Facebook ရောက် ဦးသန်းရွှေ

Sunday, July 1, 2012


မီဒီယာမှာ ပျောက်ချက်သားကောင်းနေတဲ့ ဦးသန်းရွှေနဲ့ ပတ်သက်တဲ့ ရေးသားချက်တချို့ကို ဒီကနေ့ Facebook မှာ တွေ့ရပါတယ်။
Facebook ဆိုတာက သိတဲ့အတိုင်း မဟုတ်တာရော၊ ဟုတ်တာရော၊ ကြော်ငြာတွေတွေရော တွေ့ရတဲ့ နေရာပါ။

ဒီနေ့တော့ ဦးသန်းရွှေရဲ့ "နာရေးသတင်း ကို မကြာမှီ ကြားရပါလိမ့်မည်" လို့ တယောက်က ခပ်တိုတို ခပ်တည်တည် ရေးထားတာကို ဖတ်ရပြီးတဲ့နောက်မှာ ဒီရေးသားချက် မှန်မမှန် စောင့်ကြည့်သူ အများအပြား Facebook ကို မျက်လုံးထောက်ဒေါက်ကြည့်နေကြပါတယ်။

အခုလေးတင် တက်လာတဲ့ သတင်းတပုဒ်ကတော့ ဒီလိုပါ -
"ဦးသန်းရွှေ ယနေ့နံနက်ပိုင်းက ကွယ်လွန်သွားသည် ဟူသော သတင်းမှာ မှန်ကန်မှု မရှိကြောင်း ပြည်ထောင်စု အစိုးရ အဖွဲ့ဝင် တစ်ဦးက The Voice Weekly သို့ ယနေ့မွန်းလွဲ သုံးနာရီခန့်တွင် အတည်ပြု ပြောကြားသည်" တဲ့။ The Voice Weekly Facebook မှာ တွေ့ရတာပါ။

ပြီးခဲ့တဲ့နှစ်မှာ တာဝန်တွေကနေ အနားယူသွားတဲ့ အာဏာရှင်ကြီး ဦးသန်းရွှေဟာ နေပြည်တော်ကအိမ်မှာ နေထိုင်တယ်လို့ သိရပါတယ်။

ဦးသန်းရွှေဟာ အငြိမ်းစားဘ၀ကို စာဖတ်ရင်း ကျော်ဖြတ်နေတယ်လို့ ဆိုပါတယ်။

9 comments :

  1. Anonymous said... :

    တားတား ရင်ထဲမှာ မကောင်းဘူး ...

  1. Anonymous said... :

    ဦသန်ရွှေနဲ့ဒေါ်ကြိုင်ကြိုင်ကျမ်းမာပါစေ။ ရွှေဓါတ်ငွေ့ပိုက်လိုင်း ကြီး ပြီးတဲ့အထိ အသက်ရှည်ပါစေ။

  1. Anonymous said... :

    Anyhow ဦသန်ရွှေနဲ့ဒေါ်ကြိုင်ကြိုင်ကျမ်းမာပါစေ။

  1. Anonymous said... :

    Can't die yet?

  1. Unknown said... :

    မြန်မာပြည်တိုးတက်လာတာကိုလည်းကြည့်သွားပါအုံး

  1. Anonymous said... :

    ကျ က် သေ၇ .. ကို မ ရှိ ဘူး... ဥ ပ တိ ရု ပ် ကို က လူ မ ဆန် တဲ့  လု ပ် ရ ပ် တွေ လု ပ် ရ ဒါ များ တော့  ကြာ လာ လေ လေ လူ ရု ပ် မ ထွ က် တော့  ဘူး...

  1. Anonymous said... :

    နေမကောင်းတောင်ဖြစ်သွားတယ် ...

  1. Anonymous said... :

    Uncle သန်းရွှေကို ငရဲမင်းက လန့် နေတယ်ကြားတယ် ... သူ့ ရဲ့ ငရဲပြည်ကို ရောင်းစား သွားမှာ စိုးလို့ တဲ့ ....

  1. အာ,,,,,,,ဟတ်လား သြော်အင်အင်....ကောင်းတာပေါ့နော်.......

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved