ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါလာတဲ့ ၈၈ ရဲ့ ခြေလှမ်း

Wednesday, August 15, 2012


ဓာတ်ပုံ- ၈၈


မြန်မာနိုင်ငံ ငြိမ်းချမ်းရေး စကားပြောဆိုမှု ဖြစ်စဉ်ထဲကို ၈၈ မျိုးဆက်တွေလည်း ပါဝင်လာပါတယ်။ မကြာသေးမီ သြဂုတ်လ ၁၂ ရက်နေ့က ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်
တွေဖြစ် တဲ့ ကိုမင်းဇေယျ၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုအောင်သူ စတဲ့သူတွေ တက်ရောက်ခဲ့ပါတယ်။



ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင်၊ ဗဟိုပြန်ကြားရေးနှင့် ဆက်ဆံရေးတာဝန်ခံ ဦးစောသမိန်ထောနဲ့ ဆွေးနွေး မှုတွေလုပ်ခဲ့ကြပါတယ်။



ဒါဟာ ၈၈ မျိုးဆက်တွေရဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ကိစ္စ တွေ့ဆုံမှု ဒုတိယ ခြေလှမ်း လည်းဖြစ်ပါတယ်။ ပထမ ခြေလှမ်းအနေနဲ့ လွန်ခဲ့တဲ့ လပိုင်းက မြန်မာနိုင်ငံ မြောက်ဖျားက ကချင်ပြည်နယ်က ကချင်လွတ်မြောက်ရေး အဖွဲ့ KIO၊ KIA ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှု လုပ်ခဲ့ပါသေးတယ်။


၈၈ မျိုးဆက်ကျောင်းသားတွေဟာ အုပ်စုတွေ ခွဲပြီး မြန်မာနိုင်ငံ အနှံအပြားကို ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ်တွေလည်း ထွက်နေကြပါတယ်။


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved