ဆည်ရေဖောက်ချလို့ ရေထဲစိမ်ပြီး ဆန္ဒပြ

Saturday, September 8, 2012

ရွာသူရွာသားတွေကို အကြောင်းမကြားပဲ ဆည်ရေဖောက်ချလိုက်လို့ လယ်ယာတွေ၊ အိမ်တွေ ရေမြုပ်ကုန်တာကို တာဝန်ယူဖြေရှင်းပေးဖို့ အိန္ဒိယနိုင်ငံ မတ္တရာ ပရာဒေ့ရှ်ပြည်နယ်၊ ခန်ဒ်ဝါ ဒေသ၊ ဂိုဂါလ် ရွာက ရွာသူရွာသားတွေဟာ လည်ပင်းလောက်အထိ မြုပ်တဲ့ရေထဲ စိမ်ပြီး ဆန္ဒပြနေကြတာပါ။





ဆန္ဒပြသူတွေထဲမှာ သက်ကြီးရွယ်အို တွေလည်း ပါပါတယ်။ 




~ ရေထဲမှာ နေတာကြာလှပြီမို့ သူတို့ရဲ့ ခြေထောက်တွေဟာ ဒီလို ဖြစ်နေပေမယ့် ဆန္ဒပြ မရပ်ပါဘူးတဲ့ ~


အိန္ဒိယရဲ့ ဥပဒေအရ မိုးကြီးလို့ ရေမနိုင်တဲ့အခါ ဆည်ရေဖောက်ချရမယ်ဆိုရင် ရွာတွေ ရွှေ့ပြောင်းဖို့ ၆ လ ကာလအတွင်း ကြိုတင်ပြီးတော့ အကြောင်းကြားရတယ်လို့ ဆိုပါတယ်။


အခုတော့ ဘာအကြောင်းကြားချက်၊ ဘာသတိပေးချက်မှ မပေးပဲ အဲ့ဒီ ဒေသက ဥုံမ်ခါရက်ရှ်ဝါဆည်က ရေတံခါးတွေကို ဖွင့်ချလိုက်တာကြောင့် အနိမ့်ပိုင်း ဒေသတွေ ရေမြုပ်ကုန်တာပါ။




ဆည်ရေ ဖွင့်မချခင် ရေလွှမ်းနိုင်တဲ့ အနိမ့်ပိုင်း ဒေသနေသူတွေကို ကြိုတင်အကြောင်းကြားဖို့ ဥပဒေ ထုတ်ပြန်ထားပေမယ့် မလိုက်နာခဲ့တဲ့ ဆည်က တာဝန်ရှိသူတွေကို ပြည်နယ်အစိုးရနဲ့ ဗဟိုအစိုးရကနေ စိစစ်အရေးယူပေးဖို့၊ ပျက်စီး ဆုံးရှုံးရတာတွေကို လျော်ကြေးပြန်ပေးဖို့၊ လူနေအိမ်တွေကို သင့်တော်တဲ့ နေရာကို ပြောင်းပေးဖို့၊ သြဂုတ်လ ၂၅ ရက်နေ့ကတည်းက ရေစိမ်ပြီး ဆန္ဒပြနေကြတာပါ။



သူတို့ ဒီလို ဆန္ဒပြနေကြပေမယ့် သက်ဆိုင်ရာအစိုးရအဖွဲ့တွေက ဖြေရှင်းပေးခြင်း မရှိသေးတာကြောင့် ဖြေရှင်းချက် တစုံတရာ မရမချင်း ရေထဲက မတက်ဘူးလို့ ဆန္ဒပြသူတွေက သန္နိဋ္ဌာန်ချထားကြပါတယ်။

Bhopal မြို့မှာလည်း ဆန္ဒပြနေတဲ့ ရွာသူရွာသားတွေကို ထောက်ခံတဲ့အနေနဲ့ ဒီလို ရေပုံးတွေထဲဝင်ပြီး ဆန္ဒပြနေကြတယ်




.......................................

7 comments :

  1. Anonymous said... :

    ခင်ဗျားတို့ကို အဲဒါတွေ မကြိုက်တာ....
    ဘာလဲဗျာ...
    အလကားနေရင်း ပြည်သူဒုက္ခ ရောက်အောင် ဆည်ထဲက ရေတွေ ဖေါက်ထုတ်ပါ့မလား....
    အကြောင်း တစ်ခုခု ရှိလို့ ဖြစ်မှာပေါ့....
    အဲသည် ဆည်က တာဝန်ရှိသူတွေ ဆီက ဘာကြောင့် ဆိုတဲ့ သီတင်း ဘာလို့ မမေးတာလဲ....
    သီတင်းသမား ကျင့်ဝတ် ညီရဲ့လား ....
    တစ်ဖက်သတ် ပဲ....
    ပွဲဆူပြီးရော မလုပ်ကြပါနဲ့...

  1. Anonymous said... :

    ပြည်သူကိုလေးစားသင့်ပါတယ်

  1. Anonymous said... :

    ပြည်သူကိုလေးစားသင့်ပါတယ်

  1. Anonymous said... :

    မင်းကိုမပြောပဲမင်းအိမ်ဘက်ကိုဆယ်ဖောက်ချရင်ရော မင်းဘယ်လိုလွတ်အောင်ပြေးမလဲမင်းအိမ်ကရေစိုရင်ပျက်ဆီးမဲ့အရာတွေကောမင်းသယ်နိုင်ပါ့သူတို့ကမဖောက်ပါနဲ့လို့ပြောသလား ခါတိုင်းလိုပဲကြိုပြောလို့ရှိင်သူတို့မှာပြောင်းရျွှေ့ချိန်ရှိသေးတာပေါ့အခုလိုမပြောမဆိုဖောက်ချလိုက်တော့လူတွေဒုက္ခရောက် ပစ္စည်းတွေလည်းဆုံးရှုံကုန်တာပေါ့ ကိုယ်ချင်းစာပေးပါပုံအောင်ကိုကျော်

  1. UShinGyi said... :


    သူတို့စီမှာ ရေကာတာပဲဖောက်ချတာလေးကို အစမ်းလုပ်လို့အချိန်ကုန်ခံပြီး ရေထဲစိမ်ဆန္ဒပြနေသေးတယ် တော်တော် ပွဲဆူအောင်လုပ်တဲ့ ရွာသားတွေပဲ။
    တို့နိုင်ငံလာကြည့်လိုက် ရေကာတာဖောက်ချတာမဟုတ်ဘူး ဖယ်ပေးရင်ဖယ်ပေး ပေကပ်နေလို့က ဘတ်ဟိုးတို့ ဘူးဒိုဇာတို့နဲ့ရွာလုံးကျွတ်တွယ်ပလိုက်တာကွ နေရဲရင်ဆက်နေ သေဖို့သာပြင်ထား။ရေစိမ်တာလောက်တော့ စပျော့ပေါ့...

  1. aung said... :

    ushingyi ခင်ဗျားအဲလို မပြောနဲ့ အခုဒုက္ခရောက်နေတဲ့ သူတွေနေရာမှာ ခင်ဗျားရဲ့ မိဘ ညီအစ်ကို မောင်နှမတွေဆိုရင် ခင်ဗျားဒီစကားပြောမှာမဟုတ်ဘူး ကိုယ်ချင်းစာ တရားလေးနည်းနည်းလောက် ထားပေးပါဗျာ

  1. UShinGyi said... :


    UAung ရေး ကျွန်တော်အဲဒီ သဘောနဲ့ပြောတာမဟုတ်ဘူးခင်ဗျ သူတို့စီမှာတော့ အာဏပိုင်တွေက ရွာသားတွေကို အသိမပေးပဲ ဆည်ဖောက်ချလို့ ရွာတွေရေမြုပ်ရတယ်...ကျွန်တော်တို့ စီမှာတော့ ကုမ္မဏီတွေလိုချင်တဲ့ တချို့လယ်မြေတွေ ရွာတွေစိုရင် အသိပေးဖို့မပြောနဲ့ ရွာထဲကနေ ရွာသားများကိုမောင်းထုတ်ပြီး ရွာတွေကို ဘူးဒိုဇာတွေနဲ့ ထိုးပြစ်ကျတာဗျ ..အိန္ဒိယနဲ့မြန်မာရှင်ရင် မြန်မာကပိုစိုးတယ်ဆိုတာကို ပြောတာဗျ..စာလဲသေချာဖတ်ကြည့်အုံး...။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved