လူမျိုးကြီး ၀ါဒနဲ့ပတ်သက်လို့

Sunday, September 9, 2012


မြန်မာနိုင်ငံမှာ လူမျိုးကြီးဝါဒ ဆိုတဲ့ စကားလုံးဟာ တိုင်းရင်းသားတွေကြားမှာ အခုထိ ကျယ်ကျယ်
လောင်လောင် ခြိမ်းခြောက်နေတဲ့ စကားလုံးပါ။

လူမျိုးကြီး ၀ါဒ ကိုင်စွဲတဲ့ ဗမာတွေဟာ တိုင်းရင်းသားတွေအပေါ် တလျှောက်လုံး ကျင့်သုံးလာခဲ့တယ်လို့
တိုင်းရင်းသားတွေက စွပ်စွဲမှုတွေ ရှိနေခဲ့တာပါ။ လူမျိုးကြီး ၀ါဒဆိုတာ မကျင့်သုံးသင့်တာကို တလျှောက် လုံး ပြောဆိုသတိပေးနေကြတာပါ။

အခု အလားတူ လူမျိုးကြီး ၀ါဒ မကျင့်သုံးဘို့ ထပ်ပြောလိုက်သူကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦးဖြစ်ပါတယ်။

"လူမျိုးကြီး ဗမာတွေက ရှမ်းတွေကို ကျင့်ကြံသလိုမျိုး ရှမ်းတွေကလည်း ရှမ်းပြည်တွင်းရှိ လူမျိုးစု ငယ်တွေ အပေါ် မကျင့်ကြံမိဘို့ အထူး ရှောင်ကြဉ်ရမယ်" လို့ ၂၀၀၄ ခုနှစ်က ပြောခဲ့တဲ့စကားကို SNLD ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ
ဖော်ပြထားပါတယ်။

4 comments :

  1. TheinAg said... :

    http://www.policyofassimilation.blogspot.com/

    စကားချပ်၊၊ ဧရာဝတီရေ.. ဘလော့ပေါ်က ကြော်ငြာတွေ လျှော့ပေးပါအုံး... တက်တာကြာတာရယ်... pop up တွေများတာရယ် ကြောင့် လည်စရာမရှိအဆုံးမှ ဒီဘလော့ကို ရောက်ဖြစ်တော့မယ်

  1. Unknown said... :

    လူမိုးကြီးဗမာတွေဆိုတဲ့စကားလုံးဟာတိုင်းရင်
    သားအချင်းချင်းကိုသွေးခွဲပေးလိုက်သလိုခံစားရပါတယ်

  1. Anonymous said... :

    ဗမာတွေက လူမျိုးကြီးဝါဒ မကျင့်သုံးသင့်သလို တိုင်းရင်းသားတွေကလဲ ထိုင်းကို အားကိုးတာတွေ လျှော့ချင်သင့်ပါပြီ။
    မြန်မာပြည်ဖွား တိုင်းရင်းသားသံဃာတော်တချို့ဟာ မြန်မာလူမျိုး ဒကာ ဒကာမတွေရဲ့အလှူငွေ အထောက်အပံ့နဲ့ ပညာသင်ကြတယ်။ ဒါပေမဲ့ မြန်မာသံဃာတွေနဲ့ ပြည်ပမှာ စကားလုံးဝပြောဆိုခြင်း မပြု။ မြန်မာသံဃာများကို သူတို့ကျောင်းတွေမှာ တည်းခိုခွင့်မပြု၊ မြန်မာပတစ်ပို့တ်ကို ကိုင်ထားပေမဲ့ ထိုင်းနိုင်ငံသားဟု ပြောကြပါသည်။
    အားလုံးကို မဆိုလိုပါ။ အချို့ကျင့်သုံးနေကြတာ ဖြစ်ပါသည်။
    အမြင်ကျဉ်းမြောင်းမှုများကို ဖယ်ရှားပြိး အားလုံး စည်းလုံးညီညွတ်စွာ လက်တွဲနေထိုင်သင့်ပါသည်။ အမြင်ကျဉ်းလူမျိုးစွဲဝါဒကို တရားသေဆုတ်ကိုင်ထားလျှင် ဘယ်လိုမှ လက်တွဲလုပ်ဆောင်လို့ ရမည်မထင်ပါ။

  1. Anonymous said... :

    တကယ်ကိုခေါင်းဆောင်ပီပပါသည်။ ကျနော်လားဟူတယောက်၏ရင်ထဲကခံစားချက်သည်
    လားဟူလူမျိုးသည်ဗမာထက်ရှမ်း၏လူမျိုးဝါးမျိုမှုကိုပို
    ပြီးကြောက်ပါသည်။ ဒိလိုစိတ်ထားမြင့်တဲ့ဦးခွန်ထွန်းဦးလို
    ခေါင်းဆောင်သည်ရှမ်းလူမျိုးမှာများများပေါ်ပေါက်လာပါက
    ရှမ်းပြည်နယ်သည်အေးချမ်းမည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved