ဦးကြည်မောင် ကွယ်လွန်ခြင်း ၈ နှစ်ပြည့်အခမ်းအနား

Sunday, August 19, 2012

ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးကြည်မောင်ကို ၁၉၉၅ ခုနှစ်က တွေ့ရပုံ။ “နျူရင်ဘတ်လို ခုံရုံးမျိုး မလိုပါ” ဟူသော ဦးကြည်မောင်၏ ပြောဆိုချက်ကို အာဏာပိုင်တို့က ခြိမ်းခြောက်မှုတခုအဖြစ် သဘောထားခဲ့ကြသည်။ (ဓာတ်ပုံ - Nic Dunlop)

တချိန်က NLD ခေါင်းဆောင် တဦးလည်းဖြစ်တဲ့ ဦးကြေည်မောင် ကွယ်လွန်ခြင်း (၈)နှစ်ပြည့် အမှတ်တရ အခမ်းအနားကို ယနေ့ သြဂုတ်လ ၁၉ နေ့ နံနက် ၉ နာရီက ၁၂ နာရီအထိ ရန်ကုန်မြို့ ရွှေဂုံတိုင်မှာ ရှိတဲ့ ဒို့ ရိုးရာ စားသောက်ဆိုင်မှာ ကျင်းပခဲ့ကြပါတယ်။

အခမ်းအနားကို တက်ရောက်လာကြသူများ၊ ဓာတ်ပုံ- ၈၈

အခမ်းအနားကို ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားတွေ၊ နိုင်ငံရေး နယ်ပယ်က ထင်ရှားသူတွေ၊ နဲ့ အလွှာအသီးသီးက စုံလင်စွာ တက်ရော်ကလာခဲ့ကြပါတယ်။


အခမ်းအနားမှာတော့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အမှတ်တရ စကားပြောသလို အခြား တက်ရောက်လာသူတချို့ကလည်း အသီးသီး အမှတ်တရ စကားများ ပြောကြားခဲ့ပါတယ်။

ဦးကြည်မောင်ဟူသည်မှာ အငြိမ်းစား တပ်မတော်အရာရှိတဦးဖြစ်ပြီး တချိန်က အာဏာရှင် ဦးနေ၀င်း၏ အမုန်းထားခံခဲ့ရသူများထဲက တဦးအပါအ၀င်လည်းဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်နှစ်နောက်ပိုင်းမှာ ဦးကြည်မောင်ဟာ NLD ပါတီမှာ ထိပ်တန်းခေါင်းဆောင် တဦးလည်းဖြစ် လာခဲ့သူပါ။

ဦးကြည်မောင်နဲ့ပတ်သက်ပြီး အထင်ရှားဆုံးနဲ့ အငြင်းပွားမှု အကျယ်လောင်ဆုံးဖြစ်ခဲ့တာကတော့ ဦးကြည်မောင်က စစ်ရာဇ၀တ် ကျူးလွန်ခဲ့သူများကို နူရင်ဘတ် ခုံရုံးမျိုးမလိုပါဟု ပြောခဲ့တယ်ဆိုတဲ့ စကားပဲဖြစ်ပါတယ်။

နောက်ထပ်စကားတခွန်းကတော့ ထိုစဉ်က ရုပ်မြင်သံကြားမင်းသားလို့ လူသိများတဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်က သတင်းစာရှင်းလင်းပွဲ လုပ်ပြီး တိုင်းပြည်ချစ်တဲ့နေရာမှာ ဦးကြည်မောင်ထက်တော့ မလျော့ပါဘူးဆိုပြီး ဖြေရှင်း ခဲ့ရတဲ့ စကားတခွန်းပါ။

ဆက်စပ်သတင်း

ခုံရုံးကြောင့် NLD အာဏာနှင့်လွဲဟု ကော်မရှင်ပြော

2 comments :

  1. Anonymous said... :

    ဦးကြည်မောင်နဲ့ပတ်သက်ပြီး အထင်ရှားဆုံးနဲ့ အငြင်းပွားမှု အကျယ်လောင်ဆုံးဖြစ်ခဲ့တာကတော့ ဦးကြည်မောင်က စစ်ရာဇ၀တ် ကျူးလွန်ခဲ့သူများကို နူရင်ဘတ် ခုံရုံးမျိုးမလိုပါ---အဲဒီစကားရဲနောက်မှာ တခြားစကားရှိသေးတယ်မဟုတ်လား၊ ဘာလို့မဖော်ပြတာလဲဧရာဝတီ?--ဖော်ပြဖို့ကျန်နေတဲ့စကားက ဦးခင်ညွန့်ကို ရည်ရွယ်ပြီးပြောတဲ့စကားလေ။

  1. Anonymous said... :

    အဲဒီအချိန်က တန်ခိုးအာဏာထွားနေခဲ့တဲ့ ထောက်လှမ်းရေးတစ်ဖွဲ့လုံးရဲ့ခေါင်းဆောင်ကြီး ဗိုလ်ခင်ညွန့်က ခင်ညွန့်ဟာ စစ်သားပါ သွေးမကြောင်ပါဘူးလို့ ဦးကြည်မောင်ကို စိန်ခေါ်ခဲ့တယ်။
    သူလဲ နေအိမ်အကျယ်ချုပ်ကျရော ညဉ့်နက်သန်းခေါင် ခင်ရီတို့ လာခေါ်တဲ့ ဗီဒီယိုထဲမှာ ထောက်ချုပ်ဟောင်းကြီး သွေးပျက်နေပုံများ ကြည့်ရသူတိုင်း သနားမိကြပါတယ်။သွေးပျက်တာ သွေးကြောင်တာထက် ပိုဆိုးတယ်လေ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved