၈ ဂဏန်းပိုင်ရှင်တို့အတွက် အသုံးချ ဂဏန်းဗေဒင်

Saturday, August 18, 2012


မောင်မောင်မြင့်သန်းမောင် ~


ဇန်နဝါရီလ ၈၊ ၁၇ နှင့် ၂၆ ရက် များတွင် မွေးဖွားသူများ

ဇန်နဝါရီလ ၈ ဂဏန်းရက်ဖွား များအတွက် အရေးကြီးသော ဂဏန်းများမှာ ၄ ဂဏန်းနှင့် ၈ ဂဏန်းများဖြစ်ကြသည်။
မည်သည့်လတွင်မဆို ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆ နှင့် ၃၁ ရက် များသည် မိမိဘဝအတွက် အရေး ကြီးသော ရက်စွဲများဖြစ်တတ်သည်။

စနေနေ့သည် ၈ ဂဏန်း ရက်ဖွားများအတွက် အရေးအကြီး ဆုံးသောနေ့ ဖြစ်သည်။ တနင်္ဂနွေနှင့် တနင်္လာ နေ့များသည်လည်း အရေး ကြီးသည်။
၎၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆ နှင့် ၃၁ ရက်များ သည် စနေ၊ တနင်္ဂနွေ၊ တနင်္လာနေ့များဖြစ်ပါက ပို၍ အရေး ကြီးသည်။
ဒီဇင်ဘာလ ၂၁ ရက်မှ ဖေဖော် ဝါရီလ ၁၉ ရက်အတွင်း ကျရောက် သော ၄ ဂဏန်းနှင့် ၈ ဂဏန်းရက် များတွင် အထူးအကောင်အထည်ဖော် သင့်သည်။ ထီထိုးသင့်သည်။

၎ ဂဏန်း နှင့် ၈ ဂဏန်း များကို ရွေးချယ်အသုံးပြုသင့် သည်။ အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီ နံပါတ်စသည့် နံပါတ်များကို ဂဏန်း များအားလုံး ပေါင်းရကိန်း ၄သို့ မဟုတ် ၈ ဂဏန်းရသော နံပါတ် များကို ရွေးချယ်သင့်သည်။
ထီအက္ခရာအဖြစ် ဃ၊ ဇ၊ ဋ၊ ထ၊ ဖ၊ ယ၊ ဟ အက္ခရာများကို ရွေးချယ်သင့်သည်။

ခရမ်းရင့်ရောင်၊ မရမ်းပြာရောင်၊ နက်ပြာရောင်၊ ပင်လယ်ပြာရောင်၊ နီ လာရောင်နှင့် မီးခိုးရောင်အနု၊ အရင့် အရောင်အသွေးများသည် မိမိနှင့် ဓာတ်တည့်ပြီး ကံနိမိတ်ကောင်းစေ တတ်သဖြင့် အဝတ်အထည်၊ ယာဉ်၊ ကား၊ အသုံး အဆောင်ပစ္စည်းအရောင် များအဖြစ် ရွေးချယ်ဝတ်ဆင်အသုံး ပြုသင့်သည်။
မိမိအတွက် ကံနိမိတ်ကောင်း စေတတ်သော နီလာကို အဆောင် ရတနာအဖြစ် အမြဲဝတ်ဆင်ထားသင့် သည်။

မည်သည့်လတွင်မဆို ၄ ဂဏန်းရက်ဖွားများနှင့် ၈ ဂဏန်း ရက်ဖွားများအပေါ် ဆွဲဆောင်မှုရှိတတ် သော်လည်း ၄င်းတို့သည် ယေဘုယျ အားဖြင့် မိမိအပေါ် ကောင်းကျိုး မပြု တတ်ချေ။
မိမိဘဝ သက်တမ်းတွင် အရေး ကြီးသော အကျိုးအပြစ်ထူးထူးခြား ခြား ဖြစ်ပျက်တတ်သော အသက်နှစ် များမှာ ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆၊ ၃၁၊ ၃၅၊ ၄ဝ၊ ၄၄၊ ၄၉၊ ၅၃၊ ၅၈၊ ၆၂၊ ၇၁ နှင့် ၈ဝ နှစ်များဖြစ်ကြ သည်။

ဖေဖော်ဝါရီလ ၈၊ ၁၇ နှင့် ၂၆ ရက် များတွင် မွေးဖွားသူများ

ဖေဖော်ဝါရီလ ၈ ဂဏန်းရက် ဖွားများအတွက် အရေးကြီးသော ဂဏန်းများမှာ ၄ ဂဏန်းနှင့် ၈ ဂဏန်းများပင်ဖြစ်သည်။
ဖေဖော်ဝါရီလ ၈ ဂဏန်းရက် ဖွားအားလုံးသည် မိမိတို့ အကြံ အစည်၊ လုပ်ငန်း ကိစ္စများကို မည် သည့်လတွင်မဆို ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆ နှင့် ၃၁ ရက်များတွင် လုပ် ဆောင်သင့်သည်။ထီထိုးသင့်သည်။

ဖေဖော်ဝါရီလ ၂၆ ရက်မွေးဖွား သော ၈ ဂဏန်းရက်ဖွားဖြစ်ပါက ၃၊ ၁၂၊ ၂၁ နှင့် ၃ဝ ရက်များသည် လည်း မိမိအတွက် ကံကောင်းစေ တတ်သဖြင့် မိမိတို့၏ လုပ်ငန်းကိစ္စ များကို ဆောင်ရွက်သင့်သည်။ ထီထိုးသင့်သည်။
၈ဂဏန်းရက်ဖွားများအတွက် စနေ၊ တနင်္ဂနွေ နှင့် တနင်္လာနေ့ များ သည် အရေးကြီးသော နေ့များ ဖြစ်ပြီး စနေနေ့သည် အရေးကြီးဆုံး နေ့ဖြစ်သည်။

ဖေဖော်ဝါရီလ ၂၆ ရက်တွင် မွေးဖွားသော ၈ ဂဏန်းရက်ဖွားဖြစ် ပါက စနေ၊ တနင်္ဂနွေ၊ တနင်္လာနေ့ များထက် ကြာသပတေးနေ့သည် ပိုမို ၍ အရေးကြီးပြီး ကံကောင်းစေ တတ်သည်။ ဖေဖော်ဝါရီလ ၁၉ ရက် မှ မတ်လ ၂ဝ ရက်အတွင်း နှင့်နိုဝင် ဘာလ ၂၁ ရက်မှ ဒီဇင်ဘာလ ၂ဝ ရက်အတွင်း ကျရောက်သော ၃ ဂဏန်း ရက်စွဲများနှင့် ကြာသပတေး နေ့များသည် ပိုမိုအရေးကြီးပြီး ကံ ကောင်းမည်။

အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီနံ ပါတ်စသည့် နံပါတ်များကို ဂဏန်း များအားလုံးပေါင်းရကိန်း ၄ သို့ မဟုတ် ၈ ဂဏန်းရသော နံပါတ်များ ကိုသာ ရွေးချယ်သင့်သည်။
ထီအက္ခရာစသည့် အက္ခရာ များ နှင့်ပတ်သက်၍ ဃ၊ ဇ၊ ဋ၊ ထ၊ ဖ၊ ယ၊ ဟ အက္ခရာများကို ရွေးချယ်သင့်သည်။

ဖေဖော်ဝါရီလ ၂၆ ရက်တွင် မွေးဖွားသော ၈ ဂဏန်းရက်ဖွားဖြစ် ပါက အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီနံ ပါတ်ဂဏန်းများကို ရွေးချယ်ရာတွင် ၃ ဂဏန်း ရရှိသော နံပါတ်များကို အသုံးပြုပါက ပိုမို၍ ကံအကျိုးပေး ကောင်းမည်။
ထီအက္ခရာစသည့် အက္ခရာ တွင် လည်း ဂ၊ ဋ္ဌ၊ ပနှင့် သ အက္ခ ရာများက ပိုမိုပြီး ကံအကျိုးပေး ကောင်းမည်။

မိမိနှင့် ဓာတ်တည့်သော၊ မိမိ အတွက်ကံ အကျိုးပေးကောင်းတတ်သော နီလာပြာရောင်၊ အနက်ရောင်နှင့် အခြားအရောင်ရင့်ရင့် အရောင် အသွေးရှိသည့်အဝတ်အထည်၊ ယာဉ်၊ ကား၊ အသုံးအဆောင်ပစ္စည်းများ အရောင်များအဖြစ် ရွေးချယ်ဝတ်ဆင် အသုံးပြုသင့်သည်။
အနီရောင်နှင့် လုံးဝ ဓာတ် မတည့်သဖြင့် ရှောင်ကြဉ်သင့်သည်။

ဖေဖော်ဝါရီလ ၂၆ ရက်တွင် မွေးဖွားသော ၈ ဂဏန်းရက်ဖွားဖြစ် ပါက ခရမ်းရောင်အနု၊ အရင့်၊ ခရမ်း စေ့ရောင် အနုတို့ကို ရွေးချယ်သုံးစွဲ သင့်သည်။ ဝတ်ဆင်သုံးစွဲရန် အခက် အခဲရှိပါက လက်ကိုင်ပဝါအဖြစ် အမြဲ ကိုင်ဆောင် သုံးစွဲသင့်သည်။
မိမိအတွက် ကံနိမိတ်ကောင်း စေတတ်သော၊ မိမိနှင့် ဓာတ်တည့် သော ရတနာမှာ နီလာဖြစ် သဖြင့် အဆောင် ရတနာအဖြစ် အမြဲဝတ် ဆင်ထားသင့်သည်။

မည်သည့်လတွင်မဆို မွေးဖွား သော ၄ ဂဏန်းရက်ဖွားများနှင့် ၈ ဂဏန်းရက်ဖွားများအပေါ် ဆွဲဆောင် မှုရှိသည်။ သို့ရာတွင် အများအားဖြင့် မိမိအားမကောင်းကျိုးပေးကြလိမ့် မည်။ ဖေဖော်ဝါရီလ ၂၆ ရက်တွင် မွေးဖွားသော ၈ ဂဏန်းရက်ဖွားဖြစ်ပါ က မည်သည့်လတွင်မဆို ၃ ဂဏန်း ရက်ဖွားများအပေါ် ဆွဲဆောင်မှုရှိမည်။ သင့်မြတ်မည်။ ကောင်းကျိုးပေးလိမ့် မည်။
မိမိဘဝ သက်တမ်းအတွက် အရေးကြီးသော အကျိုး၊ အပြစ် ထူး ထူးခြားခြား ဖြစ်ပျက်တတ်သော အသက် နှစ်များမှာ ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆၊ ၃၁၊ ၃၅၊ ၄ဝ၊ ၄၄၊ ၄၉၊ ၅၃၊ ၅၈၊ ၆၂၊ ၆၇၊ ၇၁ နှင့် ၈ဝ နှစ်များ ဖြစ်ကြသည်။

မတ်လ ၈၊ ၁၇ နှင့် ၂၆ ရက် များတွင် မွေးဖွားသူများ

မတ်လ ၈ ဂဏန်းရက်ဖွားများအတွက် အရေးကြီးသော ဂဏန်း များမှာ ၃ ဂဏန်း၊ ၄ ဂဏန်းနှင့် ၈ ဂဏန်းတို့ဖြစ်ကြသည်။
ထိုဂဏန်းနံပါတ်များနှင့် ရက်စွဲများသည် မိမိဘဝတွင် ကြုံတွေ့ရမည့် ထူးထူးခြားခြား အဖြစ်အပျက်များနှင့် ဆက်စပ်ပတ်သက်မှု ရှိနေတတ်သည်။
ရွေးချယ်အသုံးပြုသင့်သော ဂဏန်း၊ ရက်စွဲ နှင့် နေ့စွဲမှာ ၃ ဂဏန်း ရက်များနှင့် ကြာသပတေးနေ့တို့ ဖြစ် သည်။

မိမိတို့ လုပ်ငန်းကိစ္စ၊အကြံ အစည်များကို မိမိအပေါ် ကောင်း ကျိုးပေးမည့် ၃၊ ၁၂၊ ၂၁ နှင့် ၃ဝ ရက်များတွင် လုပ်ဆောင်သင့်သည်။
ဖြစ်နိုင်ပါက အဆိုပါရက်များ နှင့် ကြာသပတေးနေ့တိုက်ဆိုင်သော ရက်နေ့တွင် လုပ်ဆောင်လျှင် ပို၍ ကံ ကောင်းမည်။
ဖေဖော်ဝါရီလ ၁၉ရက်မှ မတ်လ ၂ဝ ရက်အတွင်းနှင့် နိုဝင် ဘာလ ၂၁ ရက်မှ ဒီဇင်ဘာလ ၂ဝ ရက်အတွင်းကျရောက်သော ကြသပ တေးနေ့ဖြစ်သည့် ၃ ဂဏန်း ရက်များ တွင်ဆောင်ရွက်နိုင်ပါက အကောင်း ဆုံးဖြစ်သည်။ ထီထိုးသင့်သည်။

အဝတ်အထည်၊ ယာဉ်၊ကားနှင့် အခြားအသုံးအဆောင် ပစ္စည်းများကို ဝတ်ဆင်သုံးစွဲရာတွင် မိမိကိုယ်တိုင်ကြိုက်နှစ်သက်သော ကြောင့်ဖြစ်စေ၊ အခြေအနေ အကြောင်းကြောင်းကြောင့်ဖြစ်စေ အရောင်ရင့်ရင့်များကိုသာ ဝတ်ဆင် သုံးစွဲမိတတ်သည်။ မိမိနှင့်ဓာတ်တည့်သော မိမိအတွက် ကံကောင်းစေ တတ်သော ခရမ်းရောင်၊ မရမ်းစေ့ ရောင်ရင့်ရင့်အရောင်များကို ရွေးချယ် ဝတ်ဆင်အသုံးပြုသင့်သည်။
အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီနံ ပါတ်စသည့် နံပါတ်များကို ဂဏန်း များအားလုံးပေါင်းရကိန်း ၃ ဂဏန်း ရရှိသော နံပါတ်များကိုသာ ရွေးချယ် သင့်သည်။
ထီအက္ခရာစသည့် အက္ခရာ များနှင့်ပတ်သက်၍ ဂ၊ ဋ္ဌ၊ ပ နှင့် ဓ အက္ခ ရာများကို ရွေးချယ်သင့်သည်။

မိမိနှင့် ဓာတ်တည့်သော မိမိ အတွက် ကံအကျိုးပေးကောင်းသော မဟူရာ၊ နီလာနှင့်ခရမ်းရောင် သလင်း ကျောက်တို့ကို အဆောင်ရတနာအဖြစ် အမြဲဝတ်ဆင်ထားသင့်သည်။ မည်သည့်လတွင်မဆို မွေးဖွား သည့် ၃ ဂဏန်း ရက်ဖွား၊ ၄ ဂဏန်းရက်ဖွား၊ ၈ ဂဏန်း ရက်ဖွားများအပေါ် ဆွဲဆောင်မှုရှိမည်။
မိမိဘဝသက်တမ်းတွင် အရေး ကြီးသော အကျိုး၊ အပြစ် ထူးထူး ခြားခြား ဖြစ်ပျက်တတ်သော အသက် နှစ်များမှာ ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆၊ ၃၁၊ ၃၅၊ ၄ဝ၊ ၄၉၊ ၅၃၊ ၅၈၊ ၆၇၊ ၇၁၊ ၇၆ နှင့် ၈ဝ နှစ်မျာဖြစ်ကြ သည်။

ဧပြီလ ၈၊ ၁၇ နှင့် ၂၆ ရက် များတွင် မွေးဖွားသူများ

ဧပြီလ ၈ ဂဏန်းရက်ဖွားများ အတွက် အရေးပါသော ဂဏန်းများ မှာ ၄ နှင့် ၈ ဂဏန်းများဖြစ်ကြ သည်။
မည်သည့်လတွင်မဆို၎၊ ၈၊ ၁၇၊ ၂၂၊ ၂၆ နှင့် ၃၁ ရက်များ သည် အရေးကြီးသည်။
၎ နှင့် ၈ ဂဏန်းနံပါတ်များ နှင့် ရက်စွဲများကို မိမိဆန္ဒအလျောက် ရွေးချယ်ခြင်းမပြုသင့်ပေ။ မိမိဆန္ဒ သဘောမပါဘဲ တိုက်ဆိုင်ကြုံကြိုက် လာလျှင် အထူးသတိထား၍ အသုံး ချသင့်သည်။

အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီနံ ပါတ်မျာကို ဂဏန်းအားလုံးပေါင်းရ ကိန်း ၁ သို့မဟုတ် ၆ ဂဏန်းရ သော နံပါတ်များကို ရွေးချယ်သင့် သည်။

ထီအက္ခရာစသည့် အက္ခရာများ နှင့်ပတ်သက်၍ က၊ စ၊ ည၊ ဏ၊ ဓ၊ ဘ နှင့် လ အက္ခရာများကို ရွေးချယ် သင့်သည်။
မိမိတို့၏ လုပ်ငန်းကိစ္စ အကြံ အစည်များကို မိမိအတွက် အကျိုး ပြုနိုင်သည့် ၁၊ ၆၊ ၁ဝ၊ ၁၅၊ ၁၉၊ ၂၄ နှင့် ၂၈ ရက်များတွင် ဆောင် ရွက်သင့်သည်။
မတ်လ ၂၁ ရက်မှ ဧပြီလ ၂၈ ရက်အတွင်း ကျရောက်သော ၁ ဂဏန်းရက်များနှင့် ဧပြီလ ၂ဝ ရက်မှ မေလ ၂ဝ ရက်အတွင် သို့မဟုတ် စက်တင်ဘာလ ၂၁ ရက်မှ အောက်တိုဘာလ ၂ဝ ရက်အတွင်း ကျရောက်သော ၆ ဂဏန်း ရက်များတွင် အထူးဆောင်ရွက်သင့် သည်။ ထီထိုးသင့်သည်။
ဖြစ်နိုင်ပါက အဆိုပါ ၁ ဂဏန်း ရက်များနှင့် တိုက်ဆိုင်သော တနင်္ဂနွေနေ့နှင့် တနင်္လာနေ့၊ ၆ ဂဏန်း ရက်များနှင့် တိုက်ဆိုင်သော ကြာသပတေးနေ့နှင့် သောကြာနေ့ များတွင် ဆောင်ရွက်နိုင်ပါက ပို၍ ကံကောင်းမည်။

မိမိနှင့်ဓာတ်တည့်သော မိမိအတွက် ကံအကျိုးပေးကောင်းစေ တတ်သော ရွှေရောင်၊ အဝါရောင်၊ လိမ္မော်ရောင်၊ ညိုရွှေရောင်၊ ကြေးညို ရောင်၊ အပြာရောင်၊ အနီရောင်၊ ကြက် သွေးရောင်နှင့် ပန်းရောင် အရောင် အသွေးရှိသော အဝတ်အထည်၊ ယာဉ်၊ ကား၊ အသုံး အဆောင်ပစ္စည်း များကို ရွေးချယ် ဝတ် ဆင်အသုံးပြု သင့်သည်။
မိမိအတွက် ကံနိမိတ်ကောင်း သော၊ မိမိနှင့်ဓာတ်တည့်သော စိန်၊ ဥဿဖယား၊ ပယင်း၊ ပတ္တမြား၊ ကျောက်နီ၊ နီလာနှင့် မြ တစ်မျိုး မျိုးကို အဆောင်ရတနာအဖြစ် အမြဲ ဝတ်ဆင်ထားသင့်သည်။

မည်သည့်လတွင်မဆို မွေးဖွား သည့် ၁၊ ၄ နှင့် ၈ ဂဏန်းရက်ဖွား များအပေါ် ဆွဲဆောင်မှုရှိမည်။
မိမိ၏ ဘဝသက်တမ်းတွင် အရေးကြီးသော အကျိုး၊ အပြစ် ထူး ထူးခြားခြားဖြစ်ပျက်တတ်သော သက် နှစ်များမှာ ၄၊ ၈၊ ၁၃၊ ၂၂၊ ၂၆၊ ၃၁၊ ၃၅၊ ၄ဝ၊ ၄၄၊ ၄၉၊ ၅၃၊ ၅၈၊ ၆၂၊ ၆၇၊ ၇၆ နှင့် ၈ဝ နှစ်များဖြစ်ကြ သည်။

မေလ ၈၊ ၁၇ နှင့် ၂၆ ရက် များတွင် မွေးဖွားသူများ

မိမိဘဝအတွင်းသို့ ၄ နှင့် ၈ ဂဏန်းရက်ဖွားများ မကြာခဏ လာ ရောက်ဆက်စပ်ပတ်သက်နေတတ် သည်။
၎၊ ၈၊ ၁၃၊ ၁၊ ၂၂ ၊ ၂၆ နှင့် ၃၁ ရက်များနှင့်လည်း မိမိဘဝ အဖြစ် အပျက်များ တိုက်ဆိုင်ပတ်သက်မှု ရှိမည်။

မေလ ၈ ဂဏန်းရက်ဖွားများသည် အတတ်နိုင်ဆုံး ၄ ဂဏန်း နှင့် ၈ ဂဏန်းနံပါတ်များနှင့် ရက်စွဲ များကို ရှောင်ကြဉ်သင့်သည်။
မိမိတို့ လုပ်ငန်းကိစ္စ၊ အကြံ အစည်များကို ၆၊ ၁၅ နှင့် ၂၄ ရက် များတွင် အကောင်အထည် ဖော်သင့်သည်။ အဆိုပါ ၆ ဂဏန်း ရက်များနှင့် တိုက်ဆိုင်သော သော ကြာနေ့တွင် အကောင်အထည်ဖော် မည်ဆိုပါက ပိုမိုကောင်းမွန်သည်။
ဧပြီလ ၂ဝ ရက်မှ မေလ ၂ဝ ရက်အတွင်းနှင့် စက်တင်ဘာလ ၂၁ ရက်မှ အောက်တိုဘာလ ၂ဝ ရက် အတွင်း ကျရောက်သည့် သောကြာ နေ့နှင့် တိုက်ဆိုင်သည့် ၆ ဂဏန်း ရက်များတွင် အထူးအကောင် အထည်ဖော်သင့်သည်။ ထီထိုးသင့် သည်။

အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီနံ ပါတ်စသည့် နံပါတ်များကို ဂဏန်း များအားလုံးပေါင်းရကိန်း ၆ ဂဏန်း ရရှိသော နံပါတ်များကို ရွေးချယ်သင့် သည်။
ထီအက္ခရာစသည့် အက္ခရာများ နှင့်ပတ်သက်၍ စ၊ ဏ နှင့် ဘ အက္ခရာ များကို ရွေးချယ်သင့်သည်။

ဥဿဖယား၊ ပယင်း၊ အစိမ်း ရောင်ကျောက်စိမ်း၊ ပုလဲ၊ နီလာနှင့် တာကွိုက် ကျောက်များနှင့် ဓာတ်တည့်သည်။ အဆောင် ရတနာအဖြစ် အမြဲဝတ်ဆင်ထား သင့်သည်။
ရွှေရောင်၊ အဝါရောင်၊ လိမ္မော် ရောင်၊ ညိုရွှေရောင်၊ အစိမ်းရောင်၊ နို့နှစ်ရောင်၊ အဖြူရောင်နှင့် အပြာ ရောင်များက မိမိအတွက် ကံကောင်း စေသည်။ မိမိဝတ်ဆင် အသုံးပြုလို သည့် အရောင်များအဖြစ် ရွေးချယ် သင့်သည်။

မည်သည့်လတွင်မဆို မွေးဖွား သည့် ၄ ဂဏန်း နှင့် ၈ ဂဏန်း ရက်ဖွားများအပေါ် ဆွဲဆောင်မှုရှိမည်။
မိမိဘဝတစ်သက်တာတွင် အရေးကြီးသော အကျိုး၊ အပြစ် ထူး ထူးခြားခြားဖြစ်ပျက်တတ်သော အသက် နှစ်များမှာ ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆၊ ၃၁၊ ၃၅၊ ၄ဝ၊ ၄၄၊ ၄၉၊ ၅၃၊ ၅၈၊ ၆၂၊ ၆၇၊ ၇၁ နှင့် ၈ဝ နှစ်များဖြစ်ကြ သည်။

ဇွန်လ ၈၊ ၁၇ နှင့် ၂၆ ရက် များတွင် မွေးဖွားသူများ

ဇွန်လ ၈ ဂဏန်းရက်ဖွားများ အတွက် အရေးကြီးသော ဂဏန်းများ မှာ ၄ နှင့် ၈ ဂဏန်းများဖြစ်ကြ သည်။
မည်သည့်လတွင်မဆို ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆ နှင့် ၃၁ ရက်နေ့ များသည် မိမိဘဝအတွက် အရေးပါ အရာရောက်သည်။
မိမိဘဝ တစ်ခုလုံးတွင် ၄ နှင့် ၈ ဂဏန်းများက အဓိက ပါဝင် ပတ် သက်နေတတ်သည်။ ဇွန်လ ၂၆ ရက် ဖွားး ၈ ဂဏန်း ပိုင်ရှင်ဖြစ်ပါ က မကြာခဏ ပို၍ ကြုံတွေ့ရတတ် သည်။
၎ ဂဏန်းနှင့် ၈ ဂဏန်းနံပါတ် နှင့် ရက်စွဲများမှာ ကောင်းကျိုးထက် ဆိုးကျိုးကိုပိုမိုပေးနိုင်စရာရှိသဖြင့် တတ်နိုင်သမျှ ရှောင်ကြဉ်သင့်သည်။

မိမိတို့ လုပ်ငန်းကိစ္စ အကြံ အစည်များကို ၂၊ ၅ နှင့် ၇ ဂဏန်း ရက်များတွင် လုပ်ဆောင်သင့်သည်။ အထူးသဖြင့် ဇွန်လ ၂၁ ရက်မှ ဇူ လိုင်လ ၂ဝ ရက်အတွင်းကျရောက် သော ၂ ဂဏန်းနှင့် ၇ ဂဏန်းရက် များနှင့် မေလ ၂၁ ရက်မှ ဇွန်လ ၂ဝ ရက်အတွင်းကျရောက်သော ၅ ဂဏန်း ရက်များတွင် လုပ်ကိုင် သင့် သည်။ ထီထိုးသင့်သည်။

အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီနံ ပါတ်စသည့် နံပါတ်များကို ဂဏန်း များအားလုံးပေါင်းရကိန်း ၂၊ ၅ နှင့် ၇ ဂဏန်း ရရှိသော နံပါတ်များကို ရွေးချယ်သင့် သည်။
ထီအက္ခရာစသည့် အက္ခရာများ နှင့်ပတ်သက်၍ ခ၊ င၊ ဆ၊ ဋ၊ ဎ၊ တ၊ န၊ ဗ၊ မ၊ ဝ နှင့် ဋ္ဌ အက္ခရာ များကို ရွေးချယ်သင့်သည်။

ရင့်မှိုင်းသော အရောင်အသွေး ကို တတ်နိုင်သရွေ့ ရှောင်ကြဉ်သင့်ပြီး နုဖျော့သော အရောင်အသွေးများကို သာ ရွေးချယ်ဝတ်ဆင် သုံးစွဲသင့် သည်။
နီလာကို အဆောင် ရတနာ အဖြစ် အမြဲဝတ် ဆင်ထားသင့်သည်။

မည်သည့်လတွင်မဆို မွေးဖွား သည့် ၄ ဂဏန်းနှင့် ၈ ဂဏန်း ရက်ဖွားများအပေါ် ဆွဲဆောင်မှု ရှိမည်။ ဇွန်လ ၂၆ ရက်ဖွား ၈ ဂဏန်း ပိုင်ရှင်ဖြစ်လျှင် ၄ နှငက့် ၈ ဂဏန်း ရက်ဖွားအပြင် ၂ နှင့် ၇ ဂဏန်း ရက်ဖွားများနှင့် ဆုံဆည်းရမည်။
မိမိဘဝတစ်သက်တာတွင် အရေးကြီးသော အကျိုး၊ အပြစ် ထူး ထူးခြားခြားဖြစ်ပျက်တတ်သော အသက် နှစ်များမှာ ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆၊ ၃၁၊ ၃၅၊ ၄ဝ၊ ၄၄၊ ၄၉၊ ၅၃၊ ၆၂၊ ၆၇၊ ၇၁၊ ၇၆ နှင့် ၈ဝ နှစ်များဖြစ်ကြ သည်။

ဇူလိုင်လ ၈၊ ၁၇ နှင့် ၂၆ ရက် များတွင် မွေးဖွားသူများ

ဇူလိုင်လ ၈ ဂဏန်းရက်ဖွား များအတွက် အရေးကြီးသော ဂဏန်းများမှာ ၄ ဂဏန်းနှင့် ၈ ဂဏန်းများဖြစ်ကြသည်။
၎ နှင့် ၈ ဂဏန်းမှာ မိမိတို့၏ ဘဝကို လွှမ်းမိုးသက်ရောက်နေသဖြင့် မိမိတို့၏ လုပ်ငန်းကိစ္စ၊ အကြံအစည် များကို ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆ နှင့် ၃၁ ရက်များတွင် လုပ်ဆောင်သင့်သည်။ ထီထိုးနိုင်သည်။
ဇူလိုင်လ ၂၆ ရက်တွင် မွေးဖွား သော ၈ ဂဏန်းရက်ဖွားဖြစ်လျှင် ၄ နှင့် ၈ ဂဏန်းသည်လည်းအ ရေးကြီး သဖြင့် ၁၊ ၁ဝ၊ ၁၉ နှင့် ၂၈ ရက် များတွင်လည်း လုပ်ငန်းကိစ္စများကို လုပ်ဆောင်နိုင်သည်။ ထီထိုးပါ။
၉ ဂဏန်းနှင့် ဓာတ်မတည့် သောကြောင့် ၉ ဂဏန်းကို ရှောင်နိုင် သရွေ့ရှောင်ကြဉ်သင့်သည်။ ၉ ဂဏန်း ရက်များဖြစ်သော ၉၊ ၁၈ နှင့် ၂၇ ရက် များတွင် အရေးကြီးသော လုပ် ငန်းကိစ္စများကို မလုပ်ဆောင်သင့်ချေ။

ရွေးချယ်အသုံးပြုသင့်သော နံပါတ် ဂဏန်းများမှာ ဂဏန်းများ အားလုံးပေါင်းရကိန်း ၄ သို့ မဟုတ် ၈ ဂဏန်းရသော နံပါတ် များဖြစ် သည်။ အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီ နံပါတ်များအဖြစ် ရွေးချယ်ရမည်။
ဇူလိုင်လ ၂၆ ရက်ဖွား ၈ ဂဏန်းပိုင်ရှင်ဖြစ်လျှင် နံပါတ်ဂဏန်း များအားလုံးပေါင်းရကိန်း ၁ ဂဏန်းနှင့် ၄ ဂဏန်းရရှိသော နံပါတ် များကို အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီ နံပါတ်များအဖြစ် ရွေးချယ်အသုံးပြု ရမည်။

အရောင်ရင့်ရင့်မှိုင်းမှိုင်းများ၊ အထူးသဖြင့် အနက်ရောင်၊ အပြာ ရောင်၊ ခရမ်းရောင်၊ အနီရင့်ရောင် များကို ဝတ်ဆင်သုံးစွဲခြင်း ရှောင် ကြဉ်သင့်သည်။ အဖြူရောင်၊ နို့နှစ် ရောင်၊ အစိမ်းရောင်အနု၊ အရင့် အရောင်များကို ဝတ်ဆင်သုံးစွဲသင့် သည်။
ဇူလိုင်လ ၂၆ရက်တွင် မွေးဖွားသော ၈ ဂဏန်းပိုင်ရှင်ဖြစ်လျှင် ရွှေရောင်၊ အဝါရောင်၊ လိမ္မော်ရောင်၊ ညိုရွှေရောင်များကိုလည်း ဝတ်ဆင် သုံးစွဲသင့်သည်။

အရောင်ရင့်ရင့် မြ ရတနာနှင့် အခြား အစိမ်းရင့်ရောင် ကျောက်မျက် ရတနာများကို ငွေသို့မဟုတ် ပလက်တီနံဖြင့် ကွပ်၍ အဆောင်ရတနာအဖြစ် အမြဲဝတ်ဆင် ထားသင့်သည်။
မည်သည့်လတွင်မဆို မွေးဖွား သည့် ၄ ဂဏန်းရက်ဖွားများ၊ ၈ ဂဏန်းရက်ဖွားများနှင့် သင့်မြတ် မည်။ ဇူလိုင်လ ၂၆ ရက်ဖွားဖြစ် လျှင် ၁ ဂဏန်းရက်ဖွားများနှင့်လည်း အဆင်ပြေမည်။
မိမိဘဝ သက်တမ်းတွင် အရေး ကြီးသော၊ အထူးအရေးကြုံသည့် အခိုက်အတန့်နှင့်ဆိုင်သော အသက် အရွယ်များမှာ ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆၊ ၃၁၊ ၃၅၊ ၄ဝ၊ ၄၄၊ ၄၉၊ ၅၃၊ ၅၈၊ ၆၂၊ ၆၇၊ ၇၁၊ ၈ဝ၊ ၉၄ နှင့် ၉၈ နှစ်များဖြစ်သည်။

သြဂုတ်လ ၈၊ ၁၇ နှင့် ၂၆ ရက် များတွင် မွေးဖွားသူများ

သြဂုတ်လ ၈ ဂဏန်းရက် ဖွားများအတွက် အရေးကြီးသော ဂဏန်းများမှာ ၄ ဂဏန်းနှင့် ၈ ဂဏန်းများပင်ဖြစ်သည်။
၎ နှင့် ၈ ဂဏန်းသည် မိမိဘဝ ရေးရာအတွက် ကောင်းကျိုးဖြစ်စေ၊ ဆိုးကျိုးဖြစ်စေ ပေးတတ်သောကြောင့် မိမိအတွက် ကံကောင်းသော ဂဏန်း ဟု မယူဆဘဲ အရေးကြီးသော ဂဏန်းအဖြစ် ယူဆပြီး အထူးသတိ ထားသင့်သည်။
မိမိတို့အတွက် ၄ နှင့် ၈ ဂဏန်း သည် ကောင်းကျိုးပေးသည် သို့ မဟုတ်ဆိုးကျိုးပေးသည်ကို ခွဲခြားသိ ရှိစေရန် မိမိတို့ကိုယ်တိုင် ဘဝဖြစ်စဉ် များနှင့်ဆန်းစစ်သုံးသပ်ကြည့်သင့် သည်။

မိမိတို့၏ အထူးအရေးကြုံသည့် ဘဝအဖြစ်အပျက်များနှင့် ၄ နှင့် ၈ ဂဏန်း၏ အကျိုးသက်ရောက်မှု ရလဒ်ကောင်းပါက ၄ နှင့် ၈ ဂဏန်း ရက်စွဲများကို အသုံးချသင့်ပြီး မကောင်းပါက အထူးရှောင်ကြဉ် သင့် သည်။
ရွေးချယ်အသုံးပြုသင့်သော နံပါတ်ဂဏန်းများမှာ နံပါတ် ဂဏန်း များအားလုံးပေါင်းရကိန်း ၁ ဂဏန်း ရရှိသော နံပါတ် ဂဏန်းများဖြစ် သည်။

မည်သည့်လတွင်မဆို ၁၊ ၁ဝ၊ ၁၉ နှင့် ၂၈ ရက်များတွင် မိမိတို့ ၏လုပ်ငန်းကိစ္စ၊ အကြံအစည်များကို ဆောင်ရွက်သင့်သည်။ ထီထိုးသင့်သည်။
သြဂုတ်လ ၂၆ ရက်တွင် မွေး ဖွားသော ၈ ဂဏန်း ပိုင်ရှင်ဖြစ်လျှင် ၅၊ ၁၄ နှင့် ၂၃ ရက်များတွင် ဆောင်ရွက်သင့်သည်။ ထီထိုးသင့်သည်။ ၅ ဂဏန်း ရရှိသော အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီနံပါတ်များကို ရွေးချယ် သင့်သည်။

အရောင်ရင့်မှိုင်းသော အရောင် အသွေးများကို ကြိုက်နှစ်သက်တတ် သည်။ အထူးသဖြင့် ခရမ်းရင့်ရောင်၊ အနက်ရောင်နှင့် နီလာပြာရောင်အရင့် ကို ပိုပြီးနှစ်သက်တတ်ကြသည်။
အရောင်နှင့်ပတ်သက်၍လည်း ထိုအရောင်များသည်မိမိအတွက် အကျိုးပေး၊ မပေး ဆန်းစစ်ကြည့် သင့်သည်။ ရွှေရောင်၊ အဝါရောင်၊ လိမ္မော်ရောင်၊ ညိုရွှေရောင်များကို ရွေး ချယ်ဝတ်ဆင်အသုံးပြုသင့်သည်။
သြဂုတ်လ ၂၆ ရက်ဖွားဖြစ် ၈ ဂဏန်း ပိုင်ရှင်ဖြစ်လျှင် အရောင်ရင့် ရင့်ကို ရှောင်ကြဉ်သင့်ပြီး အရောင် နုဖျော့သော မည်သည့်အရောင်ကိုဖြစ် စေ ဝတ်ဆင်သုံးစွဲသင့်သည်။ အထူးသဖြင့် အဖြူရောင်နှင့် မီးခိုးရောင် နုနု ကို ဝတ်ဆင်သုံးစွဲသင့်သည်။

ထာဝရ အဆောင်ရတနာအဖြစ် အပြာရောင်ရင့်ရင့်နီလာနှင့် မဟူရာ တို့ကို အမြဲဝတ်ဆင် ထားသင့်သည်။
မည်သည့်လတွင်မဆို မွေးဖွားသော ၄ ဂဏန်းရက်ဖွားများနှင့်၈ ဂဏန်းရက်ဖွားများအပေါ် ဆွဲဆောင်မှုရှိသည်။
မိမိဘဝ သက်တမ်းအတွက် အရေးကြီးသော အထူးအရေးကြုံ သည့် အသက် နှစ်များမှာ ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆၊ ၃၁၊ ၃၅၊၄ဝ၊ ၄၄၊ ၄၉၊ ၅၃၊ ၅၈၊ ၆၂၊ ၆၇၊ ၇၁၊ ၇၆ နှင့် ၈ဝ နှစ်များဖြစ်ကြသည်။

စက်တင်ဘာလ ၈၊ ၁၇ နှင့် ၂၆ ရက် များတွင် မွေးဖွားသူများ
စက်တင်ဘာလ ၈ ဂဏန်းရက် ဖွားများအတွက် အရေးကြီးသော ဂဏန်းများမှာ ၄ ဂဏန်းနှင့် ၈ ဂဏန်းတို့ ဖြစ်ကြသည်။

မည်သည့်လတွင်မဆို ၄၊ ၈၊ ၁၃၊ ၂၂၊ ၂၆ နှင့် ၃၁ ရက်များတွင် မိမိဘဝနှင့် နေထိုင်ရေး အသက်မွေး ဝမ်းကျောင်းတွင် ထူးခြားသော အဖြစ်အပျက် တစ်စုံတစ်ရာနှင့် ကြုံတွေ့ရတတ်သည်။
ရွေးချယ်အသုံးပြုသင့်သော နံပါတ် ဂဏန်းများမှာ နံပါတ်ဂဏန်းများ အားလုံး ပေါင်းရကိန်း ၇ နှင့် ၅ ဂဏန်း ရရှိသော နံပါတ် ဂဏန်းများဖြစ်သည်။
မည်သည့်လတွင်မဆို မိမိတို့၏ အရေးကြီးသော လုပ်ငန်းကိစ္စရပ် များ ကို ၅၊ ၁၄ နှင့် ၂၃ ရက်များတွင် လုပ်ဆောင်သင့်သည်။ ထီထိုးသင့်သည်။

သြဂုတ်လ ၂၆ ရက်တွင် မွေးသော ၈ ဂဏန်းပိုင်ရှင်ဖြစ်လျှင် ၆၊ ၁၅ နှင့် ၂၄ ရက်များတွင် လုပ်ဆောင်သင့်သည်။ ထီထိုးသင့်သည်။
အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီနံပါတ်စသည့် နံပါတ်ဂဏန်းများအဖြစ် ၆ ဂဏန်းရရှိသော နံပါတ်ဂဏန်းများကို ရွေးချယ်သင့်သည်။

အရောင်ရင့်ရင့်ကြီးများကို ဝတ်ဆင်သုံးစွဲခြင်း မပြုသင့်ပေ။ အရောင်နုနု ဖျော့ဖျော့များကိုသာ ဝတ်ဆင် အသုံးပြုသင့်သည်။
စက်တင်ဘာလ ၂၆ ရက်ဖွား ၈ ဂဏန်းပိုင်ရှင်ဖြစ်လျှင် နုဖျော့သော အပြာရောင်နှင့် ပန်းရောင်တို့ကို ဝတ် ဆင်သုံးစွဲသင့်သည်။
အပြာရောင်ရင့်ရင့် နီလာနှင့် မဟူ ရာတို့ကို အဆောင်ရတနာအဖြစ် ထာဝရဝတ်ဆင်ထားသင့်သည်။

မည်သည့်လတွင်မဆို မွေးသည့် ၄ နှင့် ၈ ဂဏန်းရက်ဖွားများအပေါ် ဆွဲဆောင်မှုရှိမည်။
မိမိဘဝသက်တမ်းတွင် အရေးကြီးသော အထူးအရေးအရာ ကြုံ သည့် အသက် နှစ်များမှာ ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆၊ ၃၁၊ ၃၅၊ ၄ဝ၊ ၄၄၊ ၄၉၊ ၅၃၊ ၅၈ နှင့် ၆၂ နှစ်များ ဖြစ်ကြသည်။

အောက်တိုဘာလ ၈၊ ၁၇ နှင့် ၂၆ ရက် များတွင် မွေးဖွားသူများ
အောက်တိုဘာလ ၈ ဂဏန်း ရက်ဖွားများ၏ ဘဝထဲသို့ ၄ နှင့် ၈ ဂဏန်းရက်ဖွားများ မကြာခဏ လာရောက်ပတ်သက်မှု ရှိသည်ကို မမျှော်လင့်ဘဲ ကြုံတွေ့ရတတ်သည်။
မိမိ၏ဘဝရေးရာကိစ္စရပ်များ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွင် လည်း ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆နှင့် ၃၁ ရက်များသည် အရေးပါ အရာ ရောက်နေတတ်သည်။
မိမိနေထိုင်သော အိမ်နံပါတ်၊ ခြံနံပါတ်၊ ရပ်ကွက်နံပါတ်၊ လမ်းနံပါတ် မိမိစီးနင်းသော ယာဉ် ကား နံပါတ်များသည်လည်း ၄ နှင့် ၈ ဂဏန်းရရှိသော နံပါတ်ဂဏန်း များဖြစ်နေတတ်သည်။

မည်သည့်လတွင်မဆို ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆ နှင့် ၃၁ရက်များသည် မိမိအတွက် အရေးကြီးသဖြင့် မိမိတို့၏အရေးကြီးသောလုပ်ငန်းကိစ္စ အကြံအစည်များကို လုပ်ကိုင်သင့် သည်။
၎ နှင့် ၈ ဂဏန်းရသော နံပါတ် များကို ရွေးချယ်အသုံးပြုသင့်သည်။

အနက် သို့မဟုတ် အရောင် ရင့်ရင့် မှိုင်းမှိုင်းအရောင်အသွေးရှိသည့် အဝတ်အထည်၊ ယာဉ်၊ကားနှင့် အခြားအသုံးအဆောင် ပစ္စည်းများကို ဝတ်ဆင်သုံးစွဲသင့်သည်။
ထာဝရအဆောင်ရတနာအဖြစ် မဟူရာကို အမြဲဝတ်ဆင်ထားပါ။ မည်သည့်လတွင်မဆို မွေးသော၎နှင့် ၈ဂဏန်း ရက်ဖွားများအပေါ် ဆွဲဆောင်မှုရှိမည်။
ဘဝသက်တမ်း တစ်လျှောက်တွင် အရေးကြီးသော အထူးအရေး အရာကြုံသော အသက်နှစ်များစွာ ၈၊ ၁၇၊ ၂၆၊ ၃၅၊ ၄၄၊ ၅၃၊ ၆၂၊ ၇၁နှင့် ၈ဝ နှစ်များ ဖြစ်သည်။

နိုဝင်ဘာလ ၈၊ ၁၇ နှင့် ၂၆ ရက်များတွင်မွေးဖွားသူများ
နိုဝင်ဘာလ ၈ ဂဏန်းရက်ဖွား များအတွက် ၄၊ ၈ နှင့် ၉ ဂဏန်းများသည် အလွန်အရေးကြီးသည်။

မည်သည့်လတွင်မဆို ၄၊ ၈၊ ၉၊ ၁၃၊ ၁၇၊ ၁၈၊ ၂၂၊ ၂၆၊ ၂၇ နှင့် ၃၁ ရက်များသည် မိမိအတွက်အရေးကြီးသည်။
သို့သော် ၄ ဂဏန်းရက်များဖြစ် သော ၄၊ ၁၃၊ ၂၂ နှင့် ၃၁ ရက်များ ၈ ဂဏန်းရက်များဖြစ်သော ၈၊ ၁၇ နှင့် ၂၆ ရက်များတွင် အရေးကြီးသော လုပ်ငန်းအကြံအစည်များ အရေးကြီးသော ချိန်းဆိုတွေ့ဆုံမှုများ မပြုလုပ်သင့်ချေ။
နံပါတ်ဂဏန်းများ အားလုံး ပေါင်းရကိန်း ၄ နှင့် ၈ ဂဏန်းရရှိသော နံပါတ်ဂဏန်းများကိုလည်း ရွေးချယ်အသုံးပြုခြင်း ရှောင်ကြဉ် ရမည်။ ဥပမာ- အိမ်၊ ခြံ၊ ယာဉ်၊ ကား၊ ထီနံပါတ်စသည်ဖြင့် ရွေးချယ် ခြင်းမပြုသင့်။
၎ နှင့် ၈ ဂဏန်းများ၊ ရက်စွဲများသည် မိမိအတွက်ကောင်းကျိုးရော၊ ဆိုးကျိုးပါပေးတတ်ကြသဖြင့် မိမိကိုယ်တိုင် ရွေးချယ်အသုံးမပြုသော်လည်း အလိုအလျှောက်တိုက် ဆိုင်ဝင်ရောက်လာပါက ရှောင်ကြဉ်၍မရလျှင် အထူးသတိထား၍ လုပ်ကိုင်သုံးစွဲသင့်သည်။
၉ ဂဏန်းရရှိသော နံပါတ်ဂဏန်းများကိုသာ ရွေးချယ်အသုံးပြု ခြင်း၊ ၉ ရက်၊ ၁၈ ရက်နှင့် ၂၇ ရက်များတွင် အရေးကြီးသော လုပ်ငန်းအကြံအစည်များ၊ ချိန်းဆို တွေ့ဆုံမှုများကို လုပ်ဆောင်သင့်သည်။

မိမိအနေဖြင့် ကြိုက်နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ၊ အခြေအနေအရ အရောင်ရင့်ရင့်မှိုင်းမှိုင်း အဝတ်အထည်များကို ဝတ်ဆင်ဖြစ်လိမ့်မည်။ အရောင်ရင့်မှိုင်းသော အရောင်များသည် မိမိအတွက် နိမိတ်မကောင်းသဖြင့် အထူးရှောင်ကြဉ်သင့်သည်။ ယာဉ်ကားဆိုလျှင်လည်း အနက်ရောင်မစီးသင့်ပေ။ အတတ်နိုင်ဆုံး အရောင်နုနု ဖျော့ဖျော့များကိုသာ ရွေးချယ်ဝတ်ဆင်သုံးစွဲသင့်သည်။
အနီရောင်၊ ကြက်သွေးရောင်နှင့် ပန်းရောင်နုနုဖျော့ဖျော့ အရောင်များမှာ မိမိနှင့်ဓာတ်တည့်သည်။ လိုက်ဖက်သည်။ ရွေးချယ်ဝတ်ဆင်အသုံးပြုပါ။

ထာဝရအဆောင်ရတနာအဖြစ် ပတ္တမြား၊ ကျောက်နီနှင့် အနီရောင်ရှိသော ကျောက်မျက်များ၊ ဂါးနက် (ဂေါ်မုတ်မျိုး)တို့ကို အမြဲဝတ်ဆင် ထားသင့်သည်။

မည်သည့်လတွင်မဆို မွေးသည့် ၁၊ ၄ နှင့် ၈ ဂဏန်းရက်ဖွားများအပေါ် ဆွဲဆောင်မှုရှိမည်။
ဘဝသက်တမ်း တစ်လျှောက်တွင် အရေးကြီးသော အထူးရေးကြီး ခွင်ကျယ်ကြုံတတ်သော အသက်နှစ်များမှာ ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆၊ ၃၁၊ ၃၅၊ ၄ဝ၊ ၄၄၊ ၅၃၊ ၅၈၊ ၆၂၊ ၆၇၊ ၇၁၊ ၇၆ နှင့် ၈ဝ နှစ်များဖြစ်သည်။

ဒီဇင်ဘာလ ၈၊ ၁၇ နှင့် ၂၆ ရက်များတွင် မွေးဖွားသူများ
ဒီဇင်ဘာလ ၈ ဂဏန်းရက်ဖွားများ၏ ဘဝတစ်ခုလုံးတွင် ၄ နှင့် ၈ ဂဏန်းများ၏ လွှမ်းမိုးသက်ရောက်မှုများကို မကြာခဏ ကြုံတွေ့ရလိမ့်မည်။
မည်သည့်လတွင်မဆို ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆ နှင့် ၃၁ ရက်များသည် ထူးခြားမှုရှိမည်။
၃ ဂဏန်းရရှိသော နံပါတ်ဂဏန်းများကို ရွေးချယ်အသုံးပြုခြင်း၊ ၃ရက်၊ ၁၂ ရက်နှင့် ၃ဝ ရက်များ တွင် မိမိတို့၏အရေးကြီးသော လုပ် ငန်းအကြံအစည်များ၊ ချိန်းဆိုတွေ့ဆုံမှုများကို ပြုလုပ်သင့်သည်။

အဝတ်အထည် အရောင်ရင့်ရင့် မှိုင်းမှိုင်းများကို မကြာခဏဝတ်ဆင် ဖြစ်သည်။ ကျောက်မျက်ရတနာဝတ် ဆင်ရာတွင်လည်း ခရမ်းရောင်ရင့်ရင့် အသွေးရှိသည့် ကျောက်မျက်များကို ဝတ်ဆင်ရတတ်သည်။
ထာဝရ အဆောင်ရတနာအဖြစ် ခရမ်းရောင် သလင်းကျောက်နှင့် ခရမ်းရောင်ရင့်ရင့် အခြားကျောက် မျက်တစ်မျိုးမျိုးကို အမြဲဝတ်ဆင်ထား သင့်သည်။
ခရမ်းရောင်နှင့် မရမ်းစေ့ရောင်ရှိသော အဝတ်အထည်နှင့် အခြားအသုံးအဆောင် ပစ္စည်းများကို ရွေးချယ်ဝတ်ဆင် သုံးစွဲသင့်သည်။

မည်သည့်လတွင်မဆို မွေးသည့် ၄ နှင့် ၈ ဂဏန်းရက်ဖွားများအပေါ် ဆွဲဆောင်မှုရှိမည်။
မိမိဘဝသက်တမ်း တစ်လျှောက်တွင် အရေးကြီးသော အထူးအရေး ကြုံသော အသက်နှစ်များမှာ ၈၊ ၁၇၊ ၂၆၊ ၃၅၊ ၄၄၊ ၅၃၊ ၆၂၊ ၇၁ နှင့် ၈ဝ နှစ်များဖြစ်သည်။


ဈေးကွက်ဂျာနယ် - zaygwet.com

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved