ရဲဘော်သုံးကျိပ်ဝင်ဗိုလ်လက်ျာအကြောင်း စာအုပ်ထွက်ပြီ

Friday, October 12, 2012

~





 ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာအကြောင်း သမီးဖြစ်သူ  ဒေါက်တာခင်လက်ျာ ရေးသားပြုစုထားတဲ့စာအုပ် ထွက်နေပါပြီလို့ သတင်းစာကြော်ငြာတခုမှာ တွေ့ရပါတယ်။

စာအုပ်အမည်က  ဖေဖေဗိုလ်လက်ျာ။
 ဒီစာအုပ်အကြောင်းကို myanmaronlinesales.com မှာလည်း အခုလို မိတ်ဆက်ထားတာ တွေ့ရမှာပါ။

 ရဲဘော်သုံးကျိပ်ဝင် တစ်ဦးဖြစ်သူ၊ နာမည်ကျော် “လက်ျာ - ဖရီးမင်း စာချုပ်”ကို ချုပ်ဆိုခဲ့သူ၊ လွတ်လပ်ရေးရပြီးနောက် ဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး
တာဝန်များကို ထမ်းဆောင်ခဲ့သူ၊
ဗိုလ်ချုပ်နေ၀င်း ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးနောက် ဖမ်းဆီး အကျဉ်းချ နှိပ်စက် ညှင်းပန်းခြင်း ခံရပြီး နောက်ဆုံးတွင် ဦးနုနှင့်အတူပေါင်းကာ ယိုးဒယား - မြန်မာ နယ်စပ်၌ လက်နက်ကိုင်တော်လှန်ခဲ့သူ၊
တောတွင်း၌ ကရင်များ၏ တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရသူ ဗိုလ်လက်ျာ၏ အတ္ထုပ္ပတ္တိကို သမီးကြီးဖြစ်သူ ခင်လက်ျာက အချက်အလက်ပြည့်ပြည့်စုံစုံဖြင့် မှတ်တမ်းတင် ပြုစုထားခြင်းဖြစ်သည်။

သမီးဖြစ်သူ ဒေါက်တာခင်လက်ျာသည် ဤစာအုပ်ကို မည်သို့ ပြုစုခဲ့ရသည်၊ အချိန်မည်မျှ ပေးခဲ့ရသည်၊ အချက်အလက်များ ဘယ်က ရရှိခဲ့သည်၊
ရေးသားစဉ်တွင် တွေ့ကြုံခဲ့ရသည့် အခက်အခဲများ၊ ဖခင်ဖြစ်သူ၏ လုပ်ဖော်ကိုင်ဖက်များနှင့် မိခင်ဖြစ်သူထံမှ မည်သည့်အကူအညီများ ရရှိခဲ့သည်
အစရှိသည်တို့ကို အမှာစာတွင် ရေးသားဖော်ပြထားရာ ၄င်းကို ဖော်ပြလိုက်ပါသည်။
ဖေဖေဗိုလ်လက်ျာ 
 စာအုပ်အမှာစာ၊ မာတိကာ

 
 အမှာစာမှာ ဖော်ပြထားချက်အရ ဆိုရင် ဒီစာအုပ်အတွက် နှစ်ပေါင်း ၂၀ ကြာ အချက်အလက်စု သုတေသနပြုခဲ့ရတယ်လို့ သိရပါတယ်။  ရှည်ရှည်လျားလျား ရေးထားတဲ့ အမှာစာကိုဖတ်ရင် ပြီးခဲ့တဲ့ နှစ်ပေါင်း သုံးလေးဆယ်အတွင်း မြန်မာပြည်အခြေအနေ တစိတ်တဒေသကို ကွက်ကွက်ကွင်းကွင့်း မြင်ရမှာပါ။

ဒေါက်တာခင်လက်ျာက ဖေဖေ့စိတ်ကူးပန်းချီကားများ ဆိုတဲ့ စာအုပ်ကိုလည်း အင်္ဂလိပ် မြန်မာ နှစ်ဘာသာနဲ့ ရေးသားခဲ့ပါတယ်။

ဖေဖေ့စိတ်ကူးပန်းချီကားများ
မာတိကာ

http://1.bp.blogspot.com/-Ws9-OQmUBDQ/UHeZYiZ5GnI/AAAAAAAAQoQ/hSkfcdJ4l4o/s1600/009oe+mpf+88+book+2.jpg







-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved