ရခိုင်နဲ့ အာသံအရေးဆန္ဒပြပွဲမှာ အကြမ်းဖက်မှု ဖြစ်ပြီး သတင်းသမားတွေ ရိုက်ခံရ

Sunday, August 12, 2012

မွန်ဘိုင်းမြို့က Azad Maidan အရပ်မှာ စနေနေ့နေ့လည်က ဆန္ဒပြကြရင်းက အကြမ်းဖက်မှုတွေဖြစ်သွားတာကြောင့် သတင်းသမားတွေအပါအ၀င် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေ၊ ဘေးကရပ်ကြည့်သူတွေ သေသူသေ ဒဏ်ရာရသူရ ဖြစ်ကုန်ပါတယ်။



Azad Maidan ဆိုတဲ့နေရာက မွန်ဘိုင်းမြို့ (ဘုံဘေမြို့) မှာ ဆန္ဒပြဖို့ သတ်မှတ်ထားတဲ့ နေရာပါ။ အဲ့ဒီနေရာမှာ မြန်မာပြည်က ရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ ပဋိပက္ခ၊ အာသံပြည်နယ်မှာဖြစ်တဲ့ ပဋိပက္ခတွေမှာ လူနည်းစု အစ္စလာမ် ဘာသာဝင်တွေအပေါ် ဖိနှိပ်မှုတွေ လုပ်နေတာကို ဆန့်ကျင်တယ် ဆိုပြီး အိန္ဒိယနိုင်ငံထဲမှာရှိတဲ့ အစ္စလာမ်ဘာသာအသင်းအဖွဲ့တွေက စုဝေး ဆန္ဒပြနေခဲ့ကြတာပါ။


မီးရှို့ခံရတဲ့ ရဲကားတွေ



ရိုက်ခံရတဲ့ သတင်းသမားတယောက်

အစပိုင်းမှာတော့ ဆန္ဒပြသူ ရာဂဏန်းပဲ ရှိခဲ့ပြီး နေ့လည် ၃ နာရီလောက်မှာတော့ ဆန္ဒပြသူတွေ တဖြည်းဖြည်းများလာပြီး နှစ်သောင်းနီးပါးလောက်ဖြစ်လာတယ်လို့ မွန်ဘိုင်းရဲတွေက ပြောပါတယ်။ အဲ့ဒီထဲမှာ တချို့တွေက အာသံပြည်နယ်ပဋိပက္ခက ပုံတွေကို ဖြန့်ဝေနေကြရင်းက ဒေါသကြီးသူတွေကနေ ပြဿနာမီးစမွှေးလိုက်ပုံရတယ်လို့ မွန်ဘိုင်းရဲတွေက ဆိုပါတယ်။



ဒဏ်ရာရသွားတဲ့ ရဲတဦး

ဆန္ဒပြနေချိန်မှာ ဒီပဋိပက္ခတွေနဲ့ မီဒီယာတွေက သတင်းပေးပို့မှုတွေနဲ့ဆိုင်တဲ့ ဟောပြောမှုလုပ်နေတုန်းမှာ လူအုပ်ကြီးဟာ သတင်းယူနေတဲ့ မီဒီယာသမားတွေဆီ ပြေးလာပြီး လူတွေကိုရိုက်၊ ကင်မရာတွေ ရိုက်ခွဲ၊ တိုက်ရိုက်လွှင့်နေတဲ့ အသံလွှင့်ကားကြီးတွေကို မီးရှို့တာတွေ စလုပ်တယ်လို့ သတင်းသမားတွေက ပြောပြပါတယ်။


မီးရှို့ဖျက်ဆီးခံရတဲ့ တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်ရေးယာဉ်တစီး

ဖျက်ခံရတဲ့ သူ့ကင်မရာကို ပြနေတဲ့ သတင်းသမား

“ကျနော်တို့ ဓာတ်ပုံတွေရိုက်နေတုန်း လူအုပ်ကြီး ပြိုဆင်းလာပြီး ကျနော်တို့ကို ၀ိုင်းရိုက်တယ်။ ကင်မရာတွေကို ဆွဲယူဖျက်ဆီးပစ်ကြတယ်။ ကျနော့်ကင်မရာလည်း ပျက်စီးသွားတယ်။ ကျနော့် ဆွဲကြိုးကိုလည်း လုယူသွားတယ်။ ကျနော့်သူငယ်ချင်းတယောက်ကိုဆိုရင် လူအုပ်ကြီးက အပေါ်ကို မြှောက်ပြီးပစ်တာ ပြုတ်ကျလို့ ခြေထောက်နဲ့ ခါးမှာ ဒဏ်ရာရသွားတယ်။ ကျနော်တို့ တိုက်ရိုက်လွှင့်နေတဲ့ ကားကိုလည်း သူတို့ မီးရှို့လိုက်ကြတယ်” လို့ မွန်ဘိုင်းက သတင်းသမားတယောက်က ပြောပြပါတယ်။



ရဲတွေဆီက လက်နက်တွေကိုလည်း လုပြေးတာကြောင့် ရဲတွေဆီက သေနတ် ၃ လက် ပါသွားတယ်လို့လည်း ဆိုပါတယ်။ ရဲတွေလည်း ဒဏ်ရာရသူရဖြစ်ကုန်သလို ရဲမေတွေလည်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရတယ်လို့ ဆိုပါတယ်။ ရဲကားတွေကိုလည်း မီးရှို့ပြီး ခဲတွေနဲ့ပစ်ပေါက်ကြပါတယ်။

လူအုပ်ထဲက သေနတ်ပစ်ဖောက်သံတွေလည်း ကြားရတယ်လို့ အဲ့ဒီနေရာမှာ တာဝန်ကျတဲ့ ရဲတွေက ပြောပါတယ်။

အဓိကရုဏ်းကို ထိန်းသိမ်းဖို့ အထူးရဲတပ်ဖွဲ့တွေ ထပ်ရောက်လာပြီး မိုးပေါ်သေနတ်ပစ်ဖောက်၊ မျက်ရည်ယိုဗုံးတွေပစ်ခွဲပြီး လူစုခွဲခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီအဖြစ်မှာ လူနှစ်ယောက် သေဆုံးပါတယ်။ ၄၆ ဒဏ်ရာရပါတယ်။ အဲ့ဒီထဲက ၃၈ ယောက်က ရဲတွေဖြစ်ပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရကြလို့ ဆေးရုံမှာ ဆေးကုသမှု ခံနေကြရပါတယ်။

တိုက်ရိုက်တင်ဆက်တဲ့ မီဒီယာကားနှစ်စီး၊ ရဲကား ၃ စီးနဲ့ ဆိုင်ကယ် နှစ်စီး မီးရှို့ဖျက်ဆီးခံရပါတယ်။ အများပြည်သူသုံး ဘတ်စ်ကား ၄၀ စီး၊ ကား ၂ စီးနဲ့ ဆိုင်ကယ် ၅ စီးကတော့ ခဲတွေနဲ့ပစ်ပေါက်တာကြောင့် မှန်တွေပျက်၊ အင်ဂျင်တွေပျက်သွားတယ်လို့ မွန်ဘိုင်းရဲက သတင်းထုတ်ပြန်ပါတယ်။ အဲ့ဒီနေရာအနီးအနားက ဆိုင်တချို့နဲ့ မြေအောက်ရထားဘူတာရုံလည်း ပျက်စီးမှုတချို့ရှိခဲ့ပါသတဲ့။



ဆန္ဒပြပွဲ စီစဉ်သူတွေကတော့ သူတို့ စီစဉ်ထားတာဟာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြဖို့ပဲ ဖြစ်တယ်။ အခုလို အကြမ်းဖက်မှုဖြစ်တာဟာ သူတို့အဖွဲ့ဝင်တွေနဲ့ မဆိုင်တဲ့ ဒိပြင် အပြင်လူတွေက စလိုက်တာ ဖြစ်ဖို့များတယ်။ ဘယ်သူကပဲ စတာဖြစ်ဖြစ် ဒီလို အကြမ်းဖက်လုပ်တာကိုတော့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်လို့ ပြောပါတယ်။

မွန်ဘိုင်းရဲတပ်ဖွဲ့ကတော့ ဒါဘယ်ကစလို ဘယ်လိုဖြစ်တယ်ဆိုတာတွေကို စုံစမ်းနေပြီး ဒီနေ့မနက်ပိုင်းမှာတော့ အကြမ်းဖက်ခဲ့တဲ့သူ ၂၄ ယောက်ကို ဖမ်းဆီးမိထားတယ်၊ သူတို့ကို အကြမ်းဖက်မှု၊ ရဲတွေကို စော်ကားတဲ့အမှု၊ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်စီးတဲ့အမှုတွေနဲ့ တရားစွဲမယ်၊ ကျန်တဲ့သူတွေကိုလည်း ထပ်စုံစမ်းဖော်ထုတ်မယ်လို့ ပြောပါတယ်။

5 comments :

  1. Anonymous said... :

    ဘင်္ဂါလီ ကျူးကျော်သူတွေကို ဘင်္ဂလားဒေရှ့် အစိုးရကိုင်တွယ်သင့်ပြီး ကို့နိုင်ငံက လူတွေ သူများနိုင်ငံ သွားနေတာ ကို့မှာ တာဝန်ရှိတယ် ။ မြန်မာ ရွေ့ပြောင်းအလုပ် အလုပ်သမားတွေ ထိုင်းမှာ ၄သန်းလောက်ရှိတယ် အဲလို နယ်မြေလု ဆူပူတာ ဖြစ်ဖူးလား။
    လူဦးရေ ထိမ်းချုပ်ဖို့ ပညာပေးသင့်တယ်။ ရှေးရိုးစွဲ မူဆလင်တွေဟာ သူများနိုင်ငံ ယဉ်ကျေးမှုမှာ ဟာမိုနီ ကျအောင် မနေဘူး။ သတင်းသမားတွေလဲ တိုက်ခိုက်ခံရမှကောင်းတယ်။ဘီဘီစီ၊ ဗီအိုအေ၊ အယ်ဂျာဇီးရား ဖွနေကြတယ်။ minority ဆိုပြီးတော့ ရခိုင်မှာ တချို့နေရာ တွေမှာ ဘင်္ဂါလီ ၉၇% က လူနည်စုလား။ ဘင်္ဂလား အစိုးရကို ဖိအား ဝိုင်းပေးသင့်တယ်။ သူတို့ နိုင်ငံက ချီးထုပ်တွေ။
    အားလုံးမဆိုလိုပါ တချို့ ဥပဒေအရ နေလာတာ ကြာတဲ့သူ ဥပဒေအရ နိုင်ငံသားပေးသင့်တယ်။ ပြသနာက သူတို့ကို နိုင်ငံသားပေးရင်တောင် ရခိုင်ဒေသခံတွေ မလုံခြုံသလို သူတို့ ကို လဲ ဒေသခံ ရခိုင်တွေက အသိမှတ်ပြု နိုင်မှာ မဟုတ်ပါဘူး။
    အယ်ဂျာဇီးရား သတင်းဆောင်းပါးတခုမှာ ဆို Arakan state is belong to Rohingya လို့ပြော သွားတယ် ပြီးတော့ ၄၀၀၀၀ လောက်သေတယ်ဆိုပဲ။ သတင်းဌာနတွေက အတော်ဖွ တာပဲ။
    ကျနော်တို့နိုင်ငံဟာ အနောက် အုပ်စု နဲ့ ပေါင်းမလို့ ဒီမိုကရေစီဖော်ဆောင်ရုံပဲ ရှိသေးတာ အနောက် မီဒီယာတွေက ဖွနေကြတယ်။ အမှန်က ဒီပြသနာက အင်္ဂလိပ်တွေလဲ ဒီချီထုပ်ကို ဖြေစားခဲ့သူတွေပါ။ ကိုလိုနီ လိုက်သိမ်းပြီး နိုင်ငံတွေ သဟဇာတ မဖြစ်အောင် လူမျိုးတွေ လိုက် ရော တယ်။ သူတို့စခဲ့ တာ သူတို့က အရင်ရပ်ပြီး လူ့အခွင့်အရေးပြောပြီး ဖင်ခေါင်းကျယ်တယ်။ လူ့အခွင့်အရေးအကြောင်းပြောရင် အမေရိကန် အင်္ဂလန်မှာရေယ မူဆလင်တွေ စောင့်ကြည့် ခံရတာ။ မူဆလင်တွေ ပြည်ဝင်ခွင့်ခက်တာသတင်းတွေ ဘာလို့ မဖွလဲ။ ကျနော်တို့လဲ သူတို့လို နိုင်ငံ လုံချုံရေးနဲ့ စဉ်းစားပါ ။ လူအခွင့်အရေးကြောက်ပြီး ဘာမှမလုပ်ပဲနေလို့မရဘူး။ မလေးမှာလဲ ဘာလူ့အခွင့်ရေးရှိတယ် တိုးတက်အောင်လုပ်နိုင်တာ ပြည်သူအတွက်ပါ။ မလေး စင်္ကာပူ အတိုက်ခံ မီဒီယာ မြန်မာမှာလောက် မလွတ်လပ်ပါ ချမ်းသာပါတယ်။
    တရုတ်ပြည် ဘယ်မှာ လူ့အခွင့်ရေး လေးစားလဲ ဘယ်သူမှ sanction မလုပ်ဘူး။ အနောက်နိုင်ငံတွေက သူတို့ လုပ်ငန်းရှင်တွေ စီးပွားပျက်ကုန်မှာ စိုးလို့ တရုတ်ကို မထိရဲဘူး။ မော်စီတုန်း ယဉ်ကျေးမှုတော်လှန်ရေးတုန်းက လူ ၃၅ ကနေ ၄၅သန်းသေကြတယ်ပြောတယ်။ ခုတိုးတက်လာတော့ ဘယ်သူမှာ မပြောတော့ဘူး။
    မီဒီယာတွေလဲ အတော်ဖွတယ်။ မြန်မာပြည် ပြည်တွင်းစစ်ဖြစ်တာ မီဒီယာ နဲ့ ရှေးရိုးစွဲ ဗမာ အမျိုးသားရေးဝါဒီ တွေကြောင့် ဆိုမမှားဘူး။
    ကြေမှုံ ဦးသောင်းရေးတဲ့စာအုပ်မှာ ကွန်မြူနစ်ခေါင်းဆောင် သခင်သန်းထွန်း ရွှေတိဂုံဘုရားပေါ်မှာ ဝိုင်းဖမ်းဖို့ ရင်ပြင်အောက်မှာ စောင့်နေတာ သခင်းသန်းထွန်း သူငယ်ချင်း သတင်းစာဆရာ ကြီးက သခင်သန်းထွန်း ကတုံးနဲ့ ဇကောရွက်ပြီး သီလရှင် လိုယောင်ဆောင် ပြီး ဆင်းသွားပြီးလို့ ဖွလိုက်တယ်။
    စောင့်နေတဲ့ ရဲတွေလဲ ပြန်သွားတာပေါ့။ ရဲပြန်သွားမှ သခင်သန်းထွန်း ရင်ပြင်ပေါ်က အေးဆေးဆင်းပြီး တောခို လို့ ပြည်တွင်းစစ်ဖြစ်တာ။ အရင်ဆုံး တောခိုတာ ဗမာ ကွန်မြူနစ်တွေပါ။ ဗမာနိုင်ငံရေးသမားအချင်းချင်း အာဏာအဝေ မတည့်တာ။ ဦးနုကလည် ဗုဒ္ဒဘာသာများတဲ့ နိုင်ငံမှာ နိုင်ငံဘာသာကြေညာမယ်ဆိုတော့ ။ ဘာသာခြားတွေ ဘယကြေနပ်မလဲ။ ဘာသာရေးကို နိုင်ငံရေးနဲ့ ရောတဲ့ နိုင်ငံ မအောင်မြင်နိုင်ဘူး ကိုမဲရဖို့တခုထဲ နဲ့ ဘာသာရေး အသုံးမချသင့်ဘူး။ rohingya ရေဒီယို အစီစဉ်ကလဲ ဦးနုလက်ထက်ပဲ စခဲ့တာ။ ၈၈ တုန်းကလဲ ဦးနုတို့ပဲ ဒေါ်စုတို့ နဲ့ မပေါင်းချင်ပဲ သူပဲ ဝန်ကြီးချုပ် ပြန်လုပ်ချင်ခဲ့တာ။ ဒါတွေကို သင်္ခန်းစာ ယူစေချင်တယ်။ ဦးနုအကိုင်တွယ်မတတ်ခဲ့လို့ ပြည်တွင်းစစ်ဖြစ်ခဲ့တာ။ နေဝင်း ယုတ်မာ တာတခုထဲမဟုတ်ဘူး။
    ခုကျနော်တို့ဒီထက်ပို စီးလုံးသင့်တယ်။ ကျနော်တို့ တိုင်းရင်းသားတွေ စစ်ပြေးဒုက္ခသည်တွေ ဖြစ်နေချိန်မှာ ဘင်္ဂါလီတွေ နယ်မြေသိမ်းနေပြီး။ ဧရာဝတီအပါဝင် မီဒီယာတွေလဲ သတင်းတခုပဲ အာရုံမထားပဲ ကျနော်တို့ ရခိုင်ညီအကိုအပါအဝင် တခြား တိုင်းရင်းသားတွေ ကို အလေးပေးရေးစေချင်တယ် ပြီးတော့။ မြန်မာပြည်သားအကျိုးစီးပွား ပျက်မယ့်ကိစ္စခဏတော့ မေ့ထားစေချင်တယ်။
    ပြုပြင်မယ်မကြံသေး ကုလားတွေက မီဒီယာတွေ ဖွထားတာကို စစ်ကြေညာနေပြီး။ နိုင်ငံအတွက်မကောင်းဘူး။ ဘယ်သူအတွက်မှမကောင်းဘူး

  1. အဲ့လိုဖြစ်သင့်တယ်

  1. Anonymous said... :

    ရိုဟင်ဂျာတွေက ဒုက္ခသည်ဖြစ်ချင်တဲ့လူများတယ်။ ဒါမှအလုပ်မလုပ်ဘဲ ကောင်းကောင်းစားရမယ်လေ။ အရင်ကဆိုရင် ဒုက္ခသည်ဖြစ်ချင်ရင် ငွေလေးသိန်းလောက်ပွဲစားကိုပေးပြီး ထိုင်း မလေး ရဲတွေဆီ သွားဖမ်းခံပြီးခံကြရတယ်။ အခုကျတော့ ဘာမှမကုန်ဘဲ ကိုယ့်အိမ်ကိုယ်မီးရှို့လိုက်ရုံနဲ့ ဒုက္ခသည်ဖြစ်ပြီပေါ့ဗျာ။ ဒါကြောင့် ဒို့ရခိုင်တွေ ရိုဟင်ဂျာတွေနဲ့ထိပ်တိုက်မတွေ့အောင်ရှောင်ကြစေချင်တယ်။

  1. SAI SAI said... :

    ရေးထားတာတွေသေသေချာချာဖတ်ကြည့်မှ၊ဒီအချိန်ဟာတိုင်းပြည်အတွက်အရေးကြီးဆုံးအ ချိန်ကိုရောက်နေပြီဆိုတာကိုသတိထားမိလာ တယ်၊နိုင်ငံ့ခေါင်းဆောင်တွေ၊စစ်ခေါင်းဆောင်တွေ၊အတိုက်အခံခေါင်းဆောင်တွေ၊တိုင်းရင်းသားများအပါအ၀င်မြန်မာလူထုတရပ်လုံး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့အရာရာ တိုင်းကိုသတိရှေ့ထားပြီးဖြစ်ပေါ်လာတဲ့ပြသနာ တွေကိုအတူတကွရင်ဆိုင်ဖြေရှင်းမှသာတိုင်း ပြည်အတွက်အကောင်းဆုံး ဆိုတာတွေ ဖြစ်လာမှာပါ

  1. ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသားမဟုတ်ဘူးလို့ သမတကြီးကိုယ်တိုင်လည်းပြောပြီးပြီ၊ လ.၀.က ပြည်ထောင်စုဝန်ကြီးလည်းပြောပြီးပြီ။ လူသားခြင်းတော့ စာနာပါတယ်။ ဒါပေမယ့်... ကိုယ့်မြေမှာလာနေတယ်၊ ကိုယ့်တိုင်းရင်းသားကို လူမှုရေးပါစော်ကားနေတော့ ဘယ်လိုလက်ခံရမလဲ၊ ဒီကိင်္စကို လွှတ်တော်ထဲကလူတွေ အမြန်စဉ်းစားဖို့လိုနေပြီ။ တိုင်ပင်စဉ်းစားတာကြာနေရင် ဘယ်သူတွေနစ်နာမှာလဲ။ ဒို့တိုင်းရင်းသားတွေပဲနာမှာပဲ။ သမတကြီးကပြောပြီးနေပြီ။ ရိုဟင်ဂျာတွေကို UNHCR လက်ထဲထည့်ချင်တာ။ UNHCR က သိပ်လက်ခံချင်ပုံမရပါဘူး။ လက်မခံရင်လဲ ထိုင်းနိုင်ငံလို လုပ်ပစ်လိုက်ပါလို့ သမတကြီးကို တောင်းဆိုချင်ပါတယ်။ အမေစုပြောသလို ဒီမိုကရေစီဖော်ဆောင်ဖို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး လိုအပ်ပါတယ်။ ဘယ်လိုပြသနာဖြစ်ဖြစ် ကိုယ့်တိုင်းရင်းသားကိုယ်မှ အရင်ကာကွယ်မပေးချင်ရင်တော့ ဒီမိုကရေစီအစိုးရပဲတက်တက်၊ ဗြူတိုကရေစီပဲတက်တက်၊ ကွန်မြူနစ်ပဲတက်တက် တက်လာတဲ့အစိုးရကို ပြည်သူအများက No!ပါလို့ ပြောချင်ပါတယ် ( သမတကြီး၊ လွှတ်တော်ဥကဌကြီးနဲ့တကွ လွှတ်တော်အတွင်းက လူကြီးမင်းများ သိစေလိုပါတယ် . . . .)(အားလုံးသော တိုင်းရင်းသားညီအစ်ကိုယ်များ စည်းလုံးကြပါစို့။ ညီညွတ်ကြပါစို့။ အချင်းချင်းရိုင်းပင်းကြပါစို့ . . . )(လူသားချင်းစာနာပါသည်... လူမျိုးချင်းတော့ မစာနာနိုင်ပါ.....)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved