~
သန်းထိုက်ဦး ~
ဒေသခံများက သတင်းပေးလို့ ရနောင်းမြို့ကနေ ကော့သောင်းမြို့ဘက်ကို စက်လှေ ၂ စင်းနဲ့ ကားတွေ သယ်နေချိန်မှာ သွားရောက်ဖမ်းခဲ့တယ် လို့ ဆိုတယ်။
သက်သေခံ ကား ၂ စီး၊ ထိုင်းနိုင်ငံသား ၃ ဦး၊ မြန်မာ နိုင်ငံသား ၄ ဦးတို့ကို ဖမ်းမိထားတယ်လို့ မန်နေဂျာ အွန်လိုင်း အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဥပဒေအရ အရေးယူမယ်၊ ဒီအဖွဲ့ကို ဦးဆောင်သူတွေက ထိုင်းနိုင်ငံသားများ ဖြစ်တယ်လို့ ထိုင်း အာဏာပိုင်များက ဆိုတယ်။
“မကြာသေးခင်က ကြားသိရတဲ့ သတင်းတွေအရ ကော့သောင်းမြို့နယ်မှာ ကားလိုင်စင် အသစ်တွေ လုပ်ပေးနေချိန်မှာ ဒီလိုလုပ်ပြီး ရောက်ရှိသွားတဲ့ ကားတွေ အများကြီး ရှိနေပြီ” ဆိုပြီး ဟု ထိုင်းအရာရှိက ပြောကြောင်း မန်နေဂျာ အွန်လိုင်း http://manager.co.th/Local/ViewNews.aspx?NewsID=9550000132112 မှာ ရေးထားပါတယ်။
-
0 comments :
Post a Comment