မိုးရေစက်များ

Wednesday, September 19, 2012



~




မင်းကိုနိုင် ~

http://4.bp.blogspot.com/-XJPMFxzHRwA/UBL_sGyIXPI/AAAAAAAAN-0/GAr8NnopdHU/s1600/77.jpg


ညီမလေးရေ …
အဲဒီနေ့က
ကောင်းကင်ကြီး မျက်ရည်စို့
မိုးတွေလည်း ညိုလို့

သမီးက အမာခံ မဟုတ်ဘူး
အသေခံတဲ့
မင်းပြောခဲ့တယ်

ညီမလေးရေ …
ချီတက်လာသူတွေကို
မင့် ဈေးဗန်းထဲက
ချချ ကျွေးခဲ့တဲ့
ကြံချောင်းတွေဆို
ခုထိတိုင် ချိုနေတုံး

ညီမလေးရေ …
မင်းလဲကျသွားသည့်တိုင်
မလွတ်တမ်းကိုင်ခဲ့တဲ့
တို့ဖခင်ဓာတ်ပုံ
တို့အားလုံးရဲ့ နှလုံးသားအစုံနဲ့
ခန်းမများအားလုံးမှာ
အပြီးအပိုင်ချိတ်ဆွဲလိုက်နိုင်တာ
မင်းပေးခဲ့တဲ့ စံနမူနာ

ညီမလေးရေ …
မိုးတွေညိုတဲ့
ဒီလိုနေ့တိုင်းမှာ
မင်းနဲ့အတူ
စွန့်ခဲ့သူအပေါင်းအတွက်
မျက်ရည်ပန်းခွေ
လမ်းတွေပေါ်ပြည့်လို့
ညီမလေးရေ …။ ။

၁၉၊ ၉၊ ၂၀၁၂




-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved