ဦးဌေးဦးပြောဆိုချက် ဧရာဝတီတိုင်းလွှတ်တော် ကန့်ကွက်

Monday, September 24, 2012


~

သန့်စင်ငြိမ်းချမ်း ~

 
 ကြံ့ခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက  ဒီလ ၉ ရက်နေ့က ဧရာဝတီတိုင်း ညောင်တုန်းမြို့မှာ ကြံ့ခိုင်ရေးပါတီက လွှတ်တော်အမတ်တွေကို ခေါ်ယူတွေ့ဆုံပြီး ဧရာဝတီတိုင်း လွှတ်တော်အမတ်တွေ နဲ့ ဥက္ကဋ္ဌဟာ တော်လွန်း၊ တတ်လွန်းလို့မဟုတ်ဘဲ ပါတီက တာဝန်ပေးလို့ လုပ်ဆောင်နေသူများဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်း လွှတ်တော်နဲ့ပတ်သက်ပြီး ဖိအားပေး ခြိမ်းခြောက်တဲ့ အကြောင်းအရာတွေကိုလည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒီပြောဆိုချက်များနဲ့ ပတ်သက်လို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အဖွဲ့က  ဒီကနေ့ သတင်းစာရှင်းလင်းပွဲတခုလုပ်ပြီး တုံ့ပြန်လိုက်ပါပြီ။

ဦးဋ္ဌေးဦးရဲ့ ပြောဆိုချက်တွေဟာ တိုင်းလွှတ်တော်ရဲ့ ဂုဏ်သိက္ခာ၊ လွှတ်တော် ဥက္ကဋ္ဌရဲ့ ဂုဏ်သိက္ခာ၊ လွှတ်တော်အမတ်များရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတဲ့အတွက် ကန့်ကွက်တယ်၊
 နောက်နောင် အခုလို ပြောဆိုမယ်ဆိုရင် ဦးဌေးဦးကို ဧရာဝတီတိုင်းလွှတ်တော်အနေနဲ့ တရားစွဲဆိုသွားမယ်လို့ တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

 လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့် အပါအ၀င် တိုင်း လွှတ်တော်အမတ်များက  မီဒီယာတွေကို ရှင်းလင်းပြောဆိုခဲ့တာပါ။

ပုသိမ်မြို့ ဧရာဝတီတိုင်း လွှတ်တော်အစည်းအဝေးခန်းမမှာ ၄ နာရီကြာ ပြုလုပ်ခဲ့တဲ့ အဲဒီ မီဒီယာရှင်းလင်းပွဲကို ပြည်တွင်းပြည်ပ သတင်းဌာနကိုယ်စားပြု သတင်းသမားအများအပြား တက်ရောက်ခဲ့ကြပါတယ်။

-

7 comments :

  1. Anonymous said... :

    ဦးဌေးဦးက ဒီမိုကရေစီစနစ်မှာ ဗိုလ်ဌေးဦးဘ၀တုန်းကလို အမိန့်ပေး ချောက်လှန့်လို့ရဦးမယ်လို့ ထင်နေဟန်တူတယ်။
    အင်န်နယ်ဒီ အဖွဲ့ဝင်တွေကို စွမ်းအားရှင်တွေ၊ ကြံ့ဖွတ်တွေကို အသုံးချပြီး နှိပ်ကွပ်ခဲ့တာတွေ သူလုပ်ခဲ့တာလေ သူတိုင်းမှုးဘ၀၊ ၀န်ကြီးဘ၀တွေမှာ။
    ခုမှ သူက သူတော်ကောင်းလိုလိုနဲ့ ဒီမိုကရေစီမျက်နှာဖုံး ကောက်စွပ်ထားတာ။
    စွပ်စွဲတာ မဟုတ်ဘူးနော်။ ဗိုလ်ဌေးဦး ဘယ်လောက်ညစ်ပတ်ခဲ့တယ်ဆိုတာ ဧရာဝတီတိုင်းသားတွေ မမေ့သေးဘူး။

  1. Anonymous said... :

    ဥာဏ်နည်းတဲ့ကောင်တွေများ စကားပြောလိုက်လိုက်ရင် ဟိုလူထိ ဒီလူထိနဲ့ ။ ကိုယ်ကို့ ကိုယ်ပြောတာပါ။ ဘယ်သူ့ ကိုမှ ပြောတာမဟုတ်ပါဘူး။

  1. SAI SAI said... :

    ဦးဌေးဦးနဲ့ဦးအောင်သိန်းလင်းနဲ့အတူတူပါဘဲ။သူတို့(2)ဦး လုံးအရင်ခေတ်ပုံစံတွေအတိုင်းပြောချင်ရာပြော၊လုပ်ချင်တိုင်းလုပ်လို့မရတော့ဘူးဆိုတာမေ့နေတယ်ထင် ပါတယ်။ကိုယ်ပြောခဲ့တဲ့စကားတွေအတွက် ကိုယ့်တာဝန်ကို ယူရပါလိမ့်မယ်။

  1. Unknown said... :

    ပညာမှမတတ်တာ၊ပြောချင်တိုင်းပြောတာပေါ့

  1. thurein said... :

    စကားတစ်ခွန်းဟာ ဘယ်လောက်အဓိပ္ပါယ်သက်ရောက်တယ်ဆိုတာ နားမလည်သေးပါလား။
    သနားစရာ။
    ဥက္ကဋ္ဌကြီးရဲ့စဉ်းစဉ်းစားစား ပြောပါဦး။

  1. Anonymous said... :

    အချင်းချင်း အပြစ်ပြောနေမဲ့အစား ညီညီညွတ်ညွတ်နဲ တိုင်းပြည်တိုးတက်အောင်တာ လုပ်ဆောင်သင့်တယ်။

  1. Anonymous said... :

    အငြင်းပွားမှုတွေကတော့ နေရာတိုင်းမှာရှိတာပဲ .. ဒါပေမယ့် .ဒီအချိန်ဟာ ပါတီစွဲတွေ ပုဂ္ဂိုလ်စွဲတွေထားပြီး အခြေအတင်ဖြစ်မယ်ဆိုရင် တော်တော် အခြေအနေဆိုးပါတယ် .. အငြင်းပွားမှု တွေအတွက် ညှိုနှိုင်းဆောင်ရွက်လို့ရပါတယ် .. ခုလိုပဲ တစ်ယောက်တစ်ပေါက်နဲ့လွှတ်တော်မှာ ဒီလိုတွေဆက်ဖြစ်နေမယ်ဆိုရင်တော့ တိုင်းပြည်အနာဂတ်က ရင်လေးစရာပါပဲ ..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved