ဓာတ်ပုံ- CJ myanmar
ကချင်ပြည်နယ်ရှိ စစ်ဘေးတိမ်းရှောင်နေကြသော စစ်ဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ကူညီနိုင်ရန် ရည်ရွယ်ကျင်းပမယ့် " ငြိမ်းချမ်းခြင်း သံစဉ်ည " အကပဒေသာ နှင့် ဂီတဖျော်ဖြေပွဲကို ဇူလိုင်လ ၉ ရက်နေ့မှာ မန္တလေး Oriental House မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး လက်မှတ်တစ်စောင်လျှင် ၃၀၀၀ိ/- ကျပ် နှုန်းဖြင့် ရောင်းချ သွားမှာဖြစ်ပါတယ်။အလှူငွေများ ထည့်ဝင်ခြင်းဖြင့်လည်းကောင်း ပါဝင်ကူညီကြပါရန် နှိုးဆော် ထားတာကိုတွေ့ရပါတယ်။
ငြိမ်းချမ်းခြင်း သံစဉ်ည ပွဲစဉ်မှာ အနုပညာရှင်များ စုံလင်စွာပါဝင် ဖျော်ဖြေသွားမှာလဲ ဖြစ်ပါတယ်။
စစ်ဘေးတိမ်းရှောင်သူတွေ အကူအညီများ အမြန်လိုအပ်နေပါတယ်။ တတ်နိုင်တဲ့ ဘက်က ဝိုင်းဝန်းကူညီပေးကြပါအုံးဗျာ။
https://www.facebook.com/photo.php?fbid=10150959523092885&l=8d9ca616e9