ချယ်ရီဝက်ဂွန် နဲ့ တိုယိုတာ probox

Thursday, August 30, 2012

~





တိုယိုတာ probox


မြန်မာပြည်ကားဈေးကွက်ထဲက ချယ်ရီဝက်ဂွန် နဲ့ တိုယိုတာ probox တို့အကြောင်း ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။
နှစ်မျိုးလုံး တပတ်ရစ်ကားမဟုတ်ဘဲ ကားသစ်တွေပါပဲ။

တိုယိုတာ Probox

ဈေးသိပ်မကြီး၊ ဆီစားလည်းသက်သာလို့ မြန်မာပြည်ကကားဝယ်လိုသူတွေ မျက်စိကျနေကြတဲ့ထဲမှာ တိုယိုတာ Probox က ထိပ်တန်းက ပါပါတယ်။

ဒီအကြောင်း တ၀်ဝင်းလေး (ကြည့်မြင်တိုင်)က Taxi လောကသို့ ၀င်လာသော Probox ကားသစ်များ ဆိုပြီး ရေးထားပါတယ်။

သတင်းထောက် အင်တာဗျူးထားတဲ့ ဒရိုင်ဘာက ကားပိုင်ရှင် မဟုတ်ပါဘူး။ ကားယူမောင်းတဲ့အတွက် ပိုင်ရှင်ကို တရက် အုံနာကြေး ၁၀,၀၀၀ ပေးရတယ်လို့ ဆိုတယ်။ သက်သာတဲ့အုံနာကြေးပါပဲ။ ဒီဈေးက လွန်ခဲ့တဲ့ ၂ နှစ်ကဈေးပါ။ သူယူမောင်းတဲ့ကားက ဒီဇယ်ကားမဟုတ်ဘဲ ဓာတ်ဆီကား ဖြစ်နေလို့ အုံနာကြေး ဈေးပေါတာများလားလို့ တွေးမိပါတယ်။

ဒီနေ့ထုတ် Venus သတင်းဂျာနယ်မှာတော့ တိုယိုတာ Probox တွေကို ၃ နှစ် အရစ်ကျပေးစနစ်နဲ့ ရောင်းနေပြီ လို့ ရေးထားပါတယ်။ ကနဦး သိန်း ၄၀ ပေးရမယ်၊ ပြီးရင် တရက်ကို တသောင်းသုံးထောင် ပေးချေရမယ် တဲ့။

ချယ်ရီဝက်ဂွန်

ချယ်ရီဝက်ဂွန်တွေကို အစိုးရရဲ့ကားဟောင်းပစ်၊ ကားသစ်ဝယ်အစီအစဉ်ကို အထောက်အပံ့ဖြစ်ဖို့အတွက် စက်မှုဝန်ကြီးဌာနက သွင်းလာတာ အကြိမ်ကြိမ်ပါပဲ။

ဒီကားတွေထပ်ရောင်းအုံးမယ်လို့ "ချယ်ရီကားများ အစီး ၂၀၀ ခန့် ယခုလကုန်စတင်ရောင်းချရန် စီစဉ်" ခေါင်းစဉ်တပ်သတင်းက ဆိုပါတယ်။


လူကြိုက်များနေရခြင်းအကြောင်းကတော့ ဆီစားသက်သာတယ်၊ လှတယ်၊ ကားသစ်ဖြစ်တယ်လို့ သတင်းမှာ ရေးထားပါတယ်။
မိတ်အင်ချိုင်းနား ဒီကားရဲ့ အပြစ်က "နှစ်ရှည်အကြမ်းခံနိုင်မှုအားနည်းခြင်း" ပါပဲ တဲ့။

ချယ်ရီတွေ သွင်းလာတာမှ တနှစ်ပဲ ရှိသေးတာ ဆိုတော့ နှစ်ရှည်အကြမ်းခံနိုင်မှု ဆိုတာ ဘယ်လို တွက်ချက်ကြသလဲ မသိပါဘူး။ မိတ်အင်ချိုင်းနား ဖြစ်နေလို့ ထင်ကြေးပေးကြတာလည်း ဖြစ်နိုင်ပါတယ်။

ကုမုဒြာ ဂျာနယ် သတင်းတပုဒ်မှာတော့ ဟောသလို ဆိုထားလေရဲ့ -

“ပထမဦးဆုံး တင်သွင်းလာတဲ့ ချယ်ရီဝက်ဂွန်ကားအစီးရေ ၁၀၀၀ ကတော့ အရည်အသွေး တော်တော်ကောင်းတယ်၊ နောက်ဝင်လာမယ့် ကားတွေက အဲဒီအရည်အသွေးကို မမှီဘူးဆိုရင် စိတ်ဝင်စားမှာ မဟုတ်ဘူးလို့ “ လို့ ဟံသာဝတီကားဝယ်ရောင်းဈေးကွက်မှ ၀ါရင့် ကားဝယ်ရောင်းတစ်ဦး ကပြောပါတယ်။

ဒီနေ့ထုတ် Venus သတင်းဂျာနယ်မှာတော့ ချယ်ရီရဲ့ အန္တရာယ်အကြောင်း သတင်းတပုဒ် တွေ့ရပါတယ်။

တရုတ်ချယ်ရီမှာ အဆုတ်ကင်ဆာဖြစ်နိုင်တဲ့ Asbestos သတ္တုဓာတ် ရှိနေကြောင်း သြစတေးလျနိုင်ငံက စစ်ဆေးတွေ့ရှိရတယ် တဲ့။
မြန်မာပြည်မှာလည်း ဒီချယ်ရီကို စမ်းသပ်သင့်ကြောင်း ကားပိုင်ရှင်တယောက်က Venus ကို ပြောသွားပါတယ်။

အဲဒီအကြောင်း ဒီမှာ http://2.bp.blogspot.com/-ijKaLqHuflw/UD7sekrL6lI/AAAAAAAAM9E/R3E7RQpGHfo/s1600/0054.jpg ဖတ်ပါ။




~

1 comments :

  1. Anonymous said... :

    I doubted why and who allowed to import
    here. Even child knows refuse China imported candy.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved