အပူဒဏ် နဲ့ အိတ်ကြောင့် ၈၆ ဦး ဆေးရုံရောက်

Tuesday, July 17, 2012



မိုင်အဲမလီ

(ဓာတ်ပုံများ - စည်သူ/ဧရာဝတီ)

ရန်ကုန်က မူကြိုကျောင်းတခုအတွက် လှူဒါန်းခဲ့တဲ့ ကြက်ဥအချဉ်ဟင်းနဲ့ ဂေါ်ဖီကြော်ကိုစားပြီး ကလေး၊ လူကြီး စုစုပေါင်း ၈၆ ဦး စနေနေ့ည ၈ နာရီခွဲလောက်က လှိုင်သာယာ ပြည်သူ့ဆေးရုံမှာ တက်ရောက် ကုသခဲ့ရပါတယ်။

လှိုင်သာယာမြို့နယ် ဒိုင်စုကျေးရွာက နှစ်ခြင်းခရစ်ယာန် အသင်းတော်က ဖွင့်ပေးထားတဲ့ မူကြိုကျောင်းအတွက် ၇ မိုင်က အလှူရှင် ဦးမန်းနယ်လဆင်က ကြက်ဥအချဉ်ဟင်းနဲ့ ဂေါ်ဖီကြော် ပါတဲ့ ထမင်းထုပ် ၁၂၀ ကို လှူဒါန်းခဲ့တယ်၊

ဒါတွေ စားကြပြီး ၂ နာရီလောက်အကြာမှာ မူးဝေ ၊ အော့အန်ကြတဲ့အတွက် ဆေးရုံကိုရောက်ရှိသွားတာဖြစ်တယ်လို့ သိရပါတယ်။

နေပူလွန်းတာရယ်၊ တနေရာကနေ တနေရာကို အလုံပိတ် အိတ်တွေနဲ့ သယ်ယူလာရတာရယ်ကြောင့် အချဉ်ဟင်းက အချဉ်ဓါတ်ပေါက်သွားပြီး စားမိသူတွေမှာ အခုလို လက္ခဏာမျိုး ဖြစ်လာကြတာပါ လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ရှင်းပြပါတယ်။


အလှူရှင် ဦးမန်းနယ်လစင်ဟာ ဒီကလေးတွေအတွက် အမြဲတန်းအလှူရှင်ဖြစ်ပြီး အခုလို လှူဒါန်းနေတာ ၃ နှစ်ကျော်ပြီ ဖြစ်ကြောင်း ကလေးတွေကို တာဝန်ယူ ထိန်းကျောင်းနေတဲ့ ဒေါ်လှဝင်းက ပြောပြပါတယ်။

1 comments :

  1. Anonymous said... :

    မန္တလေးနည်းပညာတက္ကသိုလ် စာတမ်းဖတ်ပွဲ မှာ ကျွေးခဲ့တဲ့ ခေါက်ဆွဲ ကြော်များကို စားသုံးမိခဲ့တဲ့ ပါမောက္ခချုပ် အပါအ၀င် ဆရာ/မ များ၊ စာတမ်းရှင်များ တော်တော်များများ ၀မ်းလျှောခဲ့တယ် လို့ သိရပါတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved