မဟာလျှော့ဈေးပွဲ အလုပ်ဖြစ်ခဲ့သည့် လူကြီးမင်း၏ တောင်ကြီးဆိုင်ခွဲ

Sunday, November 4, 2012


~ 


 
ဂျွန်ချစ်ငြိမ်း (တောင်ကြီး)
~

တောင်ကြီး လူကြီးမင်းရှေ့ မြင်ကွင်း / ဓာတ်ပုံများ - ဂျွန်ချစ်ငြိမ်း (တောင်ကြီး)
ယမန်နေ့က  လူကြီးမင်းတယ်လီဖုန်းဆိုင်အသီးသီးတွင် မဟာလျှော့ဈေးပွဲတော်ကျင်းပရာ ရန်ကုန်ရှိ ဆိုင်ခွဲများတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ပွဲပျက်သွားကြသော်လည်း  တောင်ကြီးမြို့အရောင်းဆိုင်ခွဲတွင်မူ စီစဉ်ထားသည့်အတိုင်း ကျင်းပနိုင်ခဲ့သည်။

နံနက် ၈း၀၀ နာရီအချိန်ခန့်က တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ လူကြီးမင်း ဖုန်း အရောင်းဆိုင်တွင် ဂလက်စီ မီနီတစ်လုံး ကျပ် (၅,၀၀၀) ဖြင့် ၀ယ်ယူခွင့် ကံစမ်းမဲ လက်မှတ် လိုချင်သူ မြို့ခံများနှင့် ပြည့်ကျပ်လျက်ရှိသည်။

လမ်းများပိတ်သည်အထိလူဦးရေ များပြားလာသည့်အတွက် ယာဉ်ထိန်းရဲများ၏ အကူအညီ ဖြင့် လမ်းရှင်းပေးခဲ့ရသည်။

တောင်ကြီးဆိုင်ခွဲတွင် တလုံး ကျပ် ၅,၀၀၀ဖြင့် ဂလက်စီမီနီ ဖုန်း ၁၀ လုံး ရောင်းချမည့် အစီအစဉ်အတွက် ဒေသခံ အများအပြား သွားရောက်စောင့်ဆိုင်း ခဲ့ကြရာ

 
     တစစဖြင့် လူများပြားလာသဖြင့် ဆိုင်တံခါးပိတ်လိုက်ရသည်။ အပေါ်ထပ်ပြတင်း ပေါက်မှနေပြီး လူကြီးမင်းဆိုင်ဝန်ထမ်းများက ပေါက်မဲနံပတ်များ ကြေညာပေးခဲ့ရသည်။

 ရဲတပ်သားများက လုံခြုံရေးအတွက် စောင့်ဆိုင်းပေးခဲ့ရသည်။

မဲပေါက်သူတို့က နေ့ခင်း ၁၂ နာရီတွင် နိုင်ငံသားစိစစ်ရေးကတ် နှင့် ကျပ် ၅,၀၀၀ ကိုင်ဆောင်ပြီး ဖုန်းဝယ်ယူကြသည်။

 
ရန်ကုန်မြို့ ဆိုင်ခွဲများ ရုန်းရင်းဆန်ခတ်ဖြစ်မှု အခြေအနေ နှင့်  မဟာလျှော့ဈေးပွဲတော် အဆုံးသတ်သွားပုံကို လူကြီးမင်းဆိုင်က အောက်ပါအတိုင်း ကြေညာချက် ထုတ်ထားသည်။
 

ကျွန်တော်တို့ Promotion က မနက် ၈း၃၀ ကနေ ၉း၀၀ ထိကို တုံကင်များဝေမှာဖြစ်ပြီး(3.11.2012) ၉း၀၀ ကနေစပြီး ထိုတုံကင်များကိုပြန်လည် မဲဖေါက်ပေးမှာဖြစ်ပါတယ်
သို့ပေမယ့်လည်း အချို့သော Customer များမှာ မနက် (၄) နာရီ (၅) နာရီလောက်ကတည်းကအားကြိုးမန်တက် လာရောက်စောင့်ဆိုင်းနေသူတွေရှိပါတယ်။

မနက် 73း0 လောက်မှာတော့ လူတွေအရမ်းများသွားပါတယ်
ကျွန်တော်တို့ တန်းစီဖို့အတွက်ကိုပြောပါတယ် ဘယ်လိုမှပြောလို့မရတော့ပါဘူး တုံကင်ဝေပေးဖို့အတွက်ပဲ ပြောနေကြပါတယ်

၇း၄၅ လောက်မှာတော့ ကျွန်တော်တို့ဝန်ထမ်းတွေ အပြင်ထွက်ပြီး တုံကင်များကိုဝေပါတယ် ဒါပေမယ့် ဘယ်လိုမှဝေလို့မရပါဘူး
အတင်းလိုက်လုတဲ့အတွက် ကျွန်တော်ကိုယ်တိုင် ပိမိသွားပါတယ်။အဲဒါကြောင့် ကျွန်တော် တုံကင်များကို ကျဲချလိုက်ရပါတယ်။

ထိုသို့ကျဲချလိုက်ရတဲ့အတွက် နားလည်ပေးပါရန်။

မနက် ၈း၃၀ လောက်မှာ လူအုပ်ကအရမ်းများလာပြီး အရမ်းတိုးတဲ့အတွက် ဆိုင်တံခါးတွေကျွံကျလာတဲ့အတွက် အထဲကနေ တံခါးတွေကို မနည်းထိန်းထားရပါတယ်။ထို့အပြင် တချို့မှာ ခဲများနှင့်ထုတဲ့အတွက်
ပြုတင်းပေါက်မှန်နှင့် ဆိုင်းဘုတ်များ ပျက်စီးခဲ့ပါတယ်။ထို့ကြောင့် တုံကင်ကိုဆက်ဝေဖို့မဖြစ်နိုင်တော့တဲ့အတွက် ရပ်ပြစ်လိုက်ရတာပါ။

ထိုသို့ ရပ်ပြစ်လိုက်ရသောကြောင့် ကျွန်တော်တို့ မန်နေဂျာမှတောင်းပန်စကားကို ပြောသာအချိန်မှာလည်း ခဲများနှင့်ပေါက်သောကြောင့် အဆုံးထိအောင်မပြောနိုင်ပဲ အထဲပြန်ဝင်ခဲ့ရပါတယ်။

ကျွန်တော်တို့လူကြီးမင်းမှအမှန်ကန်ကိုမဲဖေါက်ပေးမှာပါ အခြေအနေအကြောင်းကြောင်းကြောင့်ပွဲပျက်သွားတဲ့အတွက် ကျွန်တော်တို့ လူကြီးမင်းမှ Coustomer များကိုအနူးအညွတ်ပင်တောင်းပန်အပ်ပါတယ်..


 






-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved