နန်းခင်ဇေယျာ အနိုင်ရဖို့ မဲပေးစရာ လိုသလား

Friday, October 5, 2012

ဓာတ်ပုံ - MI 2012
ဒီနှစ်နိုင်ငံတကာမယ်ပြိုင်ပွဲဝင်တဲ့ နန်းခင်ဇေယျာ အနိုင်ရဖို့ အွန်လိုင်းမှာ မဲပေးကြပါလို့ တချို့က တိုက်တွန်းနေကြပါတယ်။

 အွန်လိုင်းတနေရာမှာ တွေ့ရတဲ့ စစ်တမ်းလိုလို ဘာလိုလိုအရ ဆိုရင် အတက်ကြွဆုံးက မြန်မာတွေဖြစ်နေပါတယ်။ ဒါမှမဟုတ်  တခြားနိုင်ငံသားများကလည်း နန်းခင်ဇေယျာကို ကလစ် လုပ်ကြပုံပါပဲ။

မဲပေးလို့ အသာရစတမ်းဆိုရင် တရုတ်ပြည်က၀င်ပြိုင်သူ အတော် အခြေအနေ ကောင်းမှာပါ။ အွန်လိုင်းမှာ တရုတ်ပြည်လူတွေ အရေအတွက် ပိုများတယ်မဟုတ်လား။
poll စာမျက်နှာက သူတို့ဆီကို စာဖတ်သူ များများလာအောင် မဲပေးတဲ့အစီအစဉ် လုပ်ထားတာပါ။ ပြိုင်ပွဲကျင်းပရေးကော်မတီနဲ့ မဆိုင်ပါဘူး။

ပြိုင်ပွဲဝင်သူတွေကို အမှတ်ပေးရာမှာလည်း လှပကျော့ရှင်းမှုတခုတည်းကို ကြည့်တာမဟုတ်ဘဲ သူတို့ရဲ့ နှံ့စပ်သိမြင်မှု၊ ပြောပုံဆိုပုံများကိုလည်း အမှတ်ပေးပါတယ်။ 

ဘာပဲပြောပြော poll စာမျက်နှာသွားပြီး ၀င်ပြိုင်တဲ့ တောင်ကြီးသူကို ၀ိုင်းဝန်း အားပေး မဲထည့်ကြတာတော့ အားရစရာပါပဲ။ သူ့ကို အားပေးသူ အများအပြား ရှိတယ်ဆိုတာ သိရတာ အမြတ်ထွက်တယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲမှာ ပေးမယ့် ဆုအသေးတွေထဲမှာ Miss Internet ဆု ဆိုတာလည်း  ပါဝင်တယ်၊ အဲဒါအတွက် အွန်လိုင်းကနေ မဲပေးနိုင်တယ်လို့ ဆိုသူများလည်း ရှိပါတယ်။ အခုထိတော့ ပြိုင်ပွဲကော်မတီရဲ့ဝက်ဆိုက်မှာ မဲပေးရမယ့်နေရာ ရှာမတွေ့သေးပါ။ တွေ့တာနဲ့ ဒီပို့စ်မှာ ဖြည့်စွက်ဖော်ပြပေးပါ့မယ်။


ဆက်စပ် - မြန်မာပြည်ကလည်း နိုင်ငံတကာမယ်ရွေးပွဲ ၀င်ပြိုင်နေပြီ

 











-

8 comments :

  1. Unknown said... :

    သိသားပဲ တောင်ပေါ်မြေပြန့်မခွဲဘူးဆိုတဲ့စိတ်နဲ့ မြန်မာတွေဘယ်လောက်ညီတယ်ဆိုတာပြကြတာပါ .... သူများကိုဆဲတာမဟုတ်တာ ... အနိုင်ရရ မရရ ဒီ website ကိုဝင်တဲ့သူတိုင်း မြန်မာကိုတွေ့ရင် မျက်ခုံးနည်းနည်းလေး ပင့်သွားရင်ကို ကျေနပ်ပြီ ... နိုင်ဖို့တော့မဟုတ်ဘူး ...ဒါပေမယ့် မဲပေးစရာ လိုတယ်ဗျာ ... ဒီဘလော့ရေးတဲ့သူကိုယ်တိုင်သွားပြိုင်ရင်လည်း မဲပေးမှာပဲ ... ကဲ ကျေနပ်လား

  1. စောင့်ကြည့်သူ said... :

    ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ Vote လုပ်ခဲ့ပါတယ်..။
    ဘာဘဲဖြစ်ဖြစ်ခုလိုရှင်းပြပေးတာကိုလည်းကျေးဇူးတင်ပါတယ်..။ ဒါနဲ့ပတ်သက်လို့ ဆက်လက်ဖော်ပြပေးစေလိုပါတယ်...။

  1. Red Ni Ni said... :

့ကိုယ်တို့ကတော့မြန်မာဆိုတာနဲ့၊လာထား။လူမျိုးမခွဲတသားထဲဘဲ။အားပေးလိုက်တာပေါ့။အခုလဲနန်းခင်ဇေယျာရေ၇းဆုတောင်းအားပေးနေတယ်။ဘာဘဲပြောပြောသူ့ရဲ့သတ်တိနဲ့
    စိတ်ဓါတ်အတွက်ခွန်အားတွေရစေချင်တယ်။ကြိုးစား။

  1. Unknown said... :

    အရမ်းဝမ်းသာပါတယ်....ဒို့မြန်မာအဲလိုဝင်ပြိုင်လိုက်တာကအရမ်းကိုဂုဏ်ယူပါတယ်.....အရမ်းလဲလေးစားပါတယ်ဗျာ....

  1. Unknown said... :

    I very glad nang khin zayar.....

  1. ရတာမရတာအရေးမကြိးပါဘူး အခုလိုဝင်ပြိုင်နိုင်တာကိုပဲဂုဏ်ယူပါတယ် ကြိုးစားပေါ့

  1. Unknown said... :

    ဝင်ပြိုင်တယ်ဆိုတာကိုပဲဂုဏ်ယူစရာလို့မြင်မိပါတယ် ဆုရရ မရရအခုလိုပြိုင်တော့ကောင်းတာပေါ့ အနိုင်ရမယ်ဆိုပိုပြီးကောင်းတာပေါ့ မြန်မာနိုင်ငံအနေနဲ့လည်းဂုဏ်ယူစရာပဲလေ အားလုံးကလဲဝမ်းသာနေမှာ ကျနော်လည်းနန်းခင်ဇေယျာကိုပဲရစေချင်တာလေ ဘာလို့လဲဆိုတော့ကျနော်လဲမြန်မာလူမျိုးဖြစ်လို့ နန်းခင်ဇေယျာအတွက်ဂုဏ်ယူချင်လို့ပါပြိုင်ပွဲမှာအနိုင်ရပါစေလို့ဆုတောင်းလိုက်ပါတယ်

  1. Anonymous said... :

    ဂုဏ်ယူပါတယ် မနန်းခင်ဇေယျာရယ် နိုင်ပါစေလို့လည်းဆုတောင်းပါတယ် ဒါမှကနော်တို့နိုင်ငံမျက်နှာပွင့်တော့မှာ ကြိုးစားပေးပါနော်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved