသည်တွေဟာ ကချင်ဒေသက ထိုးစစ်တွေကို ရပ်တန့်ပေးဖို့ အိန္ဒိယ ပါလီမန်နားက ဂျန်တားမန်တား ပန်းခြံမှာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။


(ဓာတ်ပုံ - ဧရာဝတီ)


စစ်ဘေးဒဏ်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့သူတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ဒုက္ခရောက်ကြရတယ်၊ မြန်မာအစိုးရဟာ ပြောင်းလဲမှုတွေ လုပ်နေပါတယ်ဆိုပြီး တဖက်မှာ ငြိမ်းချမ်းရေး ဆွေးနွေးတာတွေ လုပ်နေပေမယ့် တဖက်မှာလည်း တိုင်းရင်းသားဒေသတွေ၊ အထူးသဖြင့် ကချင်ပြည်နယ်ထဲမှာ ထိုးစစ်ဆင်နေတာတွေကို မရပ်တန့်သေးတဲ့အပြင် စစ်အင်အားတွေ ထပ်ဖြည့်နေလို့ ၀မ်းနည်းရတယ်လို့ ကချင်တိုင်းရင်းသားတွေက ဆိုပါတယ်။




ဒီစစ်ပွဲတွေအပြင် ကချင်ပြည်နယ် မြစ်ဆုံဒေသမှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ ဆောက်လုပ်မယ့် မြစ်ဆုံ ရေကာတာနဲ့ ရေအားလျှပ်စစ်စီမံကိန်းကို ရပ်ထားတယ်ဆိုပေမယ့် တကယ်တမ်း ရပ်တန့်တာမဟုတ်တဲ့အကြောင်း၊ ဒီစီမံကိန်းကြောင့် ဒေသက ပတ်ဝန်းကျင် ထိခိုက်မှုတွေ ဆိုးဝါးစွာ ဖြစ်ပွားနေတဲ့အကြောင်း၊ ဒေသခံရွာတွေလည်း အဓမ္မရွှေ့ပြောင်းခံနေကြရတဲ့အကြောင်း၊ ဒီစီမံကိန်းက ရလာမယ့် အကျိုးအမြတ်တွေဟာ မြန်မာနိုင်ငံအတွက်မဟုတ်ပဲ တရုတ်နိုင်ငံကို ရောင်းချမှာဖြစ်လို့ ဒီစီမံကိန်းကို အလိုမရှိဘူး၊ ဒီစီမံကိန်းကို လုံးဝ ရပ်တန့်ပေးပါလို့ တောင်းဆိုလိုတယ်လို့ ကချင်တိုင်းရင်းသားတွေက ဆိုပါတယ်။



ဒီတောင်းဆိုချက်တွေပါတဲ့ စာကို သမတ ဦးသိန်းစိန်ထံကို လိပ်မူပြီးတော့ နယူးဒေလီမှာ အခြေစိုက်တဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ပေးပို့ခဲ့ကြပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved