AB မြောက်ပိုင်း ကိစ္စ အရိုးတွန်နေပြီ

Monday, August 27, 2012

-







မြောက်ပိုင်း ABSDF က သတ်ဖြတ်မှု ဖြစ်ရပ်များနဲ့ ပတ်သက်ပြီး အခု ဆိုရင် ကွယ်လွန်သူ တဦးဖြစ်တဲ့ ဦးမောင်စိန် သေဆုံးခဲ့ရမှုအတွက် သမီးဖြစ်သူက မြောက်ဥက္ကလာပ မြို့နယ် တရားရုံးမှာ လူသတ်မှု ကျူးလွန်သူများဖြစ်တဲ့ ထိုစဉ်က ABSDF ဥက္ကဌ အောင်နိုင်ပါ ၇ ဦးတို့ကို တရားစွဲလိုက်ပါတယ်။

တရားစွဲဆိုသူက ကျူရှင်ဆရာမ တဦးဖြစ်တဲ့ အသက် ၄၂ ဦးဖြစ်သူ ဒေါ်စန်းစန်းအေးဖြစ်ပြီး ကွယ်လွန်သူ ဖခင်ဖြစ်သည့် ABSDF တရားရေး တာဝန်ခံ ဦးမောင်စိန် အသတ်ခံလိုက်ရတဲ့ ကိစ္စအတွက် လွန်ခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့က တရားစွဲ ခဲ့တာလည်းဖြစ်ပါတယ်။

ဒါကို ပြည်တွင်း MONITOR ဂျာနယ်နဲ့ FAVORITE ဂျာနယ်တို့မှာလည်း ဒီသတင်း ကို ဖော်ပြပါရှိပါတယ်။ နောက်ထပ်လည်း တရားစွဲ ဆိုမှုတွေ ရှိလာမယ်လို့ ယခင် ABSDF မြောက်ပိုင်းပြန်တချို့နဲ့ နီးစပ် သူတွေက ဧရာဝတီကို ပြောပါတယ်။





-

1 comments :

  1. UShinGyi said... :


    ဒီမြောက်ပိုင်း ကျောင်းသားများအချင်းချင်း
    ရက်ရက်စက်စက် သတ်ဖြတ်ခဲကြတဲ ဒီအ
    မှူကို ပြန်လည်ဖော်ထုတ် အရေးယူသင့်ပါ
    ပြီ ။ ကျွန်တော်ကတော့ ဒီကိစ္စတွေကို ကို
    တွေ့ ခံစားခဲကြသူများရဲ့ ဖွင့်ဟ၀န်ခံချက်တွေကို
    internet မှာတော်တော်များများ
    ဖတ်ပြီးသိရှိပြီးပါပြီ။ ဒီလိုအဖြစ်စိုးတွေကို
    ဒီဖက်ခေတ် နိုင်ငံရေးလုပ်သူလူငယ်များ၊
    ကျောင်းသားများ သိကိုသိသင့်တဲ အဖြစ်
    စိုးကြီးပါ။ အာဏာရှင်ကို တော်လှန်ဖို့
    တောခို လက်နက်ကိုင်ပါတယ်ဆိုမှ
    တောထဲမှာ ကျောင်းသားအချင်းချင်း
    အာဏာလု ရက်ရက်စက်စက်ခေါင်းဖြတ်
    လူသတ်ပွဲကြီးကို ယနေ့လူငယ်များ
    သိကိုသိသင့်တဲ အဖြစ်စိုးကြီးပါ။ ဒီ
    အဖြစ်စိုးကြီးကို ကျူးလွန်သူ တာဝန်ရှိသူများယနေ့
    ထိ သက်ရှိထင်ရှာရှိနေကြပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved