လွတ်ရက်စေ့ခါနီး ဦးသိန်းစိန်အမိန့်နဲ့ လွတ်လာသူ

Friday, September 21, 2012

-




လဖိုင်ဇော်ဆိုင်း (ဓာတ်ပုံ - အာရှလေဘာတီသတင်းဂျာနယ်)

သမ္မတဦးသိန်းစိန်က တနင်္လာနေ့မှာ အကျဉ်းသားငါးရာကျော်ကို ပြစ်ဒဏ်ကလွတ်ငြိမ်းခွင့် ပြုခဲ့ပါတယ်။
လွတ်လာကြတဲ့ထဲမှာ KIA ကွန်မန်ဒိုဟောင်း လဖိုင်ဇော်ဆိုင်းလည်း  ပါဝင်ပါတယ်။
သူက ထောင်ထဲ ၂၇ နှစ် နေခဲ့သူပါ။
သမ္မတက အခု မလွှတ်ပေးလည်း ရှေ့လဆို အလိုအလျောက် လွတ်လာမယ့်သဘောရှိပါတယ်။

"ကျနော်က လာမယ့် ၁၀ လပိုင်း ဆို လွတ်ပြီ။ လက်မှတ်တော့ ထိုးခဲ့ရတယ်။
ကျနော့်ကို အမှန်က လွှတ်လို့ရနေပြီလေ။ ရက်ပိုင်းဆို ပုံမှန်လွတ်ရက်နဲ့ လွတ်ပြီပဲ" လို့ သူက ဧရာဝတီကို ပြောပါတယ်။

ငြိမ်းချမ်းရေးသမား ကွန်မန်ဒိုဟောင်းနှင့် အင်တာဗျူး
http://burma.irrawaddy.org/archives/20833 မှာ သူ့ပြောဆိုချက် အပြည့်အစုံကို ဖတ်ရှုနိုင်ပါပြီ။




-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved