ကသာမြို့မှ တရားရေးမဏ္ဍိုင်

Saturday, July 21, 2012



လွတ်လပ်မှုရှိ လွန်းနေသော ကသာမြို့မှ တရားရေးမဏ္ဍိုင် (ခရီးသွားဧရာဝတီ)

နိုင်ငံတစ်ခုတွင် အရေးအကြီးဆုံးဖြစ်သောမဏ္ဍိုင်ကြီး(၄)ရပ်ရှိပါသည်။ ထိုမဏ္ဍိုင်လေးရပ် တည့်မတ်မှ သာလျှင် နိုင်ငံသူနိုင်ငံသားများ သက်သာချမ်းမြေ့မှုရကြမည်ဖြစ်ပါသည်။

ဤသို့ဆိုလျှင် မြန်မာနိုင်ငံ၏ တရားရေး မဏ္ဍိုင်ကရော ဘယ်လိုပါလဲ။ ဧရာဝတီခရီးသည်တစ်ယောက် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကိုရောက်တော့ အင်းတော်ဒေသခံတစ်ဦးက သူတို့နယ်မှာဖြစ်နေသည့် ကသာခရိုင် တရားရုံးနှင့် ပါတ်သက်သောနယ် ဒုက္ခပစ်စာ (တိုင်စာမရေးရဲလို့ပါဟုလည်းဆိုသည်) မိတ္တူကို လက်ထဲလာထည့်ပါသည်။

နိုင်ငံတော်တရား သူကြီးချုပ်ထံသို့လည်း ပို့ထားပြီးပြီဟုလည်း ဆိုပါသည်။ ခရီးသွားဧရာဝတီအနေနဲ့ စုံစမ်းကြည့်တော့လည်း ကသာခရိုင် တရားသူကြီး (အမျိုးသမီး)၏ အင်းတော်မြို့မှ လူယုံတော်အကြောင်း သိလာရသည်။

သူသည်တရားသူကြီး၏ အကြိုတော် အထောက်တော် ညာလက်ရုန်း ဖြစ်နေမှန်းသိခဲ့ရပါသည်။ ကသာခရိုင်တရားရုံးက ၀န်ထမ်းတွေ အကုန်သိကြသည့်အပြင် အကြောင်းသိနေ သည့် ခရိုင်တရားရုံးမှ သတင်းထောက် (ယခင် စာနယ်ဇင်းဥက္ကဌ) ကိုပင် မြို့နယ်ရုံး သို့ ရွေ့ပြောင်းခါ လက်ဦးမှုရယူထားကြောင်း စုံစမ်းသိရှိရပါသည်၊

(ခရီးသွား ဧရာဝတီ)

တိုင်းစာ သို့တည်းမဟုတ် ပစ်စာများကို ဖော်ပြပေးလိုက်ပါတယ်။










2 comments :

  1. မတရားတာလား တရားတာလား တင်ပြချင်ပါသည်။

    ပြည်ထဲရေးဝန်ကြီးဌာန ရဲတပ်ဖွဲ့အောက်က ဓာတုဗေဒ ဌာန ဟာ ဌာန တွင်းတိုင်စာ ပစ်စာရေး ပြီး စည်းလုံး မှု မရှိခဲ့တာ အရင့် အရင်ကထဲက ရာဇ၀င်ရှိခဲ့တဲ့ ဆရာကြီး တွေပါ။ တပ်က လာတဲ့ ချာတူးလန် ဆရာဝန်
    တပ်မှုးဆိုတဲ့ သူတွေက သူတို့ အထင်မကြီး မလေးစား
    ကြပါဘူး ။ အဲတော့ တပ်မှုး အဘ တွေကလဲ သူတို့ ကိုနှိပ်ကွပ် ထားပါတယ်။ ဒီ ရက်ပိုင်းအတွင်း ထွက် တဲ့
    PROMOTION နဲ့ သူတို့ ရုံးမှာ တိုင်စာ ပစ်စာ တွေ ရေးတဲ့ အဆင့် ထိရောက်ပြီး ဆူညံ နေ ကြပါတယ်။ သေအောင်ဖားပြီး ငွေတွေကုန် တဲ့သူနဲ့၊ အရင်ဝန်ကြီး လက်ထက် ကထဲက ပေးလာလိုက်တာ PROMOTION မှာ သူ့ နာမည် သေချာပေါက်ပါ မယ်လို့ အပိုင် တွက်ထားတဲ့ သူ၊ရာထူး တစ်ဆင့်ချင်းကို မတရား မမှန် မကန် ယူထားတဲ့ သူနဲ့
    ဒီရာထူးအတွက် ရှိသမျှ ပြောင် အောင် လောင်းထား တဲ့သူနဲ့ ဒီဌာန မှာ အရည် အချင်း ဆိုတာ ရော ရှိ သေး ရဲ့ လား ဗျာ၊ ယူထားတဲ့ ရာထူးတွေနဲ့ ရော ထိုက် တန်ကြရဲ့ လား အထက် အဆင့်ဆင့် က လူကြီးတွေ သုံးသပ်ဖို့ လိုအပ်နေပါ ပြီ၊ ဇတ် ရှုတ် လွန်းတဲ့ ဒီ ဓာတုဗေဒ အဖွဲ့ ကို ပြည်ထဲရေးအောက် မှာကို မထားသင့်ပါဘူး ၊ သူတို့ရဲ့ MOTHER UNIT ဖြစ်တဲ့ ကျမ်းမာရေးဝန်ကြီးဌာန အောက်ကို ပြန်ပို့တာ ဖြစ်ဖြစ်၊ CID အောက်ကိုပို့တာ ဖြစ်ဖြစ် လုပ်သင့်ပါတယ်၊ ဒီဌာနရဲ့ COMMANDER က သေနတ်ကိုင် ထားတဲ့ ရဲမှုးကြီး တစ်ယောက်လောက်မှ
    သူတို့ နဲနဲလောက် ဖြုံ မှာပါ။ ရဲလက်အောက်ပေမဲ့ အရပ်သား တွေမို့လို့ အမိန့် နာခံခြင်း လဲ မရှိပါဘူး။
    သူတို့ရုံးက လူတွေအားလုံး ရဲတွေ့ ရင် လိုချင် တောင်းချင် နေကြတာဘဲ ဆိုတာ သူတို့ ရုံး တွေနဲ့ ဆက်ဆံ နေရတဲ့ ရဲတိုင်း သိကြပါတယ်။ အမှုနဲ့ ဆိုင်တဲ့ သက်သေခံတွေ ပို့တိုင်း ဒီလိုပို့ ရင် ဟိုလိုလုပ်၊ ဟိုလိုပို့ ရင်ဒီလိုလုပ်နဲ့ သက်သက်မဲ့ ညှစ်တာပေါ့ဗျာ။ သူတို့လုပ်လို့ စုံခုံ၊ သက်ချုပ်၊ တစ်ဆင့်လျှော ဖြစ်ခဲ့ ရတဲ့ ရဲတွေလဲမနဲ တော့ ပါဘူး
    ဒါကြောင့် သူတို့ ကို ဘယ်တော့ မှ ရာထူး တိုး မပေး ဘဲနဲ့ အခုရှိနေတဲ့ ရာထူးတွေ တစ် ဆင့် လျှော့ပစ်ပါ။
    ပြန်လည် စီစစ်သင့်ပါတယ်

    pyawchin thu
    ဆက်လက်ပြောပါအုံးမယ်

  1. cleanwater said... :

    ပြီးပါလေရော။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved