ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော နာရေး သတင်း နိုင်ငံပိုင် သတင်းစဉ်မှာ ဖော်ပြ

Friday, October 12, 2012




ရဲဘော် သုံးကျိတ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော်၏ နာရေး သတင်းကို ဒီကနေ့ အောက်တိုဘာလ ၁၂ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများမှာ သတင်းစဉ်အဖြစ် ဖော်ပြပါရှိလာမှုဟာ ထူးခြားမှု တခုပါ။


အခုလို နိုင်ငံပိုင် သတင်းစာက သတင်းစဉ်မှာ ဖော်ပြမှုဟာ နိုင်ငံတော် သတင်းတခုအနေဖြင့် ဖော်ပြ အသိအမှတ်ပြုလိုက်တာဖြစ်ပြိး သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကလည်း ကျန်ရစ်သူ မိသားစုကို ၀မ်းနည်းခြင်း သ၀ဏ်လွှာ ပေးပို့ခဲ့ပါသေးတယ်။ 

ကွယ်လွန်သူ ဗိုလ်မှူုးချု့ပ်ဟောင်း ကျော်ဖောရဲ့ ရက်လည်ဆွမ်းကျွေးပွဲကို ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် က နေအိမ်မှာလည်း လုပ်ဖို့ နီးစပ်ရာ ဆွေးမျိုး မိတ်သင်္ဂဟများက စီစဉ်နေကြပါပြီ။ 


မကြာသေးခင်ကလည်း ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ အတ္ထုပ္ပတ္တိ စာအုပ်ကို ရန်ကုန်မြို့မှာ ထုတ်ဝေခွင့် ရခဲ့ပါတယ်။ 

ဆက်စပ်ဖတ်ရန်

ယခု NLD ပါတီရဲ့ ခေါင်းဆောင်တဦးလည်းဖြစ်၊ တချိန်က ကာကွယ်ရေး ဦးစီးချုပ်လည်းဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးက "ဗိုလ်ကျော်ဇော အမှတ်တရ" ဆိုတဲ့ ဆောင်းပါးမှာ သူ့အကြောင်း ပြော ထားတာတွေက စိတ်ဝင်စားစရာ အလွန်ကောင်းပါတယ်။ 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved