ရခိုင်ဒေသအနီး ဘင်္ဂလားဒေ့ရှ်မြို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်

Monday, September 24, 2012

 

~





ငြိမ်းချမ်း
~

 
 ဓာတ်ပုံ - STAR

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတိုင်း ရန်ဂါမတီမြို့တွင် ဌာနေ ဆပ်ကမာလူမျိုးများနှင့် နယ်မြေသစ်တွင် အခြေချလာသူ ဘင်္ဂလား လူမျိုးများ အကြား အဓိဂရုဏ်းများဖြစ်ပွါးနေသောကြောင့် ဒီလ ၂၂ ရက်နေ့ နံက် ၁၁ နာရီခန့်တွင် ပုဒ်မ ၁၄၄ ကို ပထမဆုံး အကြိမ် ထုတ်ပြန်လိုက်ရသည်။

၂၂ ရက်နေ့ မနက် ၈ နာရီခန့်တွင် ရန်ဂါမတီမြို့ ကောလိပ်ကျောင်းတွင်ဘင်္ဂလားလူမျိုးကျောင်းသားတဦးနှင့် ဆပ်ကမာ ကျောင်းသား တဦးတို့ ခိုက်ရန် ဖြစ်ပွါးရာကသော ပြဿနာက စတင်ခဲ့ပြီး ဘင်္ဂလား လူမျိုးများက ဌာနေတိုင်းရင်းသားများ နေထိုင်ရာ ရပ်ကွက်များကို ဝင်ရောက်ရိုက်နှက်ကြကြောင်း၊   ဌာနေ တိုင်းရင်းသားများကလည်း ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြကြောင်း ရန်ဂါမတီမြိုမှ ကိုစံကျော်က ပြောသည်။

“ ၁၁ နာရီလောက်ကတဲ့က ကာဖြူး အမိန့်ထုတ်လိုက်တယ်။ လူ ၃ယောက် မစုရလို့ အမိန့် ထုတ်တယ် ဆိုတော့ အခုဆို လူအသွားအလာ မရှိတော့ဘူး။ အစိုးရ လုံခြုံရေးတွေကတော့ ရပ်ကွက်ထဲကို မဝင်ဘဲနဲ့ လမ်းမကြီးတွေမှာဘဲ နေရာ ယူထားကြတယ်။ ရပ်ကွက်ထဲမှာကျတော့ ကျွန်တော်တို့မှာ ကိုယ့်လုံခြုံရေးနဲ့ ကိုယ်နေကြတယ်” ဟု ကိုစံကျော်က ပြောသည်။

ဈေးများ၊ ကျောင်းများ ပိတ်ထားရသည်။

ကောလိပ်ကျောင်းသား နှစ်ယောက်ဟာ ကြီးကြီးကျယ်ကျယ် မဟုတ်တဲ့ အကြောင်းအရာတခုကို အော်ကြီး ဟစ်ကျယ် ငြင်းငုံ စကားများကြရာက စပြီးတဲ့နောက်မှာ ကျောင်းသား အဖွဲ့ ၂ ဖွဲ့ဖြစ်သွားပြီး သူတို့ရိုက်နှက်ရာကနေ မြို့ကို ပြန့်သွားတြာ့ဖစ်ကြောင်း ရန်ဂါမတီမြို့ ရဲအရာရှိ Masud-ul-Hassan၏ စကားကို ကိုးကားပြီး The Daily star သတင်းစာတွင် ရေးသားဖေါ်ပြသည်။

 
ကောလိပ်ကျောင်းသား ၂ ဖွဲ့ပွါးပြီးခဲ့အချိန်မှာ မူစလင်ဘာသာရေးစာသင်ကျောင်းက ဘင်္ဂလားလူမျိုး တထောင်ခန့် ထွက်လာပြီး မြို့တွင်းကဆိုင်များ၊ ဌာနေတိုင်းရင်းသားတို့၏ ရွာများကို ဖျက်ဆီးဖို့ ကြိုးစားကြတာဖြစ်ကြောင်း ကိုစံကျော်က ဆိုသည်။

“စဖြစ်တာက ကောလိပ်ကျောင်းက ကျောင်းသား အချင်းချင်းဘဲ။ နောက်တကြာခင်မှာဘဲ။ အဲ့ဒီအနားမှာရှိတဲ့ မူစလင် ဘာသာရေး စာသင်ကျောင်းက လူတထောင်လောက် မြို့ထဲကို ဝင်လာပြီး ပြသနာရှာကြတော့တာဘဲ” ဟု ကိုစံကျော်က ပြောသည်။

၂၂ရက်နေ့နှင့် ၂၃ ရက်နေ့များတွင် ဖြစ်ပွါးခဲ့တဲ့ အဓိဂရုဏ်းတွေကြောင့် လူ ၃၀ ကျော်က ဆေးရုံတွင်ဆေးကုသမှု ခံယူနေရပြီး ၃၀ ကျော်၊ ခန့် ပျောက်ဆုံးနေကြောင်း၊  နှစ်ဘက်စလုံးမှ ၁၀ ဦး ထက် မနည်းကို ဖမ်းဆီး ထိမ်းသိမ်းထားကြောင့် စုံစမ်းသိရှိရသည်။

ရန်ဂါမတီ ရခိုင်အတွင်း မြို့နယ် ၁၀ မြို့နယ်ရှိပြီး လောင်းကတိုးနှင့်နာနီယာဆပ်မြို့နယ်များတွင်းလည်း အဓိဂရုဏ်းများ ဖြစ်ပွါးခဲ့သေးသည်။

စစ်တကောင်းတောင်တန်းဒေသ ခရိုင်များဖြစ်သည့် ဘန်တရိုဘန်၊ ရန်ဂါမတီ၊ ခါခရာဆိုရီခရိုင်များတွင် ဌာနခံ လူနည်းစု တိုင်းရင်းသားများနှင့် နယ်မြေပြောင်းရွေ့ အခြေချလာသူများသည် မကြာခန အဓိကရုဏ်းများ ဖြစ်ပွါးလေ့ရှိကြသော်လည်း ယခုလို ပုဒ်မ ၁၄၄ ထုတ်ပြန်ထိမ်းသိမ်းရသည့် အခြေအနေသည် ပထမဆုံး အကြိမ်ဖြစ်သည်။

စစ်တကောင်းတောင်တန်ဒေသတွင် ဆပ်ကမာ၊ ရခိုင်၊ မာရမာ၊ မြို့၊ ဆပ်၊ ခမီး၊ ဒိုင်းနား၊ တြိပူရ၊ ချင်း၊ လူရှိုင်း၊ ဘွန်၊ ပင်ခွါ၊ ခူခီလူမျိုးတို့ မှီတင်းနေထိုင်လျက်ရှိကြသည်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံဟာ ၁၄၇၅၇၀ စတုရန်း ကီလိုမီတာသာ ကျယ်ဝန်းသော်လည်း လူဦးရေ တိုးပွါးမှုနှုံး မြန်ဆန်နေပြီး သန်း ၁၄၀ ကျော်ရှိနေသည့် အတွက်ကြောင့် လူများစု ဘင်္ဂလား လူမျိုးတွေ အနေဖြင့် လူနည်းစု လူမျိုးစုများနေထိုင်ရာ စစ်တကောင်း တောင်တန်းဒေသသို့ ပြောင်းရွေ့ အခြေချနေထိုင်မှု  များပြားလာခဲ့သည်။

 “ကျွန်တော်မှတ်မိသလောက် ၁၉၉၅ နှစ် ပတ်ဝန်းကျင်လောက် ကျွန်တော်တို့ရွာတော်(ဘန်တရိုဘန်) ခရိုင်မှာ လူနည်းစု လူမျိုးစုတွေက ၇၅ ရာခိုင်းနှုံး ၂၅ ရာခိုင်နှုံးကတော့ တခြားနေရာတွေက လာနေကြတဲ့ တခြားလူမျိုးတွေပေါ့။ အခု ဒီနှစ်မှာ ပြန်ကြည့်လိုက်တဲ့ အခါ ကျွန်တော်တို့ က ၄၀ ရာခိုင်နှုံးနဲ့ သူတို့က ၆၀ ရာခိုင်းနှုံးဖြစ်နေပြီး” ဟု ဘန်တရိုဘန်မြို့ခံ ဦးစေတိက ရှင်းပြသည်။



-

3 comments :

  1. Anonymous said... :

    သူတို့က25ရာခိုင်နှုန်းကနေ60ဖြစ်သွားတယ်
    မင်းတို့က75ကနေ40ဆိုတော့35ရာခိုင်နှုန်းကမြန်မာပြည်ဘက်အခြမ်းရခိုင်ပြည်နယ်ကိုခိုးဝင်သွားကြတာလား?

  1. Anonymous said... :

    ဧရာဝတီကို အကြိမ်ပေါင်းများစွာ အကြံပေးခဲ့ဖူးပါတယ်
    သတင်းသရုပ်ဖော်ပုံတွေနဲ. ကာတွန်းတွေကို ဘယ်လိုမှ
    ဖတ်လို.အဆင်မပြေပါဘူးလို.

    အခုလဲ အရင်လိုပဲ သတင်းကိုဖတ်ပြီး ဓာတ်ပုံကိုကြည့်လို.မရတာတွေ ကာတွန်းကစာတွေကိုဖတ်လို.မရတာတွေ
    ဖြစ်နေတုန်းပါပဲ

    သတင်းဘလော့ဂ်ကြီးတခု အနေနဲ. အင်မတန်မှ ရှက်ဖို.ကောင်းပါတယ်

  1. Anonymous said... :

    ကျုပ်တို. လူဦးရေ ၇၅% ကနေ ၄၀% ဖြစ်သွားတယ်ဆိုတာ ၃၅% က ပျောက်သွားတာမဟုတ်ဘူး မူလက ၂၅% သာရှိတဲ့ သူတို့ လူမျိုးတွေ ထပ်ရောက်လာပြီး သူ့ လူမျိုး လူဦးရေ ပေါက်ပွားနှုံး မြင့်မား မြန်ဆန်လွန်းလို. ကျန်လူမျိုးစုရဲ့  ရာနှုံး နိမ့်ကျသွားတာ ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved