ဦးအောင်သိန်းလင်းနှင့် ဦးဌေးဦးတို့ကို အရေးယူပေးပါ

Monday, August 27, 2012


အပိုင်း – ၃

အပိုင်း ၁ နဲ့ ၂ မှာ ရန်ကုန်မြို့တော်ဝန်ဟောင်းဦးအောင်သိန်းလင်းနဲ့ ကြံ့ဖွံ့အထွေထွေအတွင်းရေးမှူး ဦးဌေးဦး တို့ကို အရေးယူပေးဖို့ အကြောင်းနဲ့ မြို့တော်ဝန်ရဲ့ဖြတ်စား၊ လာဘ်စားနဲ့ သူခိုး အကြီးစားဖြစ်ပုံ အချို့ကိုဖေါ်ပြ ထားပြီးပါပြီ။

ခုအပိုင်း ၃ ကို ဆက်လက် တင်ပြမှာဖြစ်ပါတယ်။

ရန်ကုန်မြို့တော်ဝန်ဟောင်းအောင်သိန်းလင်းဟာပြည်တွင်းမှာ နည်းမျိုးစုံနဲ့ ဖြတ်စားလာဘ်စား၊ ခိုးဝှက်ထားတဲ့ ငွေတွေနဲ့ နိုင်ငံတော်ဘဏ္ဍာငွေတွေကို တရားမ၀င်နည်းနဲ့ ပြည်ပကို ကဲ့ထုတ် ပြီးနိုင်ငံခြားဘဏ်တွေမှာ သူရယ်၊ သူ့ဇနီးဒေါ်ခင်စန်းနွယ်၊ သမီး မသီတာမျိုး နာမည်နဲ့ အောက်ပါဘဏ်တွေမှာ လျှို့ဝှက် အပ်နှံတာ တွေ့ရပါတယ်။

အဲဒီဘဏ်တွေက – (က) The Reserve Bank of Australia ဘဏ်။ (ခ) Bank of England ဘဏ် (ဂ) European Union Bank စတဲ့ဘဏ်တွေမှာ အပ်နှံထားကြတာဖြစ်ပါတယ် ။

(က)။ ။အဲဒီAustralia ဘဏ်ရဲ့ထုတ်ပြန်ချက်အရ နအဖ ကောင်စီနဲ့ ၄င်းတို့မိသားစုဝင်တွေ၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေနဲ့ ၄င်းတို့ မိသားစုဝင်တွေ၊ တိုင်းမှူးတွေနဲ့  ၄င်းတို့မိသားစုဝင်တွေ၊ ဌာနဆိုင်ရာ၊ စစ်ဘက်၊ အရပ်ဘက် အကြီးအကဲတွေနဲ့ ၄င်းတို့အားလုံးနဲ့ ပတ်သက်တဲ့ အကျိုးတူစီးပွားဘက်တွေ စုစုပေါင်း ၄၆၄ ယောက်ထဲမှာအောင်သိန်းလင်းမိသားစု ၃ ယောက်လုံးလည်းပါဝင်ပါတယ်။

အဲဒီကြေညာချက်ထဲမှာ ဘဏ်အပ်တဲ့အမှတ်စဉ်မှာ အောင်သိန်းလင်း က နံပါတ် ၃၃၆ ယောက်မြောက်ဖြစ် တာတွေ့ရပါတယ်။ အသေးစိတ်သိလိုပါက http://www.rab.gov.au/Media/Releases/2008/Mr_08_23.html ကြည့်ပါ။

(ခ)။ ။ Bank of England ဘဏ်

ဒီဘဏ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ နအဖ ကောင်စီဝင်နဲ့ မိသားစုဝင်တွေ၊ ဌာနဆိုင်ရာ၊ စစ်ဘက် အရပ်ဘက်ဆိုင်ရာ အကြီးအကဲနဲ့ မိသားစုဝင်တွေ၊ ၄င်းတို့အားလုံးနဲ့ပတ်သက်တဲ့ အကျိုးတူစီးပွားဘက်တွေစုစုပေါင်း ၅၁၅ ယောက် ထဲမှာ အောင်သိန်းလင်းမိသားစု၃ယောက်လည်းပါဝင်ပါတယ်။ အဲဒီကြေညာချက်အရ ဘဏ်အပ်တဲ့ အမှတ်စဉ်မှာ 139ယောက်မြောက် နေရာမှာတွေ့ရပါတယ်။ အသေးစိတ်သိလိုပါက – ခေတ်ပြိုင်၊2009-3-23 ကိုကြည့်ပါ။

(ဂ)။ ။ European Union ဘဏ်မှာလည်း အထက်ပါအတိုင်း နအဖ အုပ်စုဝင်တွေအားလုံးနဲ့ ၄င်းတို့နဲ့ ပတ်သက် သူစုစုပေါင်း၅၃၈ ယောက်ထဲမှာအောင်သိန်းလင်း မိသားစု ၃ ယောက်လုံးပါဝင်နေပါတယ်။

E.U ဘဏ်ရဲ့ 15-4-2012 နေ့စွဲပါ ရေတွက်ပုံကတမျိုးပါ။ အမျိုးအစားအလိုက် A.B.C.D ကနေ K အထိ အုပ်စုလိုက် ခွဲထားပါတယ်။ ဥပမာ – A ဆိုရင် – A. Former State Peace and Development Council (SPDC) ဖြစ်ပါတယ်။

အဲဒီအုပ်စုထဲမှာ နအဖ ကောင်စီဝင်နဲ့၎င်းတို့မိသားစုဝင်၂၁ ယောက်ရှိပါတယ်။ B ဆိုရင် – B . Reginal Commanders ဖြစ်ပြီး တိုင်းမှူးနဲ့၎င်းတို့မိသားစုဝင်၃၇ ယောက်ပါဝင်ပါတယ်။C ဆိုရင် C. Government ဖြစ်ပြီး အစိုးရအဖွဲ့ဝင်တွေနဲ့၎င်းတို့မိသားစုဝင် ၉၆ ယောက်ပါရှိပါတယ်။

ခုလိုခွဲပြတဲ့အထဲမှာ အောင်သိန်းလင်းမိသားစု ၃ ယောက်က I.a အုပ်စုထဲမှာပါဝင်နေပါတယ်။ I.a ဆိုတာ I.a Former Union Solidarity and Devolopment Association (USDA) ဖြစ်ပြီး ကြံ့ဖွံ့အသင်းဝင်နဲ့ မိသားစု ၁၉ ဦးထဲမှာပါဝင်ပါတယ်။ အသေးစိတ်သိလိုပါက Official Journal of the European Union, Annex ІІ, 15-4-2011 ကိုကြည့်ပါ။

အထက်ပါနိုင်ငံတွေရှိဘဏ်များက မြန်မာ နအဖ စစ်အစိုးရရဲ့ ပြည်သူလူထုအပေါ် လူ့အခွင့်အရေးကို နည်းမျိုး စုံနဲ့ ချိုးဖေါက်လို့ ပြစ်ဒဏ်ခတ်တဲ့ အနေနဲ့ အဆိုပါစစ်အုပ်စုဝင်တွေ လျှို့ဝှက်အပ်နှံထားတဲ့ ဘဏ်စါရင်း တွေကိုထုတ်သွင်းလို့ မရအောင် ပိတ်ဆို့လိုက်ကြောင်း ကြေညာတော့မှ နအဖ ဥက္ကဋ္ဌကြီးနဲ့ခိုးသား ၅၀၀ စာရင်းကိုရပါတယ်။

အထက်ပါနိုင်ငံများအပြင်အခြားနိုင်ငံတွေမှာအောင်သိန်းလင်းမိသားစုအပ်နှံထားဦးမယ်လို့ယုံကြည်ရပါတယ်။ ထပ်မံတွေ့ရှိပါက ထပ်မံဖြည့်စွက်တင်ပြပါမယ်။

ကဲ – ခုလောက်ဆို မြို့တော်ဝန်အောင်သိန်းလင်းဟာ သူ့ဒေသခံတွေရဲ့မဲဆန္ဒရှင်တွေအပေါ်၊ သူ့ဌာနအပေါ် ဘယ်လောက် လိမ်ညာလှည့်စားတယ်၊ နိုင်ငံတော်အပေါ် ဘယ်လောက် သစ္စာမဲ့တယ်ဆိုတာ သိလောက်ပါပြီ။ ခုနောက်တုံး အဆစ် အနေနဲ့ –အပေါ်ကိုမြှောက်ဖါး ပြီး အောက်ကို ဟောက်စားတတ်တဲ့ အောင်သိန်းလင်းတို့ ဇနီးမောင်နှံရဲ့ ရွံစရာကောင်းတဲ့လုပ်ရပ်တွေကိုကြည့်ပါ –

အောင်သိန်းလင်းဟာ – မြောက်ကိုရီးယားနဲ့ တရုတ်ကို ချီးကျူးပြောဆိုကြောင်း၊
– အမေရိကန်ကို မုန်းတီးရေးပြောဆိုပေမယ့် သူ့ရုံးခန်းရှိ ပစ္စည်းအားလုံးနီးပါးဟာ အမေရိကန်ပစ္စည်းများ ဖြစ်ကြောင်း

– ရန်ကုန်မြို့တော်ဝန်များအနက် လာဘ်အစားဆုံး၊ လူမုန်းအများဆုံး မြို့တော်ဝန်ဖြစ်ကြောင်း သိရပါတယ်။
ဇနီး ဒ်ါခင်စန်းနွယ်ဟာ – အဂတိလိုက်စားရာတွင် နာမည်ကြီးကြောင်း၊

– ခင်ပွန်းသည်အတွက်မကြာခဏယတြာချေကြောင်း

– အကောင်းစား လက်ဆောင် တွေကို ဒေါ်ကြိုင်ကြိုင် ထံ မကြာခဏသွားပေးကြောင်းသိရပါတယ်။ (ဧရာဝတီ၊ ၂၂-၂-၂၀၁၁)

အထက်ဖေါ်ပြပါအကြောင်းအချက်တွေကိုထောက်ရှုခြင်းအားဖြင့် လွှတ်တော်ကိုယ်စားလှယ် အောင်သိန်းလင်းဟာ လွှတ်တော်တွင်ဆက်ရှိနေသမျှ ကာလပတ်လုံး တိုင်းပြည်ဆက် နာ နေရမှာဖြစ်ပါတယ်။

အကြောင်းမှာ တိုင်းပြည်နဲ့လူမျိုး ကေါင်းကျိုးထက် သူ့ ကေါင်းကျိုးအတွက်သာ ပြောဆိုလုပ်ကိုင် နေတာဖြစ်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

ဒါ့ကြောင့် သူ့ ကိုလွှတ်တော်ကအမြန်ဆုံးထုတ်ပယ်ဖို့ နိုင်ငံသား တယောက်အနေနဲ့ သမတကြီးနဲ့ လွှတ်တော်
ဥက္ကဌကြီးတို့အား မေတ္တာရပ်ခံတောင်းဆိုအပ်ပါတယ်။

ရွှေပြည်စိုး


6 comments :

  1. Anonymous said... :

    တယ်ခက်သကိုး၊
    ဘယ်သူက အရေးယူမှာလဲ။
    တောင်ကျောင်းက ဖိုးသူတော် ငါးမျှားတာကို မြောက်ကျောင်းက ဖိုးသူတော်က ပြောင်းဖူးခိုးရင်း မြင်ခဲ့တယ်ဆိုသလို အတူတူနဲ့ အနူနူချည်းဖြစ်နေတာ။
    သူတို့ထိမည့် အဆိုမှန်သမျှ လွှတ်တော်ကြီးကလဲ ပယ်ချနေတယ်လေ။

  1. Anonymous said... :

    သူခိုးများကို အရေးယူဖို့ အရေး သူခိုးတွေကိုမဲပေးခိုင်းတော့ ဘယ်အောင်မြင်မလဲ

  1. အလွန်ကိုခိုင်မာတဲ့ဒီလိုအထောက်အထားတွေကိုတင်ပြနေပါလျှက်နဲ့မှ
    အရေးမယူကြရင်တော့Anonymousပြောသလိုဖြစ်နေပြီ။ထိထိရောက်
    ရောက်အရေးယူနိုင်အောင်စာဖတ်ပရိတ်သတ်အပေါင်းတို့က၀ိုင်းဝန်ဆော်
    သြပေးကြပါ။

  1. gratualအလွန်ကိုခိုင်မာတဲ့ဒီလိုအထောက်အထားတွေကိုတင်ပြနေပါလျှက်နဲ့မှ
    အရေးမယူကြရင်တော့Anonymousပြောသလိုဖြစ်နေပြီ။ထိထိရောက်
    ရောက်အရေးယူနိုင်အောင်စာဖတ်ပရိတ်သတ်အပေါင်းတို့က၀ိုင်းဝန်ဆော်
    သြပေးကြပါ။

  1. Anonymous said... :

    အောင်သိန်းလင်း အမေရိကန်ပစ်စည်းကြိုက်တာမဆန်းပါဘူး အီရတ်က ဆက်ဒန် လဲမြေကျင်းပုန်းတော့ ဒေါလာတွေနဲ့ လေ အမေရိကန်ကိုမုန်းတာ အမေရိကန်ငွေတော့ ပုန်းလဲသယ်သွားတယ်လေ

  1. Anonymous said... :

    သမ္မတကြီးခင်ဗျား။
    ဒီသူခိုးကြီးများကို ချက်ချင်ကြီးမဟုတ်တောင် ဖြေးဖြေးချင်း တစ်ယောက်ချင်း ဖြုတ်ပေးပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved