နိုင်/ကျဉ်းနေ့ သတ်မှတ်ရေး မတူတဲ့ အမြင်

Sunday, October 14, 2012



သက်ဝင်းအောင်ကို ချစ်ပါသည်။ ကိုယ်တိုင်လည်း အခြေခံပညာကျောင်းသား ဘ၀နှင့် ထောင်ထဲ ၀င်ခဲ့ရသူ ချင်းမို့ ပိုလေးစားသနားမိပါသည်။ 

ကိုပြုံးချို ကိုတော့ ရိုးသားလွန်းလို့  လူချင်းလည်း ခင်မင်ကြပါသည်။ သို့ပေမယ့် သမိုင်းကြောင်း သေသည် အထိ ကောင်းလာသောသက်ဝင်းအောင်ကို သေပြီးကာမှ သူများ အပြစ်တင်စရာဖြစ်မည့် အခြေအနေများ ကိုသုံးသပ်ကြစေချင်ပါသည်။ 

နိုင်ငံရေးအကျဉ်းသားများနေ့ ကို ရခိုင်အမျိုးသားများက ဦးဥတ္တမ နေ့ ကို တင်သွင်းဖူးပါသည်။
ထောင်တွင်းအာဏာပိုင် ကြိုးမိန့် ပေး သတ် ခံခဲ့ရသည့် ဆလိုင်း တင်မောင်ဦးကြိုးပေးခံရသည့် 
နေ့ကို ပြည်တွင်းရောပြည်ပ မှာ အကြိမ်ကြိမ် တင်ဖူးကြပါသည်။ 

သာယာဝတီထာင်တွင်း အစာငတ်ခံရင်းသေဆုံးသွားသည့် ကိုဂါမဏိ၏ ညီရင်း ကိုအောင်ကျော်မိုး 
သေဆုံး သည့်နေ့ကိုလည်း တင်သွင်းကြဖူးပါသည်။ 

တဖွဲ့ တစု တစ်စုံတဦးကတော့ သက်ဝင်းအောင် ကို အသုံးချသလိုမျိုးဖြစ်မှာစိုးမိပါသည်။ သူ့ သမိုင်းကြောင်းလေး ဖြူစင်ခဲ့ကောင်းမွန် ခဲ့တာသတိပြုကြပါ ။

အထူးသဖြင့် စလိုင်းတင်မောင်ဦး ကို သတိပြုကြစေချင်ပါသည်။ ကျမ အနေနှင့် နိုင်ငံရေး အကျဉ်း သူ 
ဟောင်း တစ်ယောက်အနေနှင့် သက်ဝင်းအောင် အပေါ် ငြင်းစရာမရှိပါ ။ 

သို့သော် ကြိုးပေး အသတ်ခံ ရသည့် ဆလိုင်းတင်မောင်ဦး ကြိုးပေးခံရသည့်နေ့ ကို တင်သွင်းခဲ့ကြသည် ကို ကျော်ဖြတ် ရန်မှာ မသင့် များမသင့်ဘူးလားလို့ ....။ 


အိရွှေစင် --

နိုင်ငံရေးအကျဉ်းသူဟောင်း

1 comments :

  1. အောင်ကြူး said... :

    ဘုံသဘောတူချက် မရနိုင်ဘူးဆိုရင်တော့ သမိုင်းမှာ ဖြစ်လေ့ရှိတာ အဲဒီအငြင်းပွားဖွယ် ပုဂ္ဂိုလ်ရေးဆန်တဲ့နေ့ရက်မျာအစား နိုင်ငံရေး အဓိပ္ပါယ် ရှိတဲ့နေ့ရက်တခုခုကို ရွေးချယ်ကြပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved