လက်ကျန် မာဇဒါ ကားအိုတွေလည်း ဘ၀ပြောင်းတော့မယ်

Tuesday, October 16, 2012




                                                ၁၉၇၉ မော်ဒယ် မာဇဒါ ၃၂၃ ကားတစီး

မာဇဒါ မော်ဒယ်အဟောင်းကားတွေလည်း ကားသင်္ချိုင်း ရောက်ပါတော့မယ်။ လက်ကျန် မာဇဒါ အုပ်စု ယာဉ်အိုယာဉ်ဟောင်းတွေကို ဒီကနေ့ က စတင်ပြီး ဖျက်သိမ်း အပ်နှံတာကို စတင်လုပ်ဆောင်သွား ပါ တော့မယ်လို့ နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြလာပါတယ်။

နှစ် ၄၀ ကျော် သက်တမ်း ရှိနေပြီဖြစ်တဲ့ မာဇဒါ ကားတွေကို ဖျက်သိမ်းဖို့ အပ်နှံခဲ့ပါတယ်။
မာဇဒါ အမျိုးအစား စ၊ ဆ၊ ဇ အက္ခရာယာဉ်တွေက ပထမအဆင့်၊ ဈ၊ ည အက္ခရာ ယာဉ်တွေက ဒုတိယ အဆင့်နဲ့ ဏ၊ နဲ့ ဗ အက္ခရာ ယာဉ်တွေက တတိယ အဆင့်အနေနဲ့ ယာဉ်ပိုင်ရှင်တွေရဲ့ ဆန္ဒနဲ့ ဖျက်သိမ်း အပ်နှံခဲ့ပြီးပါ ပြီတဲ့။ 



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved