နေပြည်တော်ကို ရောက်ချင်နေတဲ့ ကျွဲဖြူလေး

Friday, August 3, 2012

ကျွဲဖြူလေး၊ ဓာတ်ပုံ- အိမ့်သံစဉ်

တချိန်က စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ အလိုဆန္ဒတော်ကြောင့် ဆင်ဖြူတော်တွေလည်း တောတောင်တွေကို စွန့်၊ ကောင်း ကောင်း အိပ်၊ ကောင်းကောင်းစားပြီး နောက်ဆုံး နေပြည်တော်မှာ အပူဇော်ခံ တွေဖြစ် လာတော့တာပါဘဲ။

အခုလို ဆင်ဖြူတွေ ကောင်းစားတဲ့သတင်းက တိရိစ္ဆာန်လောက က အားကျကုန်ကြတယ်။ ဒါနဲ့ သူတို့ လည်း မွေးလာမယ့် သား၊ သမီးတွေကို အဖြူရောင်ဖြစ်ဖို့ ဆုတောင်းကြတယ်။

တခါတရံ စိတ်ကူးထဲမှာ သူတို့ရဲ့ ခန္ဓာကိုယ်မှာ ခရုသင်းရောဂါစွဲချင်တာ။ ဒါပေမယ့် ဆုတောင်းတိုင်း ဖြစ် လာတာ မဟုတ် တော့ သူတို့လည်း နေပြည်တော် အိပ်မက်နဲ့ ဝေးနေရတာပေါ့။

ဒါပေမယ့် ကျွဲမိသားစု တစုကတော့ ဆုတောင်းပြည့်သွားတယ်။ သူတို့က မွေးလာတဲ့ သား၊ သမီးတွေထဲမှာ ကျွဲဖြူလေး ပါလာတယ်။

ဒါနဲ့ မိဘ ကျွဲမည်းတွေလည်း အရမ်းဝမ်းသာသွားကြတယ်။ သူတို့လည်း သား ကျွဲဖြူတော် ကို မှီပြီး ကောင်းမွန် တဲ့ ဘ၀ နေရတော့မယ်လို့ စိတ်ကူးနဲ့ပျော်နေတာပေါ့။

ကျွဲဖြူတော်လေးကလည်း တမိသားစုလုံးရဲ့ ဦးစားပေးတာလည်း ခံရတော့ ၀ဖီးနေတာပေါ့။



ကျွဲဖြူလေးက သူ့ စိတ်ထဲလည်း နေပြည်တော် ကိုပဲ မြန်မြန်ရောက်ချင်နေတာ။ နေပြည်တော် ရောက်ရင်ပဲ ဘာပဲပြောပြော သူ့ကို စစ် ဗိုလ်ချုပ်တွေရဲ့ ပူဇော် ကန်တော့တာတွေနဲ့ အညိမ့်သား နေရတော့မယ်ပေါ့။

နေပြည်တော်ကို ကျွဲဖြူတော်လေးလည်း ဘယ်တော့များမှ ရောက်ပါလိမ့်။

အခုတော့ ကျွဲဖြူလေးကတော့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့နဲ့ မလှမ်းမကမ်းက ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံး လွိုင်အင်ထနွန်
တောထဲမှာပဲ နေပြည်တော်က လာပြီး ပင့်တော်မှုမှာကို စောင့်ရင်း တောထဲက မြက်နဲ့ အရွက်တွေကို စားရင်း
စောင့်နေရပါတယ်။

အိမ့်သံစဉ်

5 comments :

  1. Anonymous said... :

    ဖြူတော့လည်း လှတာဘဲ

  1. အိုက်စိုင်း said... :

    မထူးဆန်းပါ။ မြာန်နိုင်ငံမှာလည်း ကျွဲဖြူတွေ ပေါလိုက်တာမှ၊ မယုံရင် ကျွဲပေါတဲ့ ရှမ်းပြည်ကို လိုက်ကြည့်ဗျာ။

  1. အောင်ဘ said... :

    ဘာများလဲလို့ ဖတ်လိုက်တာ အရည်မရ အဖက်မရကွာ။

  1. kk said... :

    ချိုနဲ့ဝှေ့နေအုံးမယ်။

  1. Anonymous said... :

    ဧရာဝတီဘလောဂ့်သည် ဧရာဝတီ သတင်းဌာန၏ ကိုယ်ပွားဟု ကြွေးကြော်နေသော်လည်း နောက်ပိုင်းကာလ များတွင် ပေါ့တန်တန်၊ ပေါ့ပျက်ပျက်၊ အရည်မရ အဖတ်မရ များသာ ပိုမိုများပြားလာပါသည်။ ကိုယ်ပိုင် တီထွင်ရေးသား မှုတို့မရှိတော့ပဲ၊ face book ထဲမှသာ ဆွဲယူပြီး တင်ပြနေခြင်း ကြောင့် face book၏ အမှိုက်ပုံကဲ့သို့ ဖြစ်နေပါသည်။

    ဝေဖန်မှုကို ကြိုဆိုလျှင် ဤcomment တင်နိုင်ပါသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved