ကသာမြို့မှ တရားရေးမဏ္ဍိုင် - ၂

Thursday, August 9, 2012

~ ကသာမြို့ အပေါ်စီး မြင်ကွင်း ~

အထက်နတ်..အောက်နတ်တွေအားကိုးနဲ့ ရမ်းနေမြဲ ရမ်းနေဆဲ ကသာခရိုင်တရားသူကြီး...
နယ်လှည့် သတင်းသမားတစ်ဦး

ဧရာဝတီဘလော့မှာ စစ်ကိုင်းတိုင်းဒေသကြီးအပိုင် အင်းတော်မြို့နယ်က အမှုသည် တစ်ယောက်ရဲ့ ကသာခရိုင် အမျိုးသမီး တရားသူကြီးအပေါ် တိုင်တဲ့စာကို ဖေါ်ပြခဲ့ပါတယ်၊

အဲဒီလိုဖေါ်ပြခဲ့ပြီး(၃)ရက်အကြာမှာတော့ ကသာမြို့နယ်က ရှေ့နေတွေ၊ ကသာခရိုင် တရားရုံးက ၀န်ထမ်းတွေ အကုန်လုံးကို မုံရွာမြို့မှာရှိတဲ့ တိုင်းတရားရုံးက ခေါ်ယူ စစ်ဆေးခဲ့ပါတယ်၊

စစ်ဆေးခံခဲ့ရသူအားလုံးကလည်း အမှန်အတိုင်းပဲ သိသမျှကို ထွက်ဆိုခဲ့ကြတယ်၊ ရှေ့နေတစ်ယောက်က များဆိုရင် မိတ္တူကူး ပရင့်ထုတ်ထားတဲ့ ဧရာဝတီဘလော့စာမျက်နှာပါ အချက်များ အားလုံးအကုန် မှန်ကန်ကြောင်း လက်မှတ်ထိုးခဲ့ပါတယ်၊

တိုင်းတရားရုံးက နောက်ဆုံး ခေါ်ယူ စစ်ဆေးခဲ့တာကတော့ ကသာခရိုင်တရားသူကြီး ဖြစ်ပါတယ်။

ခရိုင်တရားသူကြီး ကသာမြို့ကိုပြန်ရောက်လာတော့ တစ်ရုံးလုံးက ၀န်ထမ်းတွေရဲ့ မျက်နှာတွေ ကိုယ်ခန္ဓာတွေပေါ်ကို သစ္စာပန်းကို ရေစွတ်ပြီး လိုက်ပက်တယ် ဆိုပဲ၊ ပါးစပ်ကလည်း မကောင်းဆိုးဝါးတွေ ထွက် ထွက်လို့ အသံထွက်ပြီးပြောပါတယ် တဲ့၊

ဝန်ထမ်းတွေခမြာလည်း အောက်ခြေ၀န်ထမ်းတွေပီပီ အနိုင်ကျင့်သမျှ ခံနေရလို့ ဒေါသဖြစ်ကြရတယ်လို့ မျက်မြင်တွေ့ခဲ့ရတဲ့ ရှေ့နေတစ်ဦးက ဆိုပါတယ်၊

ဒီဖြစ်စဉ်ကိုလည်း ၀န်ထမ်းအားလုံး ခေါ်စစ်လို့ရတယ်လို့လည်း ဆိုပြန်ပါတယ်၊ ဒါပေမယ့် စစ်လို့ အမှန်ပေါ်ရင်လည်း ခရိုင်တရားသူကြီးက ဘာမှ မဖြစ်နိုင်ပါဘူးလို့ အတွင်းသိတွေက တီးတိုး ပြောနေကြပါတယ်၊

တရားရုံးက၀န်ထမ်းတွေမှာလည်း အမှန်အတိုင်း ထွက်ခဲ့တာ မှားများမှားနေပြီလား ဆိုပြီး အတော်ကလေးကြောက်နေရပြန်ပါသတဲ့..၊

ဒီကြားထဲ ရုံးက ၀န်ထမ်းအပျိုမလေးတစ်ဦးကို အပြစ်မရှိ အပြစ်ရှာပြီး ပက်ပက်စက်စက် မကြားဝံ့ မနာသာတွေ ပြောဆို ဟိန်းဟောက်လိုက်လို့ ၀န်ထမ်း အပျိုမလေးဟာ ရှက်လွန်းလို့ တက်သွားပြီး ကသာဆေးရုံ ပို့လိုက်ရပြန်ရော တဲ့၊

အဲဒီကိစ္စကိုလည်း အထက်လူကြီးတွေဆီ တရားဝင် တိုင်စာပို့ထားပြီးပါပြီ တဲ့၊

နေပြည်တော်ရုံးချုပ်ကနေ ပြောင်းလာတဲ့ အဲဒီ ခရိုင်တရားသူကြီးအမျိုးသမီးဟာ အထက်လူကြီးတွေကိုလည်း ပိုင်ပါသတဲ့၊

နေပြည်တော်က တရားရေး လူကြီးမင်းတို့ရေ.. ဒီကိစ္စကို အမြန်ဆုံးနဲ့ အမှန်အတိုင်းလေးလည်း စီရင်ပေးရေးဖို့ ဒေသခံတွေက မျှော်လင့်နေကြပါတယ် တဲ့..။

ဆက်စပ် -
ကသာမြို့မှ တရားရေးမဏ္ဍိုင်

1 comments :

  1. Anonymous said... :

    ဒီတရားသူကြီးမကိုမှမဖြုတ်ရင်တော့မြန်မာ
    ပြည်ကြီးမှာတရားဥပဒေစိုးမိုးရေးဆိုတာ
    ပါးစပ်ကဘယ်လောက်ဘဲအမြုပ်ထွက်အောင်
    အော်အော်အဖွဲ့ဘယ်လောက်ဖွဲ့ဖွဲ့ဒုံရင်းကဒုံရင်းဘဲဖြစ်မှာဘဲ။အမေစုရေကြည့်လုပ်ပေးပါအုံး။
    တရားဥပဒေစိုးမိုးမှုရှိအောင်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved