နေပြည်တော်နားက ကိုယ့်ကိုယ်ကို မီးရှို့သတ်သေမှု

Thursday, August 30, 2012

နေပြည်တော် ဆိုင်းဘုတ်၊ ဓာတ်ပုံ- ဧရာဝတီ

နေပြည်တော် ပျဉ်းမနားမှာ ရဲထောက်လှမ်းရေး အရာရှိ တဦးဟာ မိမိကိုယ်ကို မိမိ မီးရှို့သတ်သေတယ်လို့ အများက ပြောကြတဲ့ အဖြစ်တခုကို သြဂုတ်လ ၂၈ ရက်နေ့ ညနေက ဖြစ်ခဲ့ပါတယ်။

ဒါဟာ နေပြည်တော် တ၀ိုက် ပထမဆုံးကိုယ့်ကိုယ်ကို မီးရှို့သတ်သေမှုလည်းဖြစ်ပါတယ်။ သေဆုံးသူကတော့ SB ရဲ သတင်းတွပ်ဖွဲ့က ရဲအုပ် ၀င်းမင်းသန်းလို့ ပါတဲ့။

သူ့ကို မီးလောင်သေဆုံးလျှက် ပျဉ်းမနားမြို့က ဘောရဇ္ဇ ဘုရားဝင်းအတွင်းက ညောင်ပင်ဝိုင်း အခြေနားမှာ ထိုင်လျှက် တွေ့ရတာပါ။ နောက်တော့ ဆေးစစ်ချက်ယူဖို့အတွက် နေပြည်တော် ဆေးရုံကို အလောင်းကို သယ်သွားခဲ့ပါတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

စစ်ဆေးမှုတွေ လုပ်နေဆဲဖြစ်ပေမယ့် ရဲအသိုင်းအ၀ိုင်းနဲ့ နီးစပ်ရာတွေက ပြောတာတော့ သေဆုံးသူ ရဲအုပ် ၀င်းမင်းသန့် ဟာ ကိုယ့်ကိုယ်ကို မီးရှို့သတ်သေတာလို့ ပြောကြပါတယ်။ တချို့ကလည်း သတ်ပြီးမှ မီးရှို့ တာလား ဆိုပြီး မေးခွန်းထုတ်သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ပျဉ်းမနားက ဒေသံခံ တဦး က ပြောတာကတော့ အခုလို မီးလောင်သေဆုံးနေတဲ့ အလောင်းကို စတွေ့ကတည်း
က အနီးပတ်ဝန်းကျင်မှာ သတင်းက တမုဟုတ်ချင်းပျံ့သွားခဲ့ပါတယ်တဲ့။

"ပထမတော့ ရဲထောက်လှမ်းရေးမှန်း မသိဘူး။ မီးလောင်သေဆုံးနေတာပဲ လူတွေက စိတ်ဝင် စားနေ တာ၊ နောက် တော့ ရဲ တွေ ရောက်လာတော့မှာ SB ရဲအုပ် မှန်း သိသွားကြတာ။ ဘုန်းကြီးကျောင်းဝင်းက လူလည်း ပြတ် တယ်၊ နောက် ဒီကျောင်းဝင်းအကြောင်း ပါးစပ်ရာဇ၀င်တွေကလည်း အများသား၊ စိတ်ဝင် စားကြတယ်" လို့ ပြောပါတယ်။

နေပြည်တော်၊ ပျဉ်းမနား တ၀ိုက်က ဒေသခံတွေကတော့ ဒီကိစ္စ အလွန်စိတ်ဝင်တစား ဖြစ်နေကြပါတယ်။ ဓာတ်ပုံတွေကိုတော့ မြင်မကောင်းတဲ့အတွက် မဖော်ပြပေးတော့ပါဘူး။

3 comments :

  1. Anonymous said... :

    ဘုန်းကြီးကျောင်းထဲကို သွားပြီး ၀ဋ်ကြွေးကို ဆပ်ရတာများလားဗျာ။
    ကျနော့အသိ ရဲတစ်ယောက်ကတော့ မတရားမှန်းသိသိနဲ့ အမိန့်အတိုင်းလုပ်နေရတာကို အတော် စိတ်ပျက်နေတယ်။ ထွက်ခွင့်တောင်းလို့လဲ မရဘူးလို့ပြောပါတယ်။
    ရဲတပ်ဖွဲ့ဝင်တွေလဲ စိတ်ကျရောဂါတွေ ဖြစ်နေကြပြီလားဆိုတာ စစ်ဆေးပါဦး သက်တော်ရှည် ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကိုခင်ဗျား။

  1. Anonymous said... :


    ရဲတပ်ဖွဲ့ဝင်များ စိတ်ကျရောဂါဖြစ်နေသည်မှာ ယခုအခါ
    မှမဟုတ်ပါ။ စစ်အစိုးရလက်ထက်တလျှောက်လုံးလဲ ဒီ
    လိုပါပဲ ခင်ဗျ၊ မြန်မာနိုင်ငံလိုအလုပ်အကိုင်ရှားပါသည်
    နိုင်ငံတွင်လူငယ်များ ထိုကဲ့သိုတပ်ဖွဲ့များထဲ ၀င်ကာ
    ဘ၀တခုလုံးနွမ်နစ်ရတာပါပဲ။ တပ်ဖွဲ့ဝင်တခုကုန်ကျစရိတ်
    ဆိုသည်မှာ တစ်လ မရှိဘူးဆိုရင်တောင် ရုံးလုပ်ငန်းအ
    တွက်ကုန်ကျစရိတ်မှာ အနည်းဆုံး သိန်း၃၀ ခန့်ရှိပါ
    တယ်
    ။ထိုငွေများကို ရဲဌာနချုပ်၊ ပြည်ထဲရေးဌာနတို့မှ မရရှိ
    ပါ ။ကို့စခန်းအတွက် ကို့ဟာကိုရှာဖွေရပါတယ်။
    အမှူတခုလိုက်ရာတွင်လဲ သွားလာစရိတ် နှင့်အထွေ
    ထွေကုန်ကျစရိတ်ဆိုသည်များလဲရှိပါတယ်ခင်ဗျ။၎င်း
    လိုအပ်ငွေများကိုလဲ ဌာနချုပ်၊ပြည်ထဲရေးမှမရပါ။
    ဒီကြားထဲ မြို့နယ်၊ခရိုင်၊ပြည်နယ် ရာထူးကြီးသူ
    အရာရှိများကိုလဲ ၄င်းတို့အိမ်အသုံးစရိတ်များရှာဖွေ
    ပေးရပါတယ်၊ အချိန်တန်လို့ ရှာဖွေပေးခြင်းမရှိပါ
    က ထိုသူအား နေရာပြောင်းပြစ်ခြင်း ရဲဘော်များ
    အားလုံးနှင့်တန်တူ မဆက်စံခြင်း၊အစဉ်စဲဆိုကျိမ်း
    မောင်းကာ ဖိနှိပ်အုပ်ချုပ်ခြင်းများကိုပြုလုပ်ကြပါတယ်
    ထိုကြားထဲ နေပြည်တော်မှ အဘဆိုသူများအားလဲ
    ပံ့ပိုးပေးရပါတယ်ခင်ဗျ၊ မိသားစုများသည့် ရဲဘော်
    များမှာ မိသားစုတဖက် ထိုကဲ့သို့ ဖိအားများတဖက်
    နှင့် ကို့ကိုသတ်သေချင်လောက်အောင် စိတ်ကျခြင်း
    များခဏခဏဖြစ်ကြရပါတယ်ခင်ဗျ။ထိုကဲ့သို့အနေအ
    ထားရှိသည့် ရဲတပ်ဖွဲဝင်များသည် မည်သို့သော
    တရားဥပဒေစိုးမိုးမှူကို ပြည်သူများအကြားတွင်
    လုပ်ဆောင်နိုင်မည်ကိုစဉ်းစားရ်ျ မရပါခင်ဗျ၊

  1. Anonymous said... :

    ဓာတ်ပုံလည်းမဖော်ပြပါနဲ့။ ကြည့်လည်းမကြည့်ချင်သလို စိတ်ဝင်စားမှုလဲမရှိပါဘူး။ အရင်က ကျောင်းသားတွေ သံဃာတွေကို မတရားထောင်ချခဲ့လို့ဖြစ်မှာပေါ့။ သူများသတ်တာဆိုရင်လည်း ပိုဆိုးတာပေါ့။ ဘာမကောင်း မှုတွေအများကြီးလုပ်ခဲ့လဲမှမသိတာ။ ထားလိုက်ပါ သူ့ဘာသူရှိပါစေတော့။ SB ကြောင့်လည်း မတရားသဖြင့်ထောင်ကျခဲ့တဲ့သူတွေမနည်းတော့ပါဘူး။ ဒီအဖွဲ့အစည်းကလည်း အစိုးရကိုဆန့်ကျင်တဲ့သူတွေအတွက် အလကားနေအလကားဖွဲ့စည်းထားတဲ့အသင်းလိုဖြစ်နေပါတယ်။ ဘာမှ နိုင်ငံအတွက် အကျိုးမထူးပါ။ အဲဒီတော့ ရှင်းရှင်းပြောရရင် သေနေ့စေ့လို့သေတယ်လို့ထားလိုက်ပါ။ ကျေးဇူးလဲ အထူးတင်ပါတယ်။ သေပါစေ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved