အာဇာနည်ကျောင်းသူ ၀င်းမော်ဦး

Wednesday, September 19, 2012


~



အဲမလီ ~

(ဓာတ်ပုံများ - စည်သူ/ဧရာဝတီ)

အာဏာရှင်စနစ် ဆန့်ကျင်ရေး ၊ ဒီမိုကရေစီရေး ၊ လူ့အခွင့်အရေးတို့အတွက် တိုက်ပွဲဝင်ရင်း ၁၉၈၈ ၊ စက်တင်ဘာလ ၁၉ ရက်နေ့မှာကျဆုံးခဲ့တဲ့ အာဇာနည်ကျောင်းသူ ကျောင်းသားများဖြစ်တဲ့ မ၀င်းမော်ဦး ၊ မောင်တင်ထွန်းနဲ့ မောင်သန်းဌေးတို့ရဲ့ ၂၄ နှစ်မြောက် ဂုဏ်ပြု အောက်မေ့ဖွယ် အခမ်းအနားကို ကြည့်မြင်တိုင်၊ အောင်တော်မူ ဆုတောင်းပြည့် ဘုရားငါးဆူမှာ ကျင်းပခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၄နှစ်က တစ်ပါတီအာဏာရှင်စနစ် ဆန့်ကျင်ရေး ၊ ဒီမိုကရေရရှိရေးအတွက် ရှေ့ဆုံးကနေ တိုက်ပွဲဝင်ရင်း လဲကျသွားသည့်တိုင် ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို မလွတ်တမ်း ကိုင်ဆောင်ခဲ့တဲ့ ၆ တန်း ကျောင်းသူ မ၀င်းမော်ဦးဟာ ၁၉ .၉ .၈၈ တနင်္လာနေ့ ဆူးလေဘုရားလမ်းနဲ့ ကုန်သည်လမ်းထောင့် မီးပွိုင့်အနီးမှာသေနတ်ထိမှန်ခဲ့ပါတယ်။

အဲဒီနေ့ ညနေ ၅နာရီ ၃၅မိနစ် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။


သူနဲ့အတူ ကြည့်မြင်တိုင် အ.လ.က (၄)မှ မောင်တင်ထွန်း ၊ မောင်သန်းဌေးတို့ ၃ ဦး တနေ့တည်းမှာ ကျဆုံးခဲ့တာပါ။ ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့ မ၀င်းမော်ဦးဟာ သူမကွယ်လွန်မှီ သူတောင့်တခဲ့တဲ့ ဒီမိုကရေစီမရမချင်းသူ့အတွက် အမျှမဝေဖို့ ဖခင်ဖြစ်သူကို ကတိတောင်းခဲ့ပါတယ်။

သူ့ဆန္ဒအတိုင်းမိသားစုတွေကဒီကနေ့အထိသူ့အတွက် အမျှမဝေခဲ့ပါဘူး။
နောင်လာမယ့် ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြောင်းလဲမှု အခြေအနေကိုကြည့်ပြီးမှ သူ့သမီးအတွက် အမျှဝေသင့် မဝေသင့် စဉ်းစားမယ်လို့ မိခင်ဖြစ်သူ ဒေါ်ခင်ဌေးဝင်းက ပြောပြသွားပါတယ်။

အာဏာရှင်စနစ် ပပျောက်ရေး ၊ ဒီမိုကရေစီရေးတို့အတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့ မ၀င်းမော်ဦး ၊ မောင်တင်ထွန်းနဲ့ မောင်သန်းဌေးတို့ရဲ့ မိသားစုတွေကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပါတယ်။








~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved