၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်း၌ ကျပ်ငွေ ၄၀ ဘီလီယံ ဘတ်ဂျတ်လိုငွေပြခဲ့

Tuesday, October 9, 2012




သန့်စင်ငြိမ်းချမ်း~

 ပြီးခဲ့သည့် ၂၀၁၁ - ၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး၌ ကျပ်ငွေ ၄၀ ဘီလီယံ (ကျပ်သန်းပေါင်း ၄၀,၈၀၈. ၅၄၁) ဘတ်ဂျတ်လိုငွေပြခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဦးဝင်းကိုကိုက ဧရာဝတီကို ပြောသည်။ 

 ယမန်နှစ်က အစိုးရအဖွဲ့၏ တနှစ်တာ သုံးငွေမှာ ကျပ် ၈၇ ဘီလီယံကျော်ရှိပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့က ရှာဖွေနိုင်သည့် ဘဏ္ဍာငွေမှာ ၄၇ ဘီလီယံသာရှိသည့်အတွက် ၄၀ ဘီလီယံ လိုငွေပြခဲ့သည်။ တိုင်းဒေသကြီး ဖွံ့ဖြိုးရေးနှင့် ၀န်ထမ်းများလစာပေးခြင်းတို့တွင် အသုံးပြုခဲ့ရသည့်အတွက် လိုငွေပြခဲ့ခြင်းဖြစ် ပြီး ယင်းငွေများအား ပြည်ထောင်စုအစိုးရက ဖြည့်ဆည်းပေးကြောင်း ၀န်ကြီး ဦးဝင်းကိုကိုက ပြောသည်။

 ယခုနှစ် ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီး၏ ဘတ်ဂျတ်ကို အစိုးရအဖွဲ့က 
တိုင်းလွှတ်တော် သို့တင်ပြထားပြီး အောက်တိုဘာ ၈ ရက်နေ့တွင်ကျင်းပမည့် လွှတ်တော် အစည်းအဝေး တွင် လွှတ်တော်၌ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ 


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved