ဒေါ်အောင်ဆန်းစုကြည်နဲ့ ယူကေရောက် မြန်မာပြည်သားတို့ တွေ့ဆုံပွဲ

Wednesday, June 6, 2012

~




ဒီလ ၂၂ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် လန်ဒန်ကို ရောက်မယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲ တက်ရောက်လိုသူများ လက်မှတ် ၀ယ်ယူကြဖို့ လိုအပ်တယ်လို့ သိရပါတယ်။ လူဦးရေ ကန့်သတ်ထားပါတယ် တဲ့။

ဒီ Facebook http://www.facebook.com/pages/SandyThinMarOo/350219555103 မှာ တွေ့ရတဲ့အတိုင်း ကူးယူ ဖော်ပြလိုက်ပါတယ်။

Sandy Thin Mar Oo (Mobile : 07834593617 and phoethin@hotmail.co.uk ) ထံတွင် ဆက်သွယ်ပြီး လက်မှတ်များ စတင် ဝယ်ယူနိုင်ပါပြီ။ လက်မှတ်ကို အထူး အချိန် ကန့်သတ်ထားပါသဖြင့် အမြန်မှာယူကြပါရန် လေးနက်စွာ တိုက်တွန်းပါသည်။ အမေစုသည် မြန်မာတိုင်းရင်းသား ညီအကိုမောင်နှမများကိုသာ ဦးစားပေးတွေ့ဆုံချင်သော ပြင်းပြသော ဆန္ဒရှိနေပါသဖြင့် "ယူကေ" နိုင်ငံ အနယ်နယ်အရပ်ရပ်တွင် ရှိနေပါသော ညီအကိုမောင်နှမများ အမြန်ဆက်သွယ်ကြပါရန်။ မေတ္တာဖြင့် စန္ဒီသင်းမာဦး ♥♥♥
(အောက်တွင် သတင်းအပြည့်အစုံကို ဖတ်ရှုကြပါရန်)

Dassk London @

June လ ၂၂ ရက်နေ့ ၂၀၁၂ ခုနှစ်တွင် ယူကေနိုင်ငံသို့ ရောက်ရှိလာမည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲကို လန်ဒန်မြို့ Royal Festival Hall တွင် ကျင်းပမှာ ဖြစ်ပြီး .. လက်မှတ်များကို စာရင်းပေး၍ ဝယ်ယူရရှိနိုင်ပါပြီ။ အခမ်းအနား ကျင်းပမည့် အချိန် အတိအကျကို ဆက်လက် ကြေငြာသွားမည် ဖြစ်ပါသည်။ (သို့သော် ကျင်းပချိန် ၂ နာရီ ကြာမြင့်မှာ ဖြစ်ပြီး မနက် ၈ နာရီမှ ၁၂ အတွင်းတွင်သာ ဖြစ်ပါမည်။)

လက်မှတ်တစ်စောင်လျှင် စတာလင် ပေါင် (၁၀) သတ်မှတ်ပြီး ... အမှန်တကယ် တတ်ရောက်သူများသာ ဝယ်ယူစေလိုပါသည်။ လက်မှတ်ဝယ်ပြီး မလာနိုင်လျှင် ခန်းမတွင် နေရာလပ်ဖြစ်နေပြီး .. အမှန်တကယ် တတ်ရောက်လိုသူတစ်ယောက်အတွက် အခွင့်အရေး လျော့နည်းသွားမည်ကို မဖြစ်စေလိုသောကြောင့် ဖြစ်ပါသည်။ လက်မှတ် အရေအတွက်မှာ ကန့်သတ်မှုရှိသောကြောင့် ဦးရာလူစနစ်ဖြင့် ... စာရင်းပေး ရယူနိုင်ပါသည်။ ယခု ရောင်းချမည့် လက်မှတ်များမှာ မြန်မာနိုင်ငံသားများအတွက် ဦးစားပေးရောင်းချမှာ ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ လူမျိုးများ၏ မိသားစုဝင်ဖြစ်သော Non-Burmese မှလွဲ၍ .. အခြား မြန်မာမဟုတ်သည့် သူ (Non-Burmese) များသည် Royal Festival Hall တွင် ဆက်သွယ် ဝယ်ယူနိုင်ကြောင်း မိမိနှင့် နီးစပ်သော စိတ်ဝင်စားသည့် သူများကို သတင်းပါးနိုင်ပါသည်။

လက်မှတ်ဝယ်ယူလိုသူများသည် မိမိတို့၏ နာမည်၊ ဖုန်းနံပါတ်၊ အီးမေးလ် လိပ်စာ (၃)မျိုးဖြင့်... လက်မှတ်ဖိုး ပေးချေကာ .. မိမိတို့နှင့် နီးစပ်ရာ အဖွဲ့အစည်းများနှင့် dassklondonevent@gmail.com သို့ စာရင်းပေးဝယ်ယူနိုင်ပါသည်။ (ငွေပေးချေရေးအတွက် မိမိစာရင်းပေးထားသော အဖွဲ့တွင်၎င်း၊ dassklondonevent@gmail.com တွင်လည်းကောင်း မေးမြန်း ပေးချေနိုင်ပါသည်။)

ကလေးငယ်များအား ခန်းမသို့ ခေါ်ဆောင်လာမည့် မိဘများအတွက် .. သေချာ စဉ်းစား ဆုံးဖြတ်စေလိုပါသည်။ မိမိ၏ ကလေးများ ဆော့ကစားခြင်း၊ ငိုခြင်း၊ အခြားသူများအား အနှောက်အယှက် ဖြစ်ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် .. အထက်ပါ အနှောက်အယှက် ဖြစ်စေနိုင်မှုများကို တာဝန်ယူစေလိုပါသည်။ အသက် ၅ နှစ်အောက် ကလေးငယ်များ ခေါ်ဆောင်လာမည့် မိဘများ အနေဖြင့် dassklondonevent@gmail.com သို့သာ ဆက်သွယ် ဝယ်ယူရမည် ဖြစ်ပါသည်။

စည်းကမ်းချက်များ ...

အခမ်းအနားတတ်ရောက်သူများအားလုံး ရိုးရာဝတ်စုံများဖြင့်ဝတ်ဆင်ကာ မိမိတို့ နိုင်ငံ၏ ဂုဏ်ဆောင်မည့် ပွဲအဖြစ် .. မှတ်ယူ ဝတ်ဆင်စေလိုပါသည်။ အကယ်၍ ရိုးရာ ဝတ်စုံ မရှိသူများ အနေဖြင့် အခမ်းအနား ဝတ်စုံပြည့်ဖြင့် ဝတ်ဆင် တက်ရောက် ရမည်ဖြစ်ပါသည်။

ကင်မရာများ ယူဆောင်ခွင့်ရှိသော်လည်း Flash မဖွင့်ဘဲ မိမိ ထိုင်ခုံနေရာမှသာ ဓါတ်ပုံ၊ ဗွီဒီယို ရိုက်နိုင်ပါသည်။

အခမ်းအနား မ "စ" ခင် နာရီဝက်ခန့်စော၍ ခန်းမသို့ ရောက်ရှိစေလိုပါသည်။ သို့မှသာ အခမ်းအနား စတင်ချိန်တွင် အကုန်လုံး နေရာယူပြီး ပွဲစတင်နိုင်မှာဖြစ်ပါသည်။ (အခမ်းအနားအား အချိန်အတိအကျဖြင့် ကျင်းပသွားမှာ ဖြစ်ပါသည်။)

မေးခွန်းများ ...

အခမ်းအနားနှင့် သက်ဆိုင်သော မေးခွန်းများရှိလျှင် ဤနေရာတွင် လွတ်လပ်စွာ မေးမြန်းနိုင်ပြီး .. ဤနေရာမှ ကြေငြာသည့် သတင်းများသည်သာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေဆုံပွဲ အခမ်းအနားသတင်း အမှန်ဖြစ်ပါသည်။

(အခမ်းအနား ဖြစ်မြောက်ရေး အဖွဲ့ - လန်ဒန်)


~

11 comments :

  1. Anonymous said... :

    အော် ... လက်မှတ် လည်း ရောင်းတယ်ပေါ့ ။ သိပ်တော့ မဟုတ်သလို ဘဲ ... အန်တီစုကို ရုံသွင်း ပြစား သလို ဖြစ်မနေဘူးလား ။ ဒီကိတ်စကို အန်တီစုကော သိရဲ့ လား ။

  1. Myo Chit said... :

    I am from UK. I am very surprised about this meeting event which the entry fee is involved and it seems not right. Whilst I totally understand there are logistic charges to be arranged, but it could be better than that. Where is Burma Campaign UK, BDMA UK, NLD UK, and etc????? These organisations should sponsor the event. Now some of the Burmese in UK who are not interested at all in Burmese Politic will pay £10 for photo opportunity and that is exactly what is happening now. I adore Daw Suu but would not pay for it as she is worth more than that.

  1. Unknown said... :

    This is disgrace and even insult to our beloved Amay Suu. I don't think Amay is aware of this. Daw Suu has always emphasized the importance do transparency which is lacking here, sadly. Ridiculous!

  1. columbus said... :

    တစ်ခုခုတော့မှားနေသလိုဘဲ!
    မြန်မာစကားပုံတွေရှိတယ်
    ဆင်ဖြူတော်မှီပြီးကြံစုပ်၊ မျောက်ပြဆန်တောင်း၊
    NLD က မသိကြဘူးလား?

  1. Anonymous said... :

    လက်မှတ်မရောင်းရင် ၊ အဲဒါဆို ခန်းမငှါးခက မင်းခံမှာလား။

  1. ရှေးစာဆို said... :

    ဒေါ်စုက သူ.ကို ပိုက်ဆံပေးမှ တွေ.ရမယ်ဆိုတာမျိုး မဖြစ်စေချင်ပါ။ ဒါပေမယ့် ခန်းမက လူအကန်.အသတ် ရှိတာကြောင့် လက်မှတ်စံနစ်တော့ စီစဉ်ရပါတယ်။ ကျနော်သိသလောက် အမှန်တကယ် စီစဉ်ထားတာက "လက်မှတ်ကို လျှောက်ရမယ်။ လက်မှတ်မှာ နံပါတ်ပါမယ်။ နံပါတ်နဲ. လူကို register လုပ်ထားပြီးသားလူပဲ ၀င်ခွင့်ရမယ်။ ထိုင်ခုံကန်.သတ်ချက် ရှိလို.ပါ။ ဒါပေမယ့် လက်မှတ်အတွက် ပိုက်ဆံပေးဖို. မလိုပါဘူး။" အဲဒိအတိုင်း အတိအကျပါ။ ဒေါ်စု အမျိုးသား မိုက်ကယ်ရဲ. အမွှာအစ်ကို ကိုယ်တိုင် ကျနော့်ကို တိုက်ရိုက်ပြောခဲ့တာပါ။ တစ်ယောက်ယောက်က လက်မှတ်ကို ပိုက်ဆံနဲ. ရောင်းနေတာ သေချာရင် ဒေါ်စုနဲ. NLD HQ ကို အကြောင်းကြားစေချင်ပါတယ်။ လန်ဒန်က နိုင်ငံရေးအဖွဲ.အစည်းတွေကို လက်မှတ်တွေ ခွဲတမ်းနဲ. ထုတ်ပေးပြီးသားပါ။

    Reference : Ko Htike Facebook

    (NB. Our Mother will contribute for Hall rent .)

  1. Anonymous said... :

    ကဲ ..ကောင်းကြသေးရဲ့လား အရပ်ကတို့ရဲ့ ...

  1. Anonymous said... :

    ပြောရရင်တော့ဗျာ...ပွဲစီစဉ်သူတွေက လူအများလေးစားတဲ့သူတွေ မဟုတ်ဘူး။ အားလုံးက လုပ်စား၊ အချောင်သမား၊ အခွင့်အရေးသမား၊ နေရာယူချင်ကြ၊ ဆရာကြီး လူတတ်ကြီးတွေ လုပ်ချင်ကြတဲ့သူတွေ။ ပြီးတော့ အဲ့ဒါသာကြည့်...ဘယ်လောက်အရည်အချင်း ရှိကြလဲ၊ သူတို့ စိတ်ဓါတ်၊ ခံယူချက် ဘယ်လောက်မှန်လည်းဆိုတာ။ ပြောလိုက်ရင် ပိုက်ဆံ ဘယ်သူဆိုက်မလဲ၊ မင်းပေးမလားဆိုတာမျိုး။ အဲ့ဒီ UK အတိုက်အခံဆိုသူတွေ အားလုံး ကျိကျိတက် ချမ်းသာနေကြတာ။ အိမ်တွေဝယ် (တစ်လုံးတည်းတောင် မဟုတ်ဘူးနော်)၊ ကားတွေစီး၊ ဒေါ်စု ဒေါ်စုဆိုပြီး လေးစား၊ ကြည်ညိုလိုက်ကြတာ နှစ်ယောက်မရှိဘူး။ အခုလက်တွေ့ ကျ ကိုယ့်အိပ်ထဲက တစ်ပဲ၊ နှစ်ပြားတောင် မစိုက်နိုင်ကြ။ ဒါလားကွ နိုင်ငံရေး အဟေးဟေး။

  1. ကောင်းမြတ်သူ (ယူကေ) said... :

    ဒေါ်စုလာရင် မြန်မာတွေနဲ့တွေ.ဖို.စီစဉ်တဲ့ ROYAL FESTIVAL ခန်းမဟာ ဟောငှားခ ပေါင် ၁၃,၅၀၀ ပေရပါတယ်။ လူပေါင်း ၃၀၀၀ ဆန့်ပါတယ်။ ပထမတော့ ဟောငှားခကိုပေးမယ့်သူမရှိလို့ လက်မှတ် တစ်စောင် ၁၀ ပေါင်နဲ့ ရောင်းကြတာဖြစ်ပါတယ်။ လက်မှတ်တွေရောင်းတယ် လို.ကြားတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ် တိုင် အဲဒီလက်မှတ်အတွက် ကုန်ကျငွေကို ပေးလို. လက်မှတ်များကို အခုတော့ အခမဲပေးနေပါပြီ။ အဲဒီ လက်မှတ် ကိစ္စ အစည်းဝေးများကို လန်ဒန်က ဆရာတော် ဦးဥတ္တရ ကျောင်းမှာ လုပ်ကြတာပါ။ လာမဲ့ ၁၄-၆-၂၀၁၂ နေ.မှာလည်း အစည်းဝေးရှိပါသေးတယ်။ တက်ရောက်လိုက မည်သူမဆိုတက်နိုင်ပါတယ်။

    ကောင်းမြတ်သူ

  1. Anonymous said... :

    မင်းတို့ မလိမ်မာတာနဲ့ ဒေါ်စုပါ နံမည်ပျက် ကိန်းဆိုက်နေပြီ။ နဂိုကမှ မျက်စေ့ဒေါက်ထောက် ကြည့်ပြီး ဘယ်လိုအပုတ်ချ ရမလဲ စဉ်းစားနေသူတွေ ကြောင့် သူ့ခရီးစဉ် အထစ်အငေါ့တွေများရတဲ့အထဲ။ ကြည့်ပြောကြည့်လုပ်ကြပါ ကိုရွှေ အဝေးရောက်တို့ရာ။

  1. Anonymous said... :

    Oh My God!
    If this money was donated to people in Rakhine State, it would be more useful. 10 pounds is no much money for a person in UK.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved