Burma - Myanmar ဘယ်ဟာကို သုံးမလဲ

Monday, July 2, 2012

~


http://2.bp.blogspot.com/-Ow7smqrQvYY/T2ApU620JsI/AAAAAAAAFDc/9J7pPq4fdtE/s1600/0ioie00009oidre.jpg

ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၁၃-၃၀ ဥရောပခရီးစဉ်တလျှောက် ဟောပြောချက်၊ ဆွေးနွေးမှု၊ သတင်းစာရှင်းလင်းပွဲတွေမှာ မြန်မာပြည်ကို Burma လို့ပဲ ခေါ်ခဲ့ပါတယ်။

ခရီးစဉ်အဆုံးသတ်ချိန်မှာ ရွေးကောက်ပွဲကော်မရှင်က ဒီအကြောင်းကို သတင်းစာကတဆင့် အများသိအောင် သဘောထားကြေညာချက် ထုတ်လိုက်ပါတယ်။

မြန်မာနိုင်ငံအမည်ဖော်ပြတဲ့အခါ Burma အစား Myanmar လို့သာ သုံးနှုန်းဖို့ NLD ကို အသိပေး အကြောင်းကြားထားပါတယ် တဲ့။

ရွေးကောက်ပွဲကော်မရှင်ရဲ့ အကြောင်းကြားစာဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သတင်းလောက၊ မြန်မာ့နိုင်ငံရေးလောကကို ကိုင်လှုပ်လိုက်ပါတယ်။

Burma - Myanmar ဝေါဟာရ ငြင်းခုန်မှုတွေလည်း ပေါ်ပေါက်လာပါတယ်။

စာဖတ်သူကရော နိုင်ငံအမည်ကို အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြတဲ့အခါ ဘယ်လို သုံးချင်ပါသလဲ။ ဒီအကြောင်း ဧရာဝတီ ဘလော့မှာ စစ်တမ်း ကောက်နေပါပြီ။

ဒီ စစ်တမ်းမှာ ရွေးချယ်စရာ ၃ ခု တွေ့ရမှာပါ။

၁။ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း Myanmar လို့ သုံးမယ်။

၂။ နိုင်ငံအမည်ပြောင်းချိန်မှာ လူထုကိုမတိုင်ပင်ခဲ့ဘူး၊ ဒါကြောင့် Burma လို့ ဆက်သုံးမယ်။

၃။ ဘယ်လိုသုံးရမယ်ဆိုတာ မဆုံးဖြတ်ရသေးပါ။

အင်္ဂါနေ့ မြန်မာစံတော်ချိန် နေ့ခင်း ၁း၀၀ နာရီအထိ ဆန္ဒထုတ်ဖော်နိုင်ပါတယ်။
အဲဒီအချိန်ကျော်ရင်တော့ ရလဒ်နဲ့ ပတ်သက်ပြီး ဒီဘလော့မှာပဲ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။


~

16 comments :

  1. Anonymous said... :

    မြန်မာပြည်ဟာ ဗမာတိုင်းရင်းသား တစ်မျိုးတည်း ပိုင်တာ မဟုတ်ဘူး ဗမာပြည်လိုခေါ်တာ အခြားတိုင်းရင်းသားတွေကို စော်ကားရာရောက်ပါတယ်.မြန်မာပြည်လို့ဘဲ သုံးနှုန်းသင့်ပါတယ်

  1. Anonymous said... :

    (Burma/Myanmar) ဟုသုံးလျင် စကားများနေတာ သက်သာမည်ထင်ပါသည်

  1. Anonymous said... :

    မင်းတို.က တကယ်အမှန်ရော လုပ်မှာလား။ မင်းတို့လဲ အမြီးကျက် အမြီးစား ခေါင်းကျက်ခေါင်းစား လူစားတွေပါ။

  1. Unknown said... :

    myanmar လို့ခေါ်သင့်တယ်burmaဆိုတဲ့အသံထွက်၁၃၅မျိုးသောတိုင်းရင်းသားတွေကိုကိုယ်စားမပြုနိုင်ဘူးလို့အရပ်သားတွေးတွေးနိုင်ပါတယ်ဒါပေမယ့်အရပ်သဲားတွေးဟာလည်းအရေးပါပါတယ်
    .,chinaကိုကြည့်ပါလူမျိုးပေါင်းများစွာရှိပေမယ့်သူတို့ဟာchinaပဲမြနမာတွေလည်းဗမာဖြစ်ဖြစ်ရှမ်းဖြစ်ဖြစ်မိမိနိုင်ငံကိုမြန်မာလို့ဂုဏ်ယူဝင့်ကြွားစွာပြောနိုင်ရပါမယ်

  1. tun aung ko said... :

    Burma ဆိုတဲ့ စကားလုံး ကခေါ်ရတာ မာန်ပါတယ် ။ ပိုပြီး ကြိုက်တယ် ။

  1. Anonymous said... :

    ဘာပဲဖြစ်ဖြစ် ပြောင်းချင်သလို ဇွတ်ပြောင်းတာကို လက်မခံလို့  Burma ပဲခေါ်မယ်။

  1. Chit Chit said... :

    Myanmar လို.ဘဲခေါ်သင်.ပါတယ်

  1. Unknown said... :

    အလောင်းမင်းတရားကြီးက တတိယမြန်မာနိုင်ငံကိုပြန်လည်တည်ထောင်ခဲ့သည်ဟု သမိုင်းတွင်သင်ခဲ့ရပါသည်။ တတိယဘားမားနိုင်ငံကိုတည်ထောင်ခဲ့သည်ဟုမကြားဘူး၊ မသင်ဘူးးပါ။ မြန်မာဆိုသည့်နာမည်မှာ မူလအမည်ဖြစ်ပြီး ကျွန်တော်တို့ဘာသာစကားမှာလည်းမြန်မာဟုသုံးစွဲထားပါသည်။ ဘားမား ဆိုသည့်အမည်ကို မည်သူပေးခဲ့တယ်ဆိုတာ လူတိုင်းသိပါတယ်။ အဲဒီတော့ မျက်မှန်စိမ်းတတ်ပြီး ပိတ်ငြင်းနေကြမယ်ဆိုယင်တော့ ဘာမှမတတ်နိုင်ပါ။ ကိုယ့်တိုင်းပြည်ကျွန်လုပ်သွားသူတွေပေးခဲ့တဲ့အမည်ကို ဖက်တွယ်နေမယ်ဆိုလည်း ကိုယ့်သမိုင်းကိုယ်ရေးကြရမှာပါ။ ကျွန်တော်ကတော့ ၁၃၅ မျိုးသော တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့ မူလအမည် မြန်မာ ကိုပဲချစ်ပါတယ်

  1. Unknown said... :

    စကားပြောတယ်ဆိုတာလူအများနားလည်ဖို့ဘဲ BURMAနဲ့MYANMARဘာကိုနားထောင်တဲ့လူတွေနားလည်လဲဆိုတာစဉ်းစားရမယ်။နားထောင်တဲသူတွေနားလည်တဲ့စကားကိုသုံးတာအမှန်ဆုံးဘဲ ကျန်တာဘာမှထည့်တွက်စရာမလိုဘူး။ မြန်မာဖြစ်လို့မြန်မာမျိုးချစ်စိတ်ရှိလို့ဆိုပြီးကမ္ဘာကလူတွေကိုမြန်မာလိုပြောရင် အရူးဘဲဖြစ်မှာ ။ကမ္ဘာသူကမ္ဘာသားတွေသိစေချင်ရင်ကမ္ဘာသိတဲ့စကားနဲ့ဘဲပြောရမှာ လူတိုင်းနားလည်နိုင်ပါစေ။

  1. Ko Ko said... :

    Forever Burma for country and Forever Burmese for Nationality.

  1. Anonymous said... :

    I am Kachin.
    I am not Barma.
    I am not Myanmar.
    I don't like two.
    So how i can choice.

  1. Anonymous said... :

    ဒါဆို...ကွာန်းတွေထဲကလိုဘဲ..ဝေဖန်ကြည့်မယ်နော်...အယင့်....အယင် ဗိုလ်ချုပ်တို့..သွေးနဲ့ ရင်းပြီး..တိုင်းပြည်လွတ်လပ်ရေး တိုင်းပြည်
    ကောင်းစားရေးတွေ အတွက် ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ဗမာ့ကာကွယ်ရေး တပ်မတော်(BDA )နဲ့ ဗမာ့ လွတ်လပ်ရေး တပ်မတော်(BIA) ကို သမိုင်းပြန်လှန်ပြီး.....
    ပြောင်းပစ်လို့ရနှိင်ပါ့မလား..ပြီးတော့.. UNION OF BURMA ဆိုတာ ကျတော်တို့ အဘိုးအဘွားတွေ ပိုင်ဆိုင်ခဲ့ဖူးတဲ့ ရှေးယခင်
    တကမ္ဘာလုံး သုံးခဲ့တဲ့ ရွှေဒင်္ဂါးတွေ၊စက္ကူ ပိုက်ဆံတွမှာလည်း..ရှိခဲ့တာပါ..ဒါကိုမှ အခု
    ပြင်ပြီး ပြောင်းလဲ သုံးနှုန်းချင်တာဆိုယင်
    တော့ သမိုင်းကို ပြင်ဖို့ကြိုးစားနေတာပဲ..
    ကျတော်တို့ ဗမာလူမျိုးတွေ အတွက်က သမိုင်းရိုင်းခဲ့ပေါင်းလည်းမနည်းတော့ပါဘူး။
    ကျေးဇူးပြုပြညီးတော့..ကျတော်တို့ လက်ထက်မျာလည်း..ဒီသမိုင်းကို ရိုင်းအောင် ထပ်မလုပ်ကြပါနဲ့လို့
    တောင်းပန်ပါရစေ..ကျေးဇူးတင်ပါတယ်။

  1. Anonymous said... :

    နဝတ နအဖကို ထောက်ခံရင် မြန်မာလို့ ခေါ်ကြ၊ မထောက်ခံရင် ဗမာလို့ ခေါ်ကြရင် ကောင်းပါတယ်။

  1. Anonymous said... :

    တို့  ဗမာ အစည်းအရုံးနှင့် ဗကသကို ထောက်ခံပါတယ်။ ဗမာကို ထောက်ခံပါတယ်။

  1. Anonymous said... :

    Myanmar.....right.

  1. Anonymous said... :

    Whatever .it s no problem .the problem is who has given the name... If the name is given by a fair n public elected gov..we hv to call that given name..> Burman n Burmese, >…burma pyay n Burma naingngae have respective meanings..if Myanmar is ctry name then wht is d name citizens of Myanmar ? Still not in dictionary n not clear ..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved