သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံကို ရောက်လာပြီ

Sunday, July 22, 2012

ဓာတ်ပုံ- Yangon Media Group

သမ္ဗတ ဦးသိန်းစိန်ဟာ ယနေ့ ဇူလိုင်၂၂ ရက်နံနက် ၁၁ နာရီ ၅ မိနစ်က ထိုင်းနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်ပါ တယ်။

ထိုင်း- မြန်မာ ၂ နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အဖြစ်
သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ် ကို MAI လေကြောင်းလိုင်းနဲ့ ရောက်ရှိလာစဉ် ထိုင်းနိုင်ငံက ကောဇော နီခင်းပြီး ကြိုဆိုခဲ့ကြောင်း သိရပါတယ်။

ဦးသိန်းစိန်၏ ခရီးစဉ်သည် လွန်ခဲ့သည့် မေလကုန်က ဇွန်လဆန်းက ဒေါ်အောင်ဆန်းစုကြည်တက်ရောက်တဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာကတည်းက တက်ရောက်လာဖို့ အစီအစဉ်ရှိခဲ့ပေမယ့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်တာပါ။
နောက်ပိုင်း ထိုင်းအစိုးရ က ဆက်လက် ဖိတ်ကြားခဲ့ပေမယ့် ရခိုင်ပြည်နယ်အရေး၊ အစိုးရ အဖွဲ့အတွင်း ပြုပြင်
ပြောင်းလဲရေး လုပ်ငန်းစဉ်များရှိတဲ့အတွက် ခရီးစဉ်ကို ရွှေ့ဆိုင်းထားခဲ့တာလည်းဖြစ်ပါတယ်။



3 comments :

  1.ူlovecircle said... :

    သူများနိုင်ငံမှာ ဖုန်းလိုင်းတွေဘယ်လိုကောင်းတယ်
    ဘယ်လိုလုပ်တယ်၊SIMကတ်ဈေးနှုန်းတွေ ဘယ်လို ရှိတယ် ဆိုတာ လေ့လာစုံစမ်းခဲ့ပါအုံးသမ္မတကြီးခင်ဗျား။

  1. lovecircle said... :

    သမ္မတကြီးခင်ဗျာ ထိုင်းနိုင်ငံရဲ့လမ်းတွေကိုသေချာလေ့လာပြီး ကျွန်တော်တို့မြန်မာပြည်မှာ လည်း လမ်းတွေအဲဒီလိုကောင်းအောင် ခင်းပေးစေလိုပါတယ် ကျွန်တော်တို့မြန်မာနိုင်ငံကလမ်းတွေက ပြင်ပြီး(6)လကြာ ရင်ပျက်တော့တာပဲ။ကားတွေကတော့ အကောင်းတွေရောက်နေပါပြီ လမ်းကလေးတော့ကောင်းစေချင်ပါတယ်။

  1. Unknown said... :

    သမတကြီခဗျာကျွန်တော်မြန်မာတွေ ထိုင်းနိုင်ငံမှာ
    ကျွန်ခံနေတာကြည့်ရဲ့လားဗျာ ကျွန်တော်တို့ကိုပြန်ခေါ်မလိုလာတာလား
    မြန်မာဆိုထိုင်းတွေကအထင်သေးကြတယ်။
    မြန်မာဆိုရင်ပညာမတတ်၊အုံးနောက်မရှိဘူးလိုပြောကြတယ်။အဲ့လိုပြောလိုထိုင်းတွေသေသာလဲမနည်းတော့ဘူး။
    မြန်မာတွေလဲထောင်ထဲမှာမနည်းတော့ဘူး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved