
ဒီတွေ့ဆုံမှုဟာ ဒုတိယအကြိမ်လည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ကုန်ပိုင်းက ဟီလာရီရဲ့ သမိုင်းဝင် မြန်မာနိုင်ငံ ခရီးစဉ် အတွင်း နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ ဟီလာရီတို့ တွေ့ခဲ့ကြပါသေးတယ်။
အခု တခေါက်တွေ့ဆုံကြမှာက အလွတ်သဘောဆန်တယ်လို့ တချို့ သတင်းတွေမှာ ဆိုထားပါတယ်။
မကြာခင် ရက်ပိုင်းကပဲ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရက်မစ်ချဲလ် ဟာ မြန်မာနိုင်ငံကို အလျှင်အမြန် သုပ်ခြေတင်ပြီး သူ့ရဲ့ သံအမတ်ခန့်အပ်လွှာကို သမ္မတထံ အပ်နှင်းလိုက်ပါတယ်။
သမ္မတ အိုဘားမားအစိုးရကလည်း မြန်မာအပေါ် ချမှတ်ထားတဲ့ စီးပွားရေးဒဏ်ခတ်မှုတွေ ဖယ်ရှားပြီး အမေရိကန် ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံကြဖို့ တနေ့ကပဲ ကြေညာလိုက်ပါတယ်။
သေချာတာကတော့ မြန်မာနိုင်ငံမှာ အမေရိကန် ကုမ္ပဏီတွေ လာတော့မှာဖြစ်ပြီး မြန်မာနိုင်ငံက အလုပ်လက်မဲ့ပြဿနာ အစိပ်အပိုင်းတချို့တော့ ပြေလည်သွားမယ့် လက္ခဏာပါ။
လူ့အခွင့်အရေး မလေးစားရင် တိုင်ကြားလည်း မထူးတဲ့ တရုပ်ကုမ္ပဏီတွေထက် အမေရိကန် ကုမ္ပဏီ က တော်ပါသေးတယ်လို့ တချို့မှတ်ချက်တွေလည်း သတိထားမိပါတယ်။
This new reflects that Irrawaddy personnels look not happy with the return of American Investments.