ဦးသိန်းစိန် လမ်းဘေးရောက်သွားပြီ

Monday, September 10, 2012

~




ဟုတ်ပါတယ်၊ ခေါင်းစဉ်တပ်ထားသလိုပဲ သမ္မတဦးသိန်းစိန်လည်း လမ်းဘေးရောက်သွားပါပြီ။ နိုင်ငံတကာမှာ တွေ့နေရတဲ့ Graffiti ခေါ် လမ်းဘေးအုတ်နံရံပန်းချီယဉ်ကျေးမှုက ရန်ကုန်မှာလည်း ခေတ်စားနေပြီး မနေ့က Facebook ကို ရောက်လာတဲ့ဓာတ်ပုံတပုံမှာ ဆိုရင် ဦးသိန်းစိန်
Graffiti ကို လက်ရာမြောက်စွာ တွေ့ရပါတယ်။

သမ္မတကြီးပုံ....ဂွတ်ဒယ်ဗျာ.......
we love ပြောင်ပြောင် :D
Respect so cool art :))))))))))

ဆိုပြီး ဒီပုံကို
Facebook မှာ မှတ်ချက်ပြုထားကြပါတယ်။

ဓာတ်ပုံရိုက်ကူးသူလို့ ယူဆရတဲ့ Nyane Chann Nsh က ဒီလို ဆိုပါတယ် -
ကမ်းနားလမ်း က ဖြတ်သွားတုန်းတွေ့ ခဲ့တဲ့ graff တစ်ခုပါ.. ဘယ်သူဆွဲတာလဲတော့ မသိပါဘူး ...အရမ်းမိုက်ပါတယ်... :)

ဒီနေ့ကာလမှာ ပြည်တွင်းပြည်ပ ချစ်ခင်လေးစားမှု အများဆုံး ရရှိလာတဲ့ စစ်ဗိုလ်ချုပ်ဟောင်းဆိုလို့ ဦးသိန်းစိန် တယောက်တည်း ရှိပါတယ်။

သမ္မတဦးသိန်းစိန်ကို ထောက်ခံကြောင်း ဆန္ဒပြပွဲတွေ မကြာသေးခင်က ပေါ်ပေါက်လာအပြီး အခုလို
Graffiti လက်ရာတခုမှာ ဦးသိန်းစိန်ပုံကို တွေ့ကြရပါ။

ဧရာဝတီမှာ ဖော်ပြခဲ့တဲ့ ရန်ကုန်နဲ့
Graffiti အကြောင်း လင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ပထမဆုံး နံရံပန်းချီပြပွဲ ရန်ကုန်တွင် ကျင်းပမည်


ရန်ကုန်လမ်းဘေးပန်းချီ


ရန်ကုန်မှာ ခေတ်စားနေတဲ့ နံရံဆေးမှုတ် အနုပညာ




~

1 comments :

  1. Anonymous said... :

    ဘဲရီးဂွတ်ဗျာ တော်လိုက်တာ ပြောင်၂မျက်နှာပဲ စာခေါင်းစည်းတော့ကောင်းဘူးဗျ အဲလိုပန်းချီတွေများများတင်ပေးပါ အက်ဒမင်ရေ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved