ပြည်တွင်း သတင်းသမားများ ဥပဒေအတိုင်း ဆန္ဒပြခွင့် လျှောက်မည်

Friday, August 17, 2012

Committee For Freedom of Press (Myanmar) တွင် တွေ့ရသော ဓာတ်ပုံ ဖြစ်သည်။


ပြည်တွင်းသတင်းသမားများ သတင်းလွတ်လပ်ခွင့်မရရှိသည့်အပေါ် ဥပဒေနှင့်အညီ တရားဝင် ဆန္ဒပြခွင့်လျှောက်ထားတော့မည်။


သတင်းလွတ်လပ်ခွင့်ကော်မတီ အထူးထုတ်ပြန်ကြေငြာချက်


ရက်စွဲ- သြဂုတ် ၁၆၊ ၂၀၁၂ ခုနှစ်။

သြဂုတ် ၁၆ ရက်နေ့တွင် ကျင်းပသော သတင်းလွတ်လပ်ခွင့်ကော်မတီ၏ လုပ်ငန်းဖြစ်မြောက်ရေး ဆပ်ကော်မတီ အစည်းအဝေးတွင် အောက်ပါဆုံးဖြတ်ချက်များကို ချမှတ်လိုက်သည်။

၁။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့်ထိုက်တန်သော သတင်းလွတ်လပ်ခွင့် မရှိသေးသည့် ကိစ္စနှင့်ပတ်သက်ပြီး သတင်းမီဒီယာသမားများက တည်ဆဲဥပဒေများနှင့်အညီ တရားဝင်ဆန္ဒခွင့် လျှောက်ထားမည်ဖြစ်သည်။ ဆန္ဒပြမည့်နေရာမှာ မြို့တော်ခန်းမအနီးဖြစ်ပြီး ဆန္ဒပြခွင့်ကို သြဂုတ်လ ၂၁ ရက်နေ့ တွင် ကျောက်တံတား မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ တရားဝင် လျှောက်ထားမည် ဖြစ်သည်။

၂။ သြဂုတ် ၂၂ ရက်နေ့တွင် Press Freedom အမှတ်တံဆိပ်ပါ အမည်းရောင် ဦးထုပ်များကို သတင်း မီဒီယာ သမားများထံ ဖြန့်ဝေမည်ဖြစ်ပြီး ယင်းအမည်းရောင် ဦးထုတ်များကို ၀တ်ဆင်ခြင်းဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် ထိုက်တန်သော သတင်းလွတ်လပ်ခွင့် မရသေးသည်ကို ဖော်ထုတ်ရန်ဖြစ်သည်။

၃။ သြဂုတ် ၂၃ ရက်နေ့ ဒဂုံမြို့နယ် တရားရုံးတွင် The Voice Weekly ရင်ဆိုင်နေရသော အမှုအတွက် စွဲချက် တင်သင့် \ မတင်သင့် တရားရုံးက ဆုံးဖြတ်မည်ကို Press Freedom တံဆိပ်ပါ အမည်းရောင် ဦးထုပ် နှင့်
အမည်းရောင် အင်္ကျီများ ၀တ်ဆင်သွားရောက် သတင်းယူကြမည်ဖြစ်သည်။

၎။ သြဂုတ် ၂၄ ရက်နေ့ ပုဇွန်တောင်မြို့နယ်တရားရုံးတွင် တရားရင်ဆိုင်နေရသော လျှပ်တပြက် ဂျာနယ်အမှုကို Press Freedom တံဆိပ်ပါ ဦးထုပ် နှင့် အမည်းရောင် အင်္ကျီများ ၀တ်ဆင် သွားရောက်သတင်း ယူကြရန် ဖြစ် သည်။

၅။သြဂုတ် ၂၄ ရက်နေ့ ညနေ ၃ နာရီအချိန်၌ တော်ဝင်နှင်းဆီတွင် သတင်းလွတ်လပ်ခွင့် မရရှိသေးသည့် ကိစ္စ ၊ ဆင်ဆာ မဖျက်သိမ်းသည့် ကိစ္စ ၊ မီဒီယာ ဥပဒေကို မီဒီသမားများအား အသိမပေးဘဲ ရေးဆွဲနေမှုအပါအ၀င်
သတင်းမီဒီယာထိန်းချုပ်နေမှုများကို ဖယ်ရှားပေးရန် ကိစ္စနှင့် ပတ်သက်သော အထူး သတင်းစာ ရှင်းလင်းပွဲ ပြု လုပ်မည်ဖြစ်သည်။

၆။ ဒီမိုကရေစီနှင့် ထိုက်တန်သော သတင်းလွတ်လပ်ခွင့် ရရှိရေး ၊လိုအပ်သော လှုပ်ရှားမှုများ ဆက် လက်ဆောင် ရွက်သွားမည်ဖြစ်သည်။

လုပ်ငန်းဖြစ်မြောက်ရေးဆပ်ကော်မတီ
သတင်းလွတ်လပ်ခွင့်ကော်မတီ
ရန်ကုန်မြို့။


ဆက်သွယ်မေးမြန်းရမည့်သူများ-
-ဦးဇော်သက်ထွေး(ပြန်ကြားရေးတာဝန်ခံ) ၀၉၇၃၀၃၀၀၄၈။

-ဦးဥာဏ်လင်းအောင်-၀၉၇၃၂၀၅၈၃၉
-ဦးဝေဖြိုး-၀၉၅၀၉၉၇၈၄
-သာလွန်ဇောင်းထက်-၀၉၇၃၀၇၇၅၅၇

2 comments :

  1. Anonymous said... :

    တရားရုံးကိစ္စသည် လွတ်လပ်စွာတရားစီရင်ရေးကိစ္စဖြစ်ပါသည်။ မီဒီယာလွတ်လပ်ခွင့်နှင့်မသက်ဆိုင်ပါ။ တရားဥပဒေမဲ့ ဆောင်ရွက်နေခြင်းသာဖြစ်ပါသည်
    စည်းကမ်းနှင့်လွတ်လပ်ခွင့်သည်ကွာခြားပါသည်။ ဆူပူမှုဖြစ်ရန်လှုံ့ဆော်နေသူများသာဖြစ်ပါသည်

  1. Anonymous said... :

    မှန်ကန်ပါသည်၊ တရားစွဲတာကို သေချာဂဏ လေ့လာ
    ကြပါ၊ သတင်းရေးလို့ မဟုတ်ပါ၊ မသေချာတာတွေ
    ကြားတာ ထင်မြင်တာတွေ မခိုင်လုံ အထောက်အထား
    မရှိဘဲ ထည့်ရေးလို့ တရားစွဲခံရတာဖြစ်ပါတယ်၊
    ထစ်ကနဲဆို မထိနဲ့ မီးပွင့်သွားမယ်ဆိုတာမျိုးဖြစ်နေတယ်
    မထိစေချင်ရင် မငြိအောင်နေကြဖို့ လိုတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved