ANA လေကြောင်းလိုင်း တိုကျို- ရန်ကုန် တိုက်ရိုက်ပြေးဆွဲ

Tuesday, October 16, 2012


 ANA Boeing 737 လေယာဉ်တစီး၊ ဓာတ်ပုံ- Airlinersgallery.com

ဂျပန်နိုင်ငံ တိုကျိုမှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ All Nippon Airling - ANA လေကြောင်းလိုင်းဟာ ယမန်နေ့ အောက်တိုဘာလ ၁၅ ရက်နေ့ ညနေမှ စတင်ကာ တိုက်ရိုက်ပြေးဆွဲမှု စတင်ခဲ့ပါတယ်။ 

ပျံသန်းချိန် ၆ နာရီကျော် ကြာမြင့်တဲ့ တိုကျို- ရန်ကုန် လေကြောင်း ခရီးစဉ်အတွက် တပတ်မှာ တနင်္လာ၊ ဗုဒ္ဓဟူး၊ စနေ ၃ ရက်မှာ အသွားအပြန် တကြောင်းစီကို ဘိုရင်း ၇၃၇ ဂျက်လေယာဉ်တွေနဲ့ ပျံသန်းဖို့ ရှိပါတယ်။ 


 ၁၉၉၆ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အထိတော့ ဂျပန်နိုင်ငံ အိုဆာကာ- ရန်ကုန်မြို့တို့ကို တိုက်ရိုက်ပြေးဆွဲခဲ့ ဖူးပြီး အခုခရီးစဉ်ကိုတော့ ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်က စတင်ပြောဆိုဆွေးနွေးမှု လုပ်ခဲ့တာလို့ သိရပါတယ်။ 

မနေ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာတော့ တိုကျိုကနေ ရန်ကုန်ကို ထွက်ခွာလာတဲ့ ခရီးစဉ်ကို အခမ်းအနားနဲ့ စတင် ဖွင့်လှစ်လိုက်တယ်လို့ နိုင်ငံပိုင် သတင်းစာကလည်း ဆိုပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved