ဒါဖတ်ပြီးမှ မြန်မာနိုင်ငံတွင် INGO နဲ့ NGO များ လုပ်ကြပါ

Monday, August 13, 2012


မြန်မာနိုင်ငံမှာ INGO, NGO လုပ်ငန်းတွေ လုပ်လိုသူတွေအနေနဲ့ မှတ်ပုံတင်ရရှိရေး လျှောက်လွှာနဲ့ အတူ ပါဝင်ရမယ့် အချက်အလက်များကို သြဂုတ်လ ၁၁ ရက်နေ့ နေ့စွဲနဲ့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါရှိ လာပါတယ်။

-အမျိုးသား စီမံကိန်းနှင့် စီးပွားဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာနတို့၏ ထောက်ခံ/ မထောက်ခံ သဘောထားမှတ်ချက်များ

-ပူးပေါင်းလုပ်ဆောင်မည့် ၀န်ကြီးဌာန၏ ထောက်ခံ/ မထောက်ခံ သဘောထားမှတ်ချက် ပူးတွဲဖော်ပြရန်

-အသင်းအဖွဲ့တွင် ပူးပေါင်းဆောင်ရွက်လျှက်ရှိသည့် အမှုဆောင်အဖွဲ့ဝင်များစာရင်းကို အနည်းဆုံး (၁၀) ဦးမှ အများဆုံး (၁၅) အထိ သင့်လျှော်စွာဖွဲ့စည်း၍ သတ်မှတ်ပုံစံဖြင့်ပေးပို့ရန်

-အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ပြုရေးနှင့် ကြီးကြပ်ရေး ဗဟိုအဖွဲ့မှ ဖွဲ့စည်းမှတ်ပုံတင်ခွင့် ရရှိပြီးသော INGO များ သည် မြန်မာ နိုင်ငံတွင်ဆောင်ရွက်လိုသော လုပ်ငန်းအဆိုပြုချက် (Project Proposal) များကို သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် MOU လက်မှတ်ရေးထိုးရန်

-မှတ်ပုံတင် သက်တမ်း ကုန်ဆုံးပါက ပြည်ထဲရေး ၀န်ကြီးဌာန ရုံးအမှတ် (၁၀) သို့ ထပ်မံ လျှောက်ထားရန် တို့ ဖြစ်ကြပါတယ်။

မြန်မာဒေသခံ NGO တွေအနေနဲ့ သက်ဆိုင်ရာ လုပ်ငန်းလုပ်ဆောင်မယ့် မြို့နယ်ရဲ့ အထွေထွေ အုပ်ချုပ်ရေး ဌာနက လျှောက်လွှာတောင်းခံယူပြီး အသင်းအဖွဲ့များ ဖွဲ့စည်းခွင့် ဆိုင်ရာ ဥပဒေအရ ဖွဲ့စည်းခွင့် လျှောက် ထားခြင်း (ပုံစံ- က)၊ အဆိုပါ အသင်းအဖွဲ့နဲ့ပတ်သက်လို့ စိစစ် တင်ပြချက် ( ပုံစံ- ခ)နဲ့ အသင်းအဖွဲ့မှာ ပါတဲ့ အမှုဆောင်စာရင်းနဲ့ သူတို့ရဲ့ ကိုယ်ရေး ရာဇ၀င် အကျဉ်းတွေကိုလည်း တင်ပြသွားကြရမယ်လို့ ပါရှိပါတယ်။

1 comments :

  1. Anonymous said... :

    Right way, otherwise they will do anyhow...NGO & INGO are not to be trusted organization...We never trust them....they are liar...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved