ဘုန်းကြီးနှစ်ပါးကျောင်းလုရာမှ တုတ်တပြက် ဓားတပြက်ဖြစ်

Monday, August 6, 2012





မေလေး



ရဟန်းတပါး ရောင်းစားထားခဲ့သည့် ကျောင်းတွင် ၀င်ရောက် သီတင်းသုံးနေထိုင်သည့် ရဟန်းများ နှင့် မူလကျောင်းထိုင်ဆရာတော်အဖွဲ့တို့ ကျောင်းနေရာလုရင်း စကားများရာမှ တုတ်၊ ဓားများပါလာသည့်အတွက် မြို့နယ်သံဃနာယကအဖွဲ့ ၊ နယ်မြေခံရဲများ နှင့် ရပ်ကွက်အုပ်ချူပ်ရေးမှူးများ ပါဝင်သည့် အင်အား ၇၀ ခန့်က စနေနေ့ည ၈ နာရီခွဲခန့်တွင် သွားရောက် ဖြေရှင်းညှိုနှိုင်းပေးခဲ့ရသည်။

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ဘင်္ဂလားကျောင်းတိုက်ဝင်းအတွင်းရှိ ဦးသာသနကျောင်းတွင်ဖြစ်သည်။

အုပ်စု ၂ ခု

အုပ်စု နှစ်ခုမှာ မူလကျောင်းထိုင်ဆရာတော် ဦးဥက္ကံသ အဖွဲ့ နှင့် ကျောင်းကို ရောင်းစားခဲ့သည့်ရဟန်းက ကျောင်းတွင်နေခွင့်ပြုထားသည့် ဦးစန္ဒာသီရိ အဖွဲ့တို့ ဖြစ်သည်။

မူလကျောင်းထိုင်ဆရာတော် အဖွဲ့တွင် ရဟန်းပေါင်း ၃၂ ပါးရှိပြီး၊ ဦစန္ဒာသီရိအဖွဲ့တွင် ရဟန်း ၂၀ ကျော်ရှိသည်။



ခေါ်ယူညှိနှိုင်းပြီးဖြစ်

ပြဿနာမဖြစ်ခင် ညနေ ၅နာရီခွဲခန့်က ရန်ကုန်တိုင်း သံဃနာယကရုံးတွင် ထိပ်တိုက်တွေ့မည့်အုပ်စုနှစ်ခုကို ခေါ်ယူညှိနှိုင်းပြီးဖြစ်သည်ဟု သိရသည်။

မူလကျောင်းထိုင်ဆရာတော် အဖွဲ့က ကျောင်းတိုက် သုံးထပ်ဆောင် အပေါ်ဆုံးထပ်တွင် သီတင်းသုံးရန်၊ ဦးစန္ဒာသီရိအဖွဲ့က အလယ်ထပ်သို့ ပြောင်းရွှေ့နေရန်၊ သတ်မှတ်ထားသည့်အစီအစဉ်အတိုင်း မလိုက်နာပါက ကျောင်းမှ ထွက်ခွာရန် စသည့် ကတိစည်းကမ်းချက်များ ပါဝင်သည့် စာချုပ်ကို လက်မှတ်ရေးထိုးစေခဲ့သည်။

“လက်မှတ်ထိုးခိုင်းတာကလည်း အကျိုးတော်ဆောင် ဆရာတော်က မထိုးရင် ရုန်းရင်းဆန်ခတ်လုပ်မှုနဲ့ ထောင် ၆ လ ချနိင်တယ်၊ ဒီကျောင်းကိစ္စကို အာဏာပိုင်အဖွဲ့ကို လွဲပြီးသား ဆိုပြီး ဘုန်းကြီးကို ခြိမ်းခြောက်လို့ ထိုးလိုက်ရတာပါ” ဟု မူလကျောင်းထိုင်ဆရာတော် ဦးဥက္ကံသမှ လတ်မှတ်ထိုးဖြစ်ခဲ့သည့် အခြေအနေအကြောင်း ရှင်းလင်း မိန့်ကြားခဲ့သည်။

တုတ်၊ ဓား ဆွဲကြပြီ

၅ နာရီခွဲခန့်က လတ်မှတ်ထိုးခဲ့ပြီး ည ၈ နာရီခန့်အထိ မူလကျောင်းထိုင်ဆရာတော်တို့က အပေါ်ထပ်သို့ မပြောင်းရွှေ့သေးသည့်အတွက် ဦးစန္ဒာသီရိအဖွဲ့တို့က စတင်ပြီး တုတ်များ၊ ဓားများ ကိုင်ဆောင် လာခဲ့ကြောင်း၊ ကျောင်းထိုင်ဆရာတော်အဖွဲ့ပါ လက်နက်ကိုင်ဆောင်ပြီး ကျောင်းတွင်း၌ ရုန်းရင်းဆန်ခတ်မှု များ စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ ဦးဇတိလက ဓားရှည်ကြီးနဲ့ခုတ်မယ်ဆိုပြီး ပြေးလာတာ၊ ဦဥတ္တမကလည်း ငှက်ကြီးတောင်ဓားကြီး ကိုင်ပြီး ကျောင်းပေါ်ကို တက်လိုက် ဆင်းလိုက် လုပ်နေတယ် ၊ သူတို့က ဓားကိုင်တော့ ဦးဇင်းတို့လဲ ပြန်ကိုင်ရတာပေါ့ “ ဟု မူလကျောင်းထိုင်ဆရာတော်အဖွဲ့မှ ဦးသုစိတ္တက မိန့်ကြားသည်။

အပေါ်ထပ်နဲ့အောက်ထပ်ဇာတ်လမ်း

ကျောင်းအပေါ်ထပ် အောက်ထပ် မပြောင်းရွှေ့ရသည့် အကြောင်းရင်းမှာ မြေညီထပ် နှင့် အပေါ်ဆုံးထပ်တွင် နေထိုင်ရေးအဆင်မပြေမှုများရှိနေခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် ရေ၊ မီး၊ အပြည့်စုံရရှိသော အလယ်ထပ်အား လုနေကြခြင်းဖြစ်သည်။

ဦးဥက္ကံသအဖွဲ့တွင် ပါဝင်သည့် ရဟန်းအားလုံးသည် ယင်းကျောင်းပင် ၀ါဆိုရန် ၀ါဆိုသံဃာစာရင်း ပေးသွင်းပြီး ဖြစ်ကြောင်း၊ ဦးစန္ဒာသီရိအဖွဲ့မှာ စာရင်ပေးသွင်းရခြင်း မရှိသေးကြောင်း သိရသည်။

ယခုအဖြစ်အပျက်များနှင့် ပတ်သက်ပြီး ဦးစန္ဒာသီရိအားလည်းမေးမြန်းရာ တစ်စုံတစ်ရာပြန်လည်ဖြေကြားခြင်းမရှိပါ။

ကျောင်းရောင်း ကျောင်းဝယ်

ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်အဖြစ် ဦဥက္ကံသအား ၂၀၀၅ ခုနှစ်ကတည်းက ဗဟန်းမြို့နယ်သံဃနာယကအဖွဲ့က အသိအမှတ်ပြုခဲ့သည်။

ဦးဥက္ကံသ ထားဝယ်မြို့သို့ ခေတ္တခဏပြန်သွားသည့်အချိန် တွင် ဦဇတိလ(ခေါ်)ဦးစိန်ထွန်းအား ကျောင်းအား ကြည့်ရူပေးရန် ခေတ္တ အပ်နှံထားခဲ့ကြောင်း၊ သို့သော်လည်း ဦဇတိလက စင်္ကာပူရောက် ဦးပညာနန္ဒအား သိန်း၂၅၀ ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်၊

ဦးဥက္ကံသ ပြန်ရောက်သည့်အချိန်တွင် ကျောင်းအရောင်းအ၀ယ်ဖြစ်သွားပြီးဖြစ်နေသည်။

ထို့ကြောင့် ကျောင်း ရောင်းချခဲ့သူ ဦဇတိလသည် ယုံကြည်စွာ အပ်နှံထားသည့်ပစ္စည်းအား အလွဲသုံးစား လုပ်မှု နှင့် တရားစွဲခံရပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ကျခဲ့သည်ဟု သိရသည်။

၂၀၁၁ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် တိုင်းသံဃနာယကအဖွဲ့၏ ညှိနှိုင်းပေးမှုကြောင့် ဦဥက္ကံသနှင့် နောက်ပါ ရဟန်း ၃၂ ပါးတို့ ကျောင်းပေါ်သို့တက်ခွင့်ရခဲ့သည်။ သို့ရာတွင် အလယ်ထပ် ဘုရားခန်းရှေ့ရှိ ပေ၂၀×၃၀ ခန့်သာ ရှိသည့် နေရာလေးတွင်သာ သီတင်းသုံးခွင့် ရခဲ့သည်ဟု သိရသည်။

27 comments :

  1. ဆ၇ာတော်ကြီး said... :

    အင်တာနက်ခေတ်မှာ ဘုန်းတော်ကြီးများ ရန်မဖြစ်ကြနှင့်၊
    သတင်းထဲမှာ ပြူးတူးပြဲတဲ ပါလာမယ်။
    လောဘ၊ ဒေါသ၊ မောဟတွေကို ဘာသာရေးခေါင်းဆောင်တွေက စပြီး ထိန်းချုပ်ရမှာပါ။
    သတိ သတိ သတိ။

  1. Anonymous said... :

    Selling Monastery is very bad thing. Monastery is belonged to nobody. they are build with donation. Government should take serious action.

  1. Anonymous said... :

    ဗုဒ္ဓဘာသာ သိက္ခာကျအောင် တော့မလုပ်ကျပါနဲ့ ဘုရား။

  1. Anonymous said... :

    ဒီလူတွေကဘုန်းတော်ကြီးတွေမဟုတ်ဘူးလူတွေပဲဖြစ်သွားပါဘီ။ လူဝတ်သာလဲလိုက်ကြပါတော့။

  1. arrkarkyaw said... :

    ဒုက္ခပါဘဲ ဗုဒ္ဒဘာသာကသည်းခံရမယ်လို့ ဘုန်းဘုန်းတို့ဘဲဟောနေပြီးတော့ ဒီလိုမျိုးတော့မသင့်တော်ဘူးထင်ပါတယ်။ သာသနာတော်ကိုတော့ လေးစားဖို့သင့်ပါတယ်။ မိမိတို့ဘာသာကို သူများဆော်ကားရဲတာဒါတွေကြောင့်ပါ။

  1. Anonymous said... :

    ရှက်တယ်ဗျို့..။

  1. kokoboy said... :

    How can a monk who demonstrate such a violent characters be preaching Buddhism let alone be the lead monk. Respect fully requesting both lead monk to step down, as their actions clearly demonstrate their lack of judgement with the robes they wear.

  1. Anonymous said... :

    မထူးဆန်းဘူး လို့ပဲ ပြောရမှာပါ။ ဗုဒ္ဓရဲ့ လက်ထက်မှာကတည်းက ဒါမျိုးတွေ ရှိခဲ့လို့ ၀ိနည်းပညတ်တော်တွေ ပေါ်ပေါက်လာခဲ့တာပါ။ ၀ိနည်းပညတ်ချက်တွေ ပေါက်ပေါက်လာလို့ ဒီလိုမျိုး အမှု တွေ မရှိရတော့ဘူး မရှိသင့်ဘူး မရှိတော့ဘူး ဆိုတာမျိုးလဲ မဟုတ်ပါ။ ဗုဒ္ဓလက်ထက်တုန်းက ရှိခဲ့သလို အခုလဲ ရှိနေဦးမှာ၊ ပေါ်ပေါက်နေဦးမှာပါ။ နောင်လဲ ပေါ်ပေါက် နေဦးမှာပါ။ ဒါ အရှိတရား သဘာဝတရားပါ။ လူတွေရဲ့သန္တန်မှာ ရှိနေတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ အဒေါသ အမောဟ တရားတွေကို ဘာသာတရားနဲ့ ပိုင်းခြားလို့ မရပါဘူး။ ဘယ်ဘာသာမှာ မဆို၊ ဘယ်အုပ်စုမှာ မဆို၊ ဘယ်လူမျိုးတွေမှာ မဆို၊ ဘယ်နိုင်ငံမှာ မဆို ရှိနေဦးမှာ ဖြစ်နေဦးမှာပါပဲ။ အရှိတရားကို အရှိအတိုင်းလက်ခံလိုက်ကြပါ။
    အဲ.....မိမိကိုယ်ကိုယ် မိမိ တာဝန်ယူကြရမယ်ဆိုတာကတော့ အခုတစ်ဘထဲမှာ သံသရာတစ်လျောက်လုံး တာဝန်ယူကြရမှာပါ။

  1. Anonymous said... :

    ဘုရားသားတော်တွေဆို ။

  1. Unknown said... :

    သာသနာဖျက်တွေ ... လက်နက်ကိုင်ရဲတယ်ဆိုမှတော့ ခင်ဗျားတို့တွေ သင်္ကန်းဝတ်မနေကြနဲ့တော့ .. ရခိုင်မှာ ရဲစခန်း ၃၀ ထပ်တိုးမယ်ဆိုတာသိတယ်မဟုတ်လား ... ခင်ဗျားတို့အကုန်(လက်နက်ကိုင်တဲ့ သင်္ကန်းဝတ်တွေကိုပြောတာ) လူထွက်ပြီး ရခိုင်မှာ ရဲသွားလုပ်ကြပါလား ... နိုင်သလောက်ထောက်ပံ့ပါ့မယ်။

  1. Unknown said... :

    အင်တာနက်ခေတ်မှ မဟုတ်ဘူး ... ဘယ်ခေတ်ပဲဖြစ်ဖြစ် ရန်ဖြစ်လို့မရဘူး ... မေတ္တာ တရား ၊ သည်းခံခြင်း နဲ့ ဥာဏ်ပညာ တွေက ဗုဒ္ဓဘာသာဝင် တွေရဲ့ လက်စွဲတရားတွေပါ ... သင်္ကန်းဝတ်တွေက ပိုပြီး လေးစားသင့်တာပေါ့ ... စံပြဖြစ်အောင်လည်း နေသင့်တာပေါ့ ... အင်းလေ ... အနေအစားချောင်လို့ သင်္ကန်းဝတ်တဲ့သူတွေပါဖြစ်မှာပါ ...

  1. Anonymous said... :

    အားပေးတယ်။ ဖုန်းဖုန်းတို့ချသာချ။ ဖိုက်သာဖိုက်။

  1. Anonymous said... :

    သာသနာကွယ်မဲ့ အကြောင်းရင်းတွေပဲ။ဒကာ ဒါယိကာမလှူတဲ့ကျောင်ကိုရောင်းဝယ်လုပ်တာကို ဘာလို့ဆရာတော်ကြီးတွေက အသိမှတ်ပြုတာတုန်း။သာသနာကို ဖျက်နေတာ ဒီဘုန်းကြီးတွေပဲ။ရွာကတက်လာတယ် အရမ်းအလိုရမက်ကြီးတယ်။လူလစ်ရင် ဗိုလ်မှူးအဆင့်လောက်ရှိတဲ့ အရာရှိ ဆိုရင်ရှစ်ခိုးနိုင်တယ် ။ပြီရင်ဘုန်းကြီးချင်း သူတကာက ဘာကောင်ကြီးဆိုတာ ကြွားမယ်။ဘုန်ကြီးအားလုံးကိုဆိုလိုတာတော့မဟုတ်ဘူး။ဒါပေမဲ့ ဒီလိုဘုန်ကြီးတွေက ၅၀%အထက်မှာရှိတယ်။အဂ္ဂ ရဖို့ တောင်လိုက်ရတယ်။ အဲဒီတော့ စစ်အဆိုရက ပြစ်ရဲပြီပေါ့။တောင်မြို့ဆရာတော်ကြီးသာရှိသေး ရင် ဘယ်လောက်တောင်ပြောလိုက်ရေလိုက်မလဲလို့။

  1. Unknown said... :

    ဒီလိုဘုန်းကြီးတွေကြောင့်--တစ်ကယ့်ရဟန်းကောင်းတွေ
    နေရထိုင်ရတာခက်ပါတယ်-ဒီလိုသတင်းဖတ်ရတာ-
    ကိုယ်တိုင်ရဟန်းဖြစ်နေတော့-ကျူးလွန်တဲ့ရဟန်းကမရှက်
    ပဲ-ဘုန်းကြီးဖြစ်သတင်းဖတ်ပြီး--ရှက်လိုက်တာဗျာ

  1. soengel2 said... :

ဲမြန်မာပြည်မှာစာသင်တိုက်ကျောင်းကလွဲရင်ရက်ကွက် ကြိုရပ်ကွက်ကြားကဘုန်းကြိးကျောင်းတွေကိုဖယ်ရှားသင့်တာကြာပြိဗျို့

  1. dddoe said... :

    မှန်တယ်ထင်ရင်သေနတ်ပါဆွဲလို့ ရတယ်...သေနတ်လိုချင်ရင်တော့ မြိုင်ကြီးငူ ဘုန်းကြီးဆီကိုကြွပေတော့....မိုက်တဲ့ကောင်ထွက်ခဲ့..

  1. Anonymous said... :

    ဘာ့ရည်၇ွယ်ချက်နဲ့သာသနာ့ဘောင်ဝင်ကြတာလည်း....လောဘ ဒေါသ မောဟနည်းအောင်ကျင့်ကြံပွားများအားထုတ်ချင်လို့ထင်နေတာ....အခုလိုကြားရတာသာသနာအတွက်ရင်လေးမိတယ်....ပူဇော်ထိုက်ပါပေတယ်.....

  1. Anonymous said... :

    ကောင်းကြသေးရဲ့လား

  1. Anonymous said... :

    ကိုယ့်ဘာသာကိုသူများစော်ကားရဲနေတာလဲမပြောနဲ့
    ကိုယ်ကိုတိုင်ကမလေးစားတာ

  1. Anonymous said... :

    အရှင်ဘုရားတို့က ဘုရားသားတော်တွေဆိုတာလဲသတိထားကြပါဦး
    ဘုရား ဗုဒ္ဓဘာသာကိုအထင်သေးအောင်မလုပ်ကြပါနဲ့

  1. Anonymous said... :

    အဆင်အခြင်မရှိ စွတ်ပြောတဲ့ သူများအမှားကို အခြောင် အာခြောင်လို့  အပါယ်လိုက်မယ့် သူတွေမနည်းပါလား။

  1. Anonymous said... :

    ဒီလို သိက္ခာမရှိတဲ့ ဘုန်းကြီးတွေကို လူဝတ်လဲပေးလိုက်ပါလာ၊ ဘယ်သူတွေက ဒီဘုန်းကြီးတွေကို ထက်ရှိခိုးမှာလဲ ...
    ဘုန်းကြီးအစစ်တွေကော် ဟုတ်ကြရဲ့လား
    ကြည့်ကောင်းအောင်လုပ်ကြပါ ဘုန်းဘုန်းတို့ရေး...

  1. မောင်ကောင်း (กรุงเทพมหานคร) said... :

    ရှက်ဖွယ် .

  1. Anonymous said... :

    Is this Monk U Sandar Thiri was from Singapore Burmese Buddhist Temple?
    If it is true, this monk is in charge of all breakfast and lunch offering at temple.

  1. Anonymous said... :

    တခါက ဘုန်းကြီးတွေ ကျောင်းထဲမှာ ဘောလုံးကန်တာကို ကဲ့ရဲ့ ဘုန်းကြီးတပါးကို ဆရာတော်ကြီးတပါးက သူ့ ဘာသာ အပါယ်သွားမယ့်ဟာ အရှင်ဘုရားကပါ သင်္ကန်းဆွဲပြီး လိုက်ချင်လို့ လားတဲ့။ အခုလဲသင်္ကန်းဆွဲပြီး လိုက်မယ့်သူတွေ အများသား

  1. Anonymous said... :

    ဒါတွေဟာ လောကသားပုထုဇဉ်ပဲဟာ ဖြဒ်သင့်ပါတယ်

  1. tt said... :

    အမှားကိုမမှန်လုပ်ကြတဲ့ ဒီခေတ်ထဲမှာ ဒါ ဘာဆန်းတာမှတ်လို့ဗျာ ဦးသူက သတင်းဌာနကိုအရင်ရေးပို့တာပဲ သူ့ဘက်က အားသာအောင်ရေးတော့မပေါ့ ဒီပြဿနာကြီးဖြစ်နေတာ ကျနော်ကြားမိသားဗျာ ကျနော်လဲ အဲဒီနားနေခဲ့တာပဲ ..... အဲဒီတော့ ခုပို့စ်ထဲမှာ ဘယ်သူက လိပ်လို့ကျင့်ထားသလဲ ကြည့်လိုက်ပါ လိပ်လိုကျင့်သူဟာ မှားနေတယ် ကျနော် ဒီလောက်ပဲပြောမယ် ..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved