~
သတင်းနှင့်ဓာတ်ပုံများ - ဂျေပိုင်/ဧရာဝတီ ~

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုပေါ်ဦးထွန်း (မင်းကိုနိုင်)၊ ကိုဂျင်မီတို့ ပူးပေါင်းဆွဲသည့် ပို့စကတ်တခုကို စနေနေ့က ရန်ကုန်မြို့ နိဗ္ဗာန်ဈေးပွဲတော်တခုအတွင်း လေလံတင်ရောင်းချရာ အမျိုးသမီးငယ်တဦးက ဒေါ်လာ ၂၀၀ဖြင့် ၀ယ်ယူသွားသည်။
ကချင်နှင့်ရခိုင်ဒေသရှိကလေးငယ်များ ပညာရေးရန်ပုံငွေ နိဗ္ဗာန်ဈေးပွဲတော်ကို တော်ဝင်စင်တာတွင် ပြုလုပ်စဉ် ထိုသို့ ၀ယ်ယူသွားခြင်းဖြစ်သည်။
ဈေးပွဲတော်တွင် ရရှိသည့် အလှူငွေစုစုပေါင်း ကျပ်သိန်း၅၀ ခန့်ကို ကချင်နှင့်ရခိုင်ဒေသ ကလေးငယ်များ၏ ပညာရေးအတွက်သုံးမည်ဖြစ်ကြောင်း သိရသည်။
ယင်းပွဲကို ရန်ကုန်အခြေစိုက်ပရဟိတလူငယ်အဖွဲ့ ၁၇ဖွဲ့က ပူးပေါင်း ပြုလုပ်ခြင်းဖြစ်သည်။








လွယ်အိတ်တွင် မြင့်မြတ်တဲ့စစ်ပွဲဆိုတာ ဘယ်တော့မှ မရှိသလို ဆိုးဝါးတဲ့ငြိမ်းချမ်းရေးဆိုတာလည်း ဘယ်တော့မှ မရှိပါဘူး ဟု ရေးထိုးထားသည်။
~
မင်းကိုနိုင်နဲ့ ကိုဂျင်မီ ဒီမိုကရေစီသူရဲကောင်း၊ ကျောင်းသားခေါင်းဆောင်တို့ရေးဆွဲတဲ့ပို့စကတ်ပုံလေးအတိုင်း ကလေးသူမယ်များ သေနတ် နှစ်လက်ကို ဒါန်းလုပ်ပြီး စီးနိုင်သော ငြိမ်းချမ်းရေးခေတ်ကြီးကို အမြန်ရောက်ပါစေ။