မြန်မာနိုင်ငံမှာ လူမျိုးကြီးဝါဒ ဆိုတဲ့ စကားလုံးဟာ တိုင်းရင်းသားတွေကြားမှာ အခုထိ ကျယ်ကျယ်
လောင်လောင် ခြိမ်းခြောက်နေတဲ့ စကားလုံးပါ။
လူမျိုးကြီး ၀ါဒ ကိုင်စွဲတဲ့ ဗမာတွေဟာ တိုင်းရင်းသားတွေအပေါ် တလျှောက်လုံး ကျင့်သုံးလာခဲ့တယ်လို့ တိုင်းရင်းသားတွေက စွပ်စွဲမှုတွေ ရှိနေခဲ့တာပါ။ လူမျိုးကြီး ၀ါဒဆိုတာ မကျင့်သုံးသင့်တာကို တလျှောက် လုံး ပြောဆိုသတိပေးနေကြတာပါ။
အခု အလားတူ လူမျိုးကြီး ၀ါဒ မကျင့်သုံးဘို့ ထပ်ပြောလိုက်သူကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦးဖြစ်ပါတယ်။
"လူမျိုးကြီး ဗမာတွေက ရှမ်းတွေကို ကျင့်ကြံသလိုမျိုး ရှမ်းတွေကလည်း ရှမ်းပြည်တွင်းရှိ လူမျိုးစု ငယ်တွေ အပေါ် မကျင့်ကြံမိဘို့ အထူး ရှောင်ကြဉ်ရမယ်" လို့ ၂၀၀၄ ခုနှစ်က ပြောခဲ့တဲ့စကားကို SNLD ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
http://www.policyofassimilation.blogspot.com/
စကားချပ်၊၊ ဧရာဝတီရေ.. ဘလော့ပေါ်က ကြော်ငြာတွေ လျှော့ပေးပါအုံး... တက်တာကြာတာရယ်... pop up တွေများတာရယ် ကြောင့် လည်စရာမရှိအဆုံးမှ ဒီဘလော့ကို ရောက်ဖြစ်တော့မယ်