ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနဲ့ ၈၈ ခေါင်းဆောင်တို့ တွေ့ဆုံ

Monday, July 2, 2012


(ဇူလိုင်လ၊ ၁ ရက်) နံနက် ၉း၀၀ နာရီ အချိန်က ရန်ကုန်မြို့ ရွှေဂုံတိုင်တာဝါရှိ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ရန်ကုန်(ရုံးခွဲ) အစည်းအဝေးခန်းမတွင် ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ပြည်သူလွတ်တော် ရေးရာကော်မတီ ဥက္ကဌများပါဝင်သော အဖွဲ့နှင့် ၈၈မျိုးဆက်ကျောင်းသားများ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ကြပါတယ်။


ထိုဆွေးနွေးပွဲသို့ သူရဦးရွှေမန်း(ပြည်သူ့လွှတ်တော်ဥက္ကဌ)၊ ဦးမောင်မောင်သိမ်း(စီးပွားကူးသန်းရေးနှင့် ကုန်သွယ် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဌ)၊ သူရဦးအေးမြင့် (အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံရေးဖွံ့ဖြိုး တိုးတက်မှု ကော်မတီ ဥက္ကဌ)၊ ဦးဌေးမြင့်(ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဥက္ကဌ)၊ သူရဦးအောင်ကို (တရားစီရင်ရေးနှင့် ဥပဒေရေးရာဆိုင်ရာကော်မတီ ဥက္ကဌ)၊ ဦးအောင်သိန်းလင်း(ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု စီိစစ်ရေး ကော်မတီဥက္ကဌ)၊ ဦးခိုင်မောင်ရည် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) တို့ တက်ရောက်ခဲ့ကြပြီး ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့မှ မင်းကိုနိုင်၊ ကိုကိုကြီး၊ ပြုံးချို၊ မြအေး၊ ဂျင်မီနှင့် အံ့ဘွယ်ကျော် တို့ တက်ရောက်ခဲ့ကြပါတယ်။



နံနက် ၉း၀၀ နာရီမှ ၁၀း၃၀ နာရီအထိ တစ်နာရီခွဲကြာ ဆွေးနွေးခဲ့ကြရာတွင် အသွင်ကူးပြောင်းကာလ နှင့် ပတ်သက်သော အကြောင်းအရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ၈၈မျိုးဆက်ကျောင်းသားများက ယနေ့နိုင်ငံတော်၏ ဥပဒေ၊ နည်းဥပဒေ ကိစ္စရပ်များ၊ နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ရေးကိစ္စနှင့် ပြည်ပရောက် နိုင်ငံရေးအင်အားစုများ ပြန်လာနိုင်ရေး ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

သတင်း, ဓာတ်ပုံ-88 Generation Students

1 comments :

  1. May said... :

    I wish you to be successful more and more.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved